Monday, July 14, 2025

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...

အမေရိကန်သွင်းကုန်ကိုအခွန်ကင်းလွတ်ခွင့်ပို‌ပေးရန် ထိုင်းစဉ်းစားနေ         

ထိုင်းနိုင်ငံသည်အမေရိကန်သွင်းကုန်များကို ပိုမို အခွန်ကင်းလွတ်ခွင့်ပြုရန် စဉ်းစားနေသည်ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။       အစိုးရသည် အခွန်စည်းကြပ်မှုများ၏ သက်ရောက်မှုကို သက်သာလျော့ပါးစေရန် အတိုးနှုန်းသက်သာသည့် ချေးငွေများအတွက် ပြင်ဆင်နေသည်ဟုလည်း...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်း

ဇူလိုင် ၁၄ ရက်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုစာသင် ရဟန်းသံဃာ(၁၁၇)ပါးအတွက် မှတ်စုစာအုပ်များနှင့် စာရေးကိရိယာများ၊ ပညာရေးငွေပဒေသာပင်...

မြန်မာ့လက်ရွေးစင် ယူ -၂၃ အသင်း...

အာဆီယံ ယူ -၂၃ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ -၂၃ အသင်းသည် ယနေ့ ဇူလိုင် (၁၄)ရက် နံနက်ပိုင်းက...
HomeNewsLocal Newsထိုင်းသံရုံးမှ ကြီးမှူးပြီး ရန်ကုန်၌ထိုင်းသီချင်းဆိုပြိုင်ပွဲ...

ထိုင်းသံရုံးမှ ကြီးမှူးပြီး ရန်ကုန်၌ထိုင်းသီချင်းဆိုပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ကြီးမှူးပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးထိုင်းသီချင်းဆိုပြိုင်ပွဲကြီး “T-Pop Star Challenge Myanmar Season 2” ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သီချင်းဆိုပြိုင်ပွဲကို “Thai Festival 2025 ” ပွဲတော်ကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

“T-Pop Star Challenge Myanmar Season 2″တွင် ဇကာတင်ပြိုင်ပွဲဝင် (၈) ဦးမှ တို-က်ရို-က် (Live) ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး၊ Winner ဆုရရှိသူက ဆုကြေးငွေအဖြစ် “ငွေသား ၃,၂၀၀ USD” ကိုလည်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“Thai Festival 2025” ပွဲတော်ကြီးကို ဇွန်လ (၂၁)ရက်၊ (၂၂) ရက်များအတွင်း ရန်ကုန်မြို့တွင်ရှိသည့် Novotel Yangon Max Hotel Ballroom တွင် ထိုင်းသံရုံးမှ ဦးဆောင်ပြီး ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

ပွဲတော်ကြီး၌ ထိုင်းအစားအစာများနှင့် အဖျော်ရည်များ၊ အလှကုန်ပစ္စည်းများနှင့် ဖက်ရှင်များ၊ ခရီးသွားဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးဆိုင်ရာ ရရှိနိုင်မည့် Package များနှင့် ထိုင်းအနုပညာဆိုင်ရာပစ္စည်းများကို ဆိုင်ခန်းပေါင်း (၆၀) ဝန်းကျင်ဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။           ပေကျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံစလုံး၏ စိုးရိမ်မကင်းမှုများကို အပြန်အလှန်အလေးထားသင့်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးက တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်သင့်ကြောင်း ဟန်က ပြောကြားခဲ့သည်ဟုလည်း ရှင်းဟွာက ဖော်ပြခဲ့သည်။         အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင်လ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းတွင် ပြုလုပ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) အောက်ရှိ ဒေသတွင်း လုံခြုံရေးအစည်းအဝေးကို...

အမေရိကန်သွင်းကုန်ကိုအခွန်ကင်းလွတ်ခွင့်ပို‌ပေးရန် ထိုင်းစဉ်းစားနေ         

ထိုင်းနိုင်ငံသည်အမေရိကန်သွင်းကုန်များကို ပိုမို အခွန်ကင်းလွတ်ခွင့်ပြုရန် စဉ်းစားနေသည်ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။       အစိုးရသည် အခွန်စည်းကြပ်မှုများ၏ သက်ရောက်မှုကို သက်သာလျော့ပါးစေရန် အတိုးနှုန်းသက်သာသည့် ချေးငွေများအတွက် ပြင်ဆင်နေသည်ဟုလည်း ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။           ထိုင်းနိုင်ငံအနေဖြင့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော သြဂုတ် ၁ ရက် မတိုင်မီ သဘောတူညီချက်တစ်ခု မရရှိခဲ့ပါက ဝါရှင်တန်၏ ၃၆ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ Ref: သည်အီကော်နောမစ်တိုင်းမ်စ်

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်း

ဇူလိုင် ၁၄ ရက်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုစာသင် ရဟန်းသံဃာ(၁၁၇)ပါးအတွက် မှတ်စုစာအုပ်များနှင့် စာရေးကိရိယာများ၊ ပညာရေးငွေပဒေသာပင် အလှူငွေ (၃၅)သိန်းတို့ တိပိဋကယောဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ တရားတော်နာ ရေစက်ချခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဇူလိုင်လ (၁၁)ရက်နေ့တွင်လည်း မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)မှ ဗလာစာအုပ်ဒါဇင် (၁၀၀)နှင့်၊ စာရေးကိရိယာများ၊ ပညာရေးပဒေသာပင်နှင့် နဝကမ္မ မိသားစုအလှူတို့ကို ရန်ကင်းမြို့နယ်၊ ပဉ္စနိကာယသာသနာ ဗိမာန်ကျောင်းတိုက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။ ပညာရေးပဒေသာပင်နှင့် စာရေးကိရိယာများ လှူဒါန်းမှုသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071