Monday, July 27, 2026

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း”...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး...

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS...

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့်...

ထိုင်းတောင်ပိုင်း ကုန်းတွင်းတံတား စီမံကိန်းကိုဆိုင်းငံ့

စီမံကိန်းကိုအကောင်အထည်ဖေါ်မှု၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ရေး ကော်မတီများ၏ သုံးသပ်ချက်အရ ထိုင်းတောင်ပိုင်း တံတား စီမံကိန်းသည် ဘောဂဗေဒနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်နိုင်စွမ်း အလွန်နည်းပါးပြီး နိုင်ငံတော်...
HomeNewsLocal Newsတန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့်...

တန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧက သုံးရာကျော်နယ်မြေကို နမ့်ပွန်း ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်

ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ တန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃၂၅)ဧကရှိသောနယ်မြေကို “နမ့်ပွန်း ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

ထိုသို့သတ်မှတ်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

နမ့်ပွန်းကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း သစ်တောဦးစီး ဌာနက စိုက်ပျိုးထားသည့်တားမြစ်သစ်စာရင်းဝင် ထင်းရှူးပင်များအားထိန်းသိမ်းကာကွယ်နိုင်မည့်အပြင် ယင်းစိုက်ခင်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက်ဖျက်ဆီးမှုများအား ထိရောက်စွာ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ဧရိယာအတွင်းနေထိုင်ကျက်စားလျက်ရှိသည့် ရှဉ့်၊ တောကြက်၊ ခါနှင့် ငှက်စသည့် တိရစ္ဆာန်များအတွက် ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ယခုနှစ်အတွင်း ကြိုးဝိုင်းတော၁၄ခု၊ ကြိုးပြင်ကာကွယ်တော၁၅၆ခု စုစုပေါင်း ၁၇၀ ဖွဲ့စည်းသတ်မှတ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရပြီး အခုလက်ရှိ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုးဝိုင်းတော ၈၂၆ခု၊ ကြိုးပြင်ကာကွယ်တော ၄၉၃ခု ဖွဲ့စည်းသတ်မှတ်ထားပြီး နိုင်ငံ့ဧရိယာ၏ ၂၆ရာခိုင်နှုန်းနီးပါး ဖွဲ့စည်းသတ်မှတ်ထားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၆ ရက်၊ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပခဲ့သည်။ အဆိုပါ​အခမ်းအနားကို ရှေးဦးစွာ မောင်းတီး၍ မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။​ ထို့နောက် မြန်မာ့ယဉ်ကျေးမှု...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကျေးလက်လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသဖြင့် ကျေးလက်နေအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသမီးများ...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးအတွက် အာရှတွင် အသက်သာဆုံးဖြစ်သည့် တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် CNG များကို ဦးစားပေး ရောင်းချပေးနေခြင်း ဖြစ်သည်။ သို့သော် အဆိုပါ YBS ၁၀ စီးမှာ သတ်မှတ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071