Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeInternationalယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင် အဆိုပြုခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတစ်ရပ်ကို ဖော်ဆောင်ရန် ရည်ရွယ်သင့်ကြောင်း သူကပြောကြားခဲ့သည်။

စစ်ပွဲအဆုံးသ-တ်ရေးအတွက် လက်ရှိအထိ လိုက်လျောမှုအနည်းငယ်သာ ကမ်းလှမ်းထားသော ရုရှားခေါင်းဆောင်က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်မည့် ဆွေးနွေးမှုများသည် လက်နက်ပြန်လည်အင်အားဖြည့်ခွင့်ပေးသည့် အပစ်ရပ်ခြင်းမျိုးထက် စစ်ပွဲ၏အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းကာ ရေရှည်ငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်ရမည်ဖြစ်သည်ဟု ဆိုခဲ့သည်။

“ကြိုတင် စည်းကမ်းသတ်မှတ်ချက်များ မထားရှိဘဲ ကိဗ်နှင့် တိုက်ရိုက်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ရန် ကျွန်ုပ်တို့ အဆိုပြုပါသည်” ဟု မစ္စတာ ပူတင်က မေလ ၁၁ ရက် နေ့အစောပိုင်းတွင် ခရမ္မလင် ကပြောကြားခဲ့ပြီး မော်စကိုအနေဖြင့် အစ္စတန်ဘူလ်တွင် မေလ ၁၅ ရက် နေ့၌ ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်နိုင်မည့် အခွင့်အရေးကို ကိဗ်အာဏာပိုင်များထံ ကမ်းလှမ်းထားပြီးဖြစ်ကြောင်း ဆိုခဲ့သည်။

အပစ်အခတ်ရပ်စဲရေးအထိ ဦးတည်သွားနိုင်သည့် ဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရေးနှင့် ပတ်သက်၍ တုကီယေး သမ္မတ တေယစ် အာဒိုဂန်ကို မေလ ၁၁ ရက်နေ့ အနှောင်းပိုင်းတွင် သူပန်ကြားသွားမှာဖြစ်ကြောင်းလည်း မစ္စတာပူတင်က ပြောဆိုသည်။

မစ္စတာ ပူတင်၏ အဆိုပြုချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာ၏ တောင်းဆိုမှုကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ရုံးနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့က လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071