ဒေသန္တရကျန်းမာရေးဌာနများ၌ ဆေးဝါးများလုံလောက်စွာဖြည့်ထားကာ ကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိူင်ရန် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ဒေသန္တရ ကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း၌ စတင်ဆောင်ရွက်မည့် ဒေသန္တရကျန်းမာရေးဌာန (၁၂)ခုတို့၏ အခြေအနေနှင့်ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့် ဒေသန္တာရကျန်းမာရေးဌာနတို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့်နိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
