Saturday, May 2, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန်...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန်...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍...

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ်...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...
HomeInternationalလေဒီဂါဂါပွဲဗုံးဖောက်ဖို့ကြံစည်မှုဖြင့်သံသယရှိသူနှစ်ဦးကိုဘရာဇီးရဲကဖမ်း

လေဒီဂါဂါပွဲဗုံးဖောက်ဖို့ကြံစည်မှုဖြင့်သံသယရှိသူနှစ်ဦးကိုဘရာဇီးရဲကဖမ်း

မေလ ၄ ရက်

ရီယိုဒီဂျနေရိုးတွင် လူပေါင်း နှစ်သန်းကျော် တက်ရောက်ခဲ့သော လေဒီဂါဂါဖျော်ဖြေပွဲ၌ ဖောက်ခွဲရန် ကြံစည်မှုဖြင့် လူနှစ်ဦးကို ဘရာဇီးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

စနေနေ့ကနာမည်ကျော် ကိုပါကာဘာနာ ကမ်းခြေမှာ ကျင်းပသော အခမဲ့ဖျော်ဖြေပွဲ၌ ဗုံးခွဲတိုက်ခိုက်မှုကို တားဆီးပိတ်ပင်နိုင်ခဲ့သည်ဟု ရီယိုဒီဂျနေရိုးမြို့ပြရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့သည်။ သံသယရှိသူတွေကိုဖမ်းဆီးနိုင်ခဲ့ပါသည်။

“Fake Monster” ဟုအမည်ပေးထားသည့် ဖောက်ခွဲရန် ကြံစည်မှုအတွက် တာဝန်ရှိသူ အရွယ်ရောက်ပြီးသူတစ်ဦးနှင့် ဆယ်ကျော်သက်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ “Fake Monster” ဟု ခေါ်ဆိုခြင်းမှာ လေဒီဂါဂါက၎င်း၏ပရိသတ်များကို ချစ်စနိုးဖြင့်ခေါ်ဆိုသည့် သူ၏အိမ်မွေးတိရစ္ဆာန်အမည်ဖြစ်သည့် “Little Monsters” ကို ရည်ညွှန်း၍ ခေါ်ဆိုခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

သံသယရှိသူများသည် ဆိုရှယ်မီဒီယာတွင် အာရုံစိုက်မှုရစေရန် ရည်ရွယ်၍ “ဖောက်ခွဲရေးပစ္စည်းများကို အသုံးပြု၍ တိုက်ခိုက်မှုများကို လုပ်ဆောင်ရန်” အွန်လိုင်းတွင် လူများကို စုဆောင်းခဲ့သည်ဟု ဆိုသည်။ ရီယိုဒီဂျနေရိုပြည်နယ်တစ်ဝန်းနှင့် ဆော်ပေါ်လို၊ ရီယိုဂရန်ဒီဒိုဆူးလ်နှင့် မာတိုဂရော့ဆိုပြည်နယ်များတွင် တရားရေးဝန်ကြီး ဌာနနှင့် ရဲများပူးပေါင်းဆောင်ရွက်၍ စစ်ဆင်ရေးကို လုပ်ဆောင် ခဲ့ကြသည်။

ရီယိုဒီဂျနေရိုးမြို့ပြရဲတပ်ဖွဲ့ အတွင်းဝန် ဖီလီပီ ကူရီ က ၎င်းတို့သည် LGBT များကို မလိုလားသောကြောင့် တိုက်ခိုက်ခြင်းဖြစ်ပြီး သံသယရှိသူများသည် ဘရာဇီးလ် LGBT အသိုင်းအဝိုင်းကို ပစ်မှတ်ထားရန် ကြိုးပမ်းနေသည်ဟု အာဏာပိုင်များက ယုံကြည်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ရီယိုဒီဂျနေရိုးမြို့ပြရဲတပ်ဖွဲ့ အကြီးအကဲ လူဝီ လီမာ က “လုပ်ကြံမှုနောက်ကွယ်က အဖွဲ့ဟာ အမုန်းစကားနဲ့ ကြမ်းတမ်းတဲ့ အကြောင်းအရာတွေကို အွန်လိုင်းမှာ ဖြန့်ချီခဲ့ပြီး ကြည့်ရှုသူ ပိုမိုများပြားပြီး ပါဝင်သူတွေ အများစုဟာ ဆယ်ကျော်သက်တွေ၊ အများစုဟာ ကလေးတွေပါ” ဟု ဆိုသည်။

ရီယိုမြို့တော်ခန်းမ၌ လူပေါင်း ၂.၁ သန်း ရှိသည်။ အဆိုပါဖျော်ဖြေပွဲ၌ ပွဲမစခင် နာရီပိုင်းအတွင်း သံသယရှိသူများကို ဖမ်းဆီးထား‌ေကြာင်း ဘရာဇီးအာဏာပိုင်များက ပြောကြားခဲ့ သော်လည်း အနှောင့်အယှက်မရှိဘဲ ပွဲကိုဆက်လက်ကျင်းပ နိုင်ခဲ့သည်။

လေဒီဂါဂါ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဂါဂါနှင့် သူ၏အဖွဲ့သည် ဖျော်ဖြေပွဲမတိုင်မီနှင့် ဖျော်ဖြေစဉ်ကာလအတွင်း ဘေးကင်းရေးဆိုင်ရာ ကိစ္စရပ်များကို မသိရှိခဲ့ကြောင်း၊ နောက်နေ့နံနက်တွင် သာခြိမ်းခြောက်မှုအကြောင်း ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကြေငြာချက်တွင် “သူ၏အဖွဲ့သည် ဖျော်ဖြေပွဲစီစဉ်ခြင်းနှင့် ဖျော်ဖြေပွဲစဉ်တစ်လျှောက်လုံး ရဲတပ်ဖွဲ့နှင့် အနီးကပ် လုပ်ကိုင်ခဲ့ပြီး ဘေးကင်းရေးအစီအမံများ၊ လုံခြုံရေးများ ကိုလည်း စိတ်ချယုံကြည်ကြသည်”ဟု ထပ်မံဖော်ပြခဲ့ပါသည်။

၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့သော LGBTQ သီချင်းဖြစ်လာသည့် ပေါ့ပ်အဆိုတော်လေဒီဂါဂါ၏ ဂန္တဝင်သီချင်းဖြစ်သည့် Born This Way သီချင်းကို ပရိသတ်များက သဘောကျနှစ်ခြိုက်ခဲ့ကြသည်။ အဆိုပါ စနေနေ့ဖျော်ဖြေပွဲတွင် စစ်တပ်နှင့် ရဲအရာရှိပေါင်း ၅,၂၀၀ ဖြင့် လုံခြုံရေးတင်းကျပ်ထားခဲ့သည်။

Ref: အယ်လ်ဂျာဇီယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိ

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန် (၃) သိန်းခန့်ကို တရုတ် ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်ဝမ် ၊ စင်္ကာပူ ၊ အိန္ဒိယ ၊ ဂျပန် နိုင်ငံများသို့တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးဧက ၁၆၄၀၀၀၀ ရှိပြီး အမှန်တကယ်အစေးခြစ်ထုတ်ယူနေသည့် ဧကမှာ ရှစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။ ရော်ဘာစိုက်ပျိုးသော ဒေသများသည် ရခိုင်ပြည်နယ် ၊...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ် လှုပ်ခတ်မှုကို ဒေသခံများသိသာစွာခံစားခဲ့ရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ် ၄၃ စက္ကန့်ကလှုပ်ခတ်ခဲ့ရာ ဒေသခံများသိသာစွာခံစားခဲ့ရကြောင်း သိရသည်။ မအူပင်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ၊ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ (၄ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "သိသိသာသာခံစားခဲ့ရတယ် ငလျင်လှုပ်လိုက်တာကို။ လှုပ်ပြီးတဲ့အချိန် ကြောက်လို့မအိပ်ရဲဘူးဖြစ်သွားတယ်။ အတော်ကြာမှ စိတ်ကိုအေးအေးထားပြီးအိပ်လိုက်ရတယ်။ ပြီးခဲ့တဲ့ရက်တုန်းကလည်း လှုပ်သွားသေးတယ် မအူပင်မှာက သတိထားပြီးနေရတယ်"...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦး ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖမ်းမိ

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ ၁ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး သံလွင်မြစ်ကူး ကူးတို့ဆိပ်၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးစဉ်  မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦးအား ဖော်ထုတ်ဖမ်းဆီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071