မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို အနီးကပ်နားထောင်ကာ အချိန်မီဖြေရှင်းပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ရုံးခန်းကို ချောင်းဆုံမြို့နယ်ပါ တီရုံးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ရုံးခန်းဖွင့်လှစ်ရခြင်းမှာဒေသတွင်း ကြုံတွေ့နေရသည့် လူမှုစီးပွား အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချ က်များကို ပြည်သူများက ကိုယ်စားလှယ်များထံ တို-က်ရို-က်တင်ပြ ဆွေးနွေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသ ည်။
ယင်းသို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း မွန်ညီညွှတ်ရေးပါတီ အသိပေးထားသည်။
အဓိက ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအနေဖြင့် ဒေသတွင်း အမှန်တကယ် လိုအပ်နေသော အခြေခံအဆောက် အအုံဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူများ ကြုံတွေ့နေရသည့် နေ့စဉ်လူမှုဘဝ အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးအတွက် အကြံပြုချက်နှင့် တင်ပြချက်များကို လက်ခံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ပြည်သူ့လိုအပ်ချက်ကို ဗဟိုပြုပြီး ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေဆီကို အတူတကွ လျှောက်လှမ်းသွားမှာပါ” ဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ အခက်အခဲများကို လာရောက်ဆက်သွယ် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားရှိပြီး “ပြည်သူ့လိုအပ်ချက်ကို ဗဟိုပြု၍ ပိုမိုကောင်းမွန်သော အပြောင်းအလဲများဆီသို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
