Sunday, May 3, 2026

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့်...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက်...

မုံရွာမြို့ ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊...
HomeNewsLocal Newsကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။

တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ရန် ကျွမ်းကျင်မှုရှိသည့် ဆရာဝန်ကြီးများလိုအပ်သဖြင့် ကျိုင်းတုံမြို့ဆေးရုံကြီးအား အဆင့်မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

ထို့အတူ ကျိုင်းတုံ-လွယ်မွေ ဆက်သွယ်ရေး လမ်းကြောင်းကို အဆင့်မြှင့်တင်ပြုပြင်မှုများပြုလုပ်ပေးခဲ့ရာ သွားလာမှုအဆင်ပြေ၍ လွယ်မွေဆေးရုံ၌ တက်ရောက်ကုသသူဦးရေနည်းပါးမှု၊ ဆရာဝန်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှုတို့အရ လွယ်မွေဆေးရုံအားအဆင့်မြှင့်တင်ရန် ပြန်လည်သုံးသပ်ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် မဖြစ်မနေလိုအပ်ကာ ကျိုင်းတုံဒေသ၌ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မည့် အခြေအနေကောင်းများကိုပိုင်ဆိုင်ထားရှိပြီးဖြစ်၍ ကိုယ်ပိုင်လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်မှလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ချီးကျူးဂုဏ်ပြုသည့် မိန့်ခွန်းပြောကြားသွားမည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တာကာအိချီ၏ ပထမဆုံးဗီယက်နမ်ခရီးစဉ်သည် စွမ်းအင်လုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်၏ ပြန်လည်ရုန်းထနိုင်စွမ်းနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတို့တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း ဗီယက်နမ်အစိုးရပိုင်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ သူသည် စနေနေ့တွင် ဝန်ကြီးချုပ် လီမင်ဟွန်းအပြင် ပြီးခဲ့သည့်လကပင် သမ္မတအဖြစ်လည်းတင်မြှောက်ခံခဲ့ရသော ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဂျပန်သည် ဗီယက်နမ်၏...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့် တောင်သူလယ်သမားစျေးဖွင့်လှစ်ရောင်းချ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက် မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းဆိုင်ခန်း (၃၀) ကျော်ဖြင့် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချခဲ့မှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တောင်သူလယ်သမားစျေးကို လစဉ်ပထမပတ်၏ စနေနေ့တွင်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ နောင်လာမည့်အပတ်တွင်လည်း ဈေးဆိုင်ခန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071