Saturday, May 2, 2026

ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော်...

ပြီးခဲ့သည့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၅၀၉)...

ပြည်သူများ၏ အသံကိုနားထောင်ရန် ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်များ ရုံးခန်း...

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို အနီးကပ်နားထောင်ကာ အချိန်မီဖြေရှင်းပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ရုံးခန်းကို ချောင်းဆုံမြို့နယ်ပါ တီရုံးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့...

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ တင်သွင်းသော...

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ လာမည့်အပတ်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

Electronics နှင့် အထွေထွေကုန်ပစ္စည်းများ လေလံတင်ရောင်းချရန်...

အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံတင်ရောင်းချမှုကို...
HomeNewsLocal NewsGOLDPETROL JOC Inc....

GOLDPETROL JOC Inc. မှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ကျပ်သန်း (၃၆၀) အား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်း

မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပြင်းအားကြီးငလျင်ကြောင့် ထိခိုက်နစ်နာသည့် ပြည်သူများအတွက် ကူညီဆောင်ရွက်ပံ့ပိုးနိုင်ရန် GOLDPETROL Joint Operating Company Inc. မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) သို့ ကျပ်သန်း (၃၆၀) (အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ခန့်) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) မှဆောင်ရွက်လျက် ရှိသောငလျင်အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် GOLDPETROL JOINT OPERATING COMPANY မှ ဧပြီလ (၁၁) ရက်နေ့တွင် ပထမအကြိမ်အဖြစ် (180,000,000-သိန်းတစ်ထောင့်ရှစ်ရာကျပ်)ကို လည်းကောင်း၊ ဧပြီလ(၂၈)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် (180,000,000-သိန်းတစ်ထောင့်ရှစ်ရာကျပ်)ကို လည်းကောင်း အသင်း၏ ရန်ကုန်ရုံးခွဲတွင် လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် ၊ အလုပ်အမှုဆောင် ပါမောက္ခများ နှင့်တာဝန်ရှိသူများက လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။

ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက “Company ၏ ဤလှူဒါန်းမှုသည် များစွာသောပြည်သူများအတွက် အနာဂတ်တစ်ခုကို ပြန်လည်စတင်နိုင်ရေးအတွက် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ကူညီနိုင်မည်ဟု မျှော်လင့်ပါသည်” ဟု ပြောကြားခဲ့သည်။

GOLDPETROL JOINT OPERATING COMPANY သည် လူမှုရေးလုပ်ငန်းများတွင် တတ်အားသ၍ ဆက်လက်ပါဝင်ကူညီသွားမည် ဖြစ်ကြောင်း သိရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော် တင်ပို့ခဲ့

ပြီးခဲ့သည့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၅၀၉) သန်းရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူးရေးဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်နှင့် ပန်းပေါင်းစုံပျားရည်များကို ထုတ်လုပ်ခြင်းဖြစ်ပြီး ပြည်ပသို့ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည် (၅) မျိုးကို တင်ပို့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပျားရည်တန်ချိန် (၇ဝဝဝ) ထွက်ရှိပြီး...

ပြည်သူများ၏ အသံကိုနားထောင်ရန် ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်များ ရုံးခန်း စတင်ဖွင့်လှစ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို အနီးကပ်နားထောင်ကာ အချိန်မီဖြေရှင်းပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ရုံးခန်းကို ချောင်းဆုံမြို့နယ်ပါ တီရုံးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ရုံးခန်းဖွင့်လှစ်ရခြင်းမှာဒေသတွင်း ကြုံတွေ့နေရသည့် လူမှုစီးပွား အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချ က်များကို ပြည်သူများက ကိုယ်စားလှယ်များထံ တို-က်ရို-က်တင်ပြ ဆွေးနွေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသ ည်။ ယင်းသို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း မွန်ညီညွှတ်ရေးပါတီ အသိပေးထားသည်။ အဓိက ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအနေဖြင့် ဒေသတွင်း အမှန်တကယ်...

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ တင်သွင်းသော မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုး‌ကောက်မည်ဟု ထရမ့် ကြေညာ

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ လာမည့်အပတ်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ “ဥရောပသမဂ္ဂဟာ ကျွန်တော်တို့ အပြည့်အဝသဘောတူညီထားတဲ့ ကုန်သွယ်ရေးစာချုပ်ကို လိုက်နာခြင်းမရှိတဲ့အတွက်၊ လာမည့်အပတ်မှာ အမေရိကန်နိုင်ငံထဲကို တင်သွင်းလာမယ့် ဥရောပသမဂ္ဂရဲ့ ကားတွေနဲ့ ထရပ်ကားတွေအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားတွေကို တိုးမြှင့်သွားမယ်လို့ ကြေညာရတဲ့အတွက် ဝမ်းသာပါတယ်။ အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာပါ” ဟု အမေရိကန်ခေါင်းဆောင်က သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071