Thursday, August 14, 2025

အင်းလေးကန် ရေမြင့်တက်လာသည့် အခြေအနေ စောင့်ကြည့်နေရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများ‌နေသည့်အတွက် အင်းလေးကန်အတွင်းသို့...

မြဝတီမြို့တွင် စက်သုံးဆီ ပြတ်လပ်‌လာကာ စက်သုံးဆီဆိုင်အချို့...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် စက်သုံးဆီဆိုင်အချို့ပိတ်ထားရပြီး ဆီလက်ကျန်ရှိသည့် ဆိုင်များတွင်သာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ မြို့တွင်းဆိုင်အချို့မှာ ယမန်နေ့ ညနေပိုင်းအချိန်ခန့်မှစတင်၍ ပိတ်ထားရခြင်းဖြစ်ပြီး...

ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်းနှင့် ဦးကုလား မဟာရာဇဝင်ကြီးစာအုပ်များလှူဒါန်း

ဒေလီက္ကသိုလ်၌တက်ရောက်နေသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ(မိသားစု)မှ ပဋိကသုံးပုံပါဠိတော်(မြန်မာ၊ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်း၊ ဦးကုလား...

မြောက်ဒဂုံရှိ “ရွှေစင်” အကယ်ဒမီ ရွှေဆိုင်...

မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားမြတို-က်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်ကအမည်မသိလူတစ်စုသည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်နှင့်...
HomeNewsLocal Newsကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။

တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ရန် ကျွမ်းကျင်မှုရှိသည့် ဆရာဝန်ကြီးများလိုအပ်သဖြင့် ကျိုင်းတုံမြို့ဆေးရုံကြီးအား အဆင့်မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

ထို့အတူ ကျိုင်းတုံ-လွယ်မွေ ဆက်သွယ်ရေး လမ်းကြောင်းကို အဆင့်မြှင့်တင်ပြုပြင်မှုများပြုလုပ်ပေးခဲ့ရာ သွားလာမှုအဆင်ပြေ၍ လွယ်မွေဆေးရုံ၌ တက်ရောက်ကုသသူဦးရေနည်းပါးမှု၊ ဆရာဝန်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှုတို့အရ လွယ်မွေဆေးရုံအားအဆင့်မြှင့်တင်ရန် ပြန်လည်သုံးသပ်ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် မဖြစ်မနေလိုအပ်ကာ ကျိုင်းတုံဒေသ၌ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မည့် အခြေအနေကောင်းများကိုပိုင်ဆိုင်ထားရှိပြီးဖြစ်၍ ကိုယ်ပိုင်လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်မှလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းလေးကန် ရေမြင့်တက်လာသည့် အခြေအနေ စောင့်ကြည့်နေရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများ‌နေသည့်အတွက် အင်းလေးကန်အတွင်းသို့ ရေဝင်ရောက်မှုများက ကန်ရေပြင် အနည်းငယ်မြင့်တက်လာသော်လည်း လက်ရှိတွင်စိုးရိမ်ရသည့်အခြေအနေတွင်မရှိသေးကြောင်း ၎င်းက ဆိုသည်။ "ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ရေကတော့ နည်းနည်းမြင့်တက်လာတယ်။ စိုးရိမ်စရာတော့ မရှိသေးပါဘူး" ဟု ၎င်းက ဆိုသည်။ Global Flood Awareness System နှင့် Global Flood Minitoring System က အင်းလေး‌ဒေသ ၊ ရွှေညောင်နှင့်...

မြဝတီမြို့တွင် စက်သုံးဆီ ပြတ်လပ်‌လာကာ စက်သုံးဆီဆိုင်အချို့ ယာယီပိတ်ထားရ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် စက်သုံးဆီဆိုင်အချို့ပိတ်ထားရပြီး ဆီလက်ကျန်ရှိသည့် ဆိုင်များတွင်သာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ မြို့တွင်းဆိုင်အချို့မှာ ယမန်နေ့ ညနေပိုင်းအချိန်ခန့်မှစတင်၍ ပိတ်ထားရခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ (၁၄)ရက် နံနက်ပိုင်းတွင် ဒေသခံများအနေဖြင့် ရောင်းချပေးသည့်ဆိုင်တွင် တန်းစီဝယ်ယူနေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။ မြဝတီမြို့တွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် ယနေ့ ဩဂုတ်လ (၁၄) ရက်တွင် စက်သုံးဆီဝယ်ယူရောင်းချရန် တပိုင်တနိုင် ကုန်သည်လေးများ ဘားအံမြို့အထိ စက်သုံးဆီ ဆင်းဝယ်နေကြကြောင်း နောက်ထပ်ဒေသခံ တစ်ဦးက ဆိုသည်။ "မြဝတီမှာသုံးတဲ့ စက်သုံးဆီက အောက်ဆီ(ပြည်တွင်းဆီ) ထက်...

ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်းနှင့် ဦးကုလား မဟာရာဇဝင်ကြီးစာအုပ်များလှူဒါန်း

ဒေလီက္ကသိုလ်၌တက်ရောက်နေသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ(မိသားစု)မှ ပဋိကသုံးပုံပါဠိတော်(မြန်မာ၊ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်း၊ ဦးကုလား မဟာရာဇဝင်ကြီး(ပထမအုပ်နှင့် ဒုတိယအုပ် ၂)တို့ကိုဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ ဆက်ကပ်လှူဒါန်းပွဲကို သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီအချိန်က အိန္ဒိယနိုင်ငံဆိုင်ရာ၊ မြန်မာသံရုံး နယူးဒေလီမြို့၌ကျင်းပရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ကိုယ်စား) မြန်မာသံရုံးတာဝန်ရှိသူများမှ ကျမ်းများနှင့် စာအုပ်များကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် နယူးဒေလီမြို့၊ မြန်မာသံရုံးမိသားစု၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကိုလည်း ပူးတွဲကျင်းပရာ ကြွရောက်တော်မူလာကြသည့် သံဃာတော် (၁၄)ပါးနှင့် သီလရှင်(၂)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071