Saturday, June 28, 2025

ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းကိုဆွေးနွေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းအား သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးတို့ဆွေး...

နစက ဥက္ကဋ္ဌမှ အနောက်ဥရောပနိုင်ငံများအပါအ ဝင်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ရောက်ရှိနေစဥ် ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက မင့်စ်မြို့ရှိ Minsk Tractor...

ချင်းတွင်းမြစ်ရေ လာမည့် ၃၆ နာရီအတွင်း...

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ရှိ ချင်းတွင်းမြစ်ရေသည် (၁,၂၇၀)စင်တီမီတာသို့ရောက်ရှိနေပြီး မြို့၏ စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် (၈၀)စင်တီမီတာ (၂)ပေခွဲကျော်ခန့်သာလိုပြီး လာမည့်(၃၆)နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် မင်းကင်းမြို့နယ်အတွင်း မြေနိမ့်ပိုင်းနှင့်...

အောင်မြေသာစည်အလယ်တိုက်မကြီးပြန်လည်ပြုပြင်မွမ်းမံရန် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်အတွင်းရှိ အောင်မြေသာစည်အလယ်တိုက်မကြီးမှာပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ပြုပြင်မွန်းမံရန် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲအား ယနေ့ ဇွန် ၂၇ ရက်က...
HomeInternationalဂျေရုဆလင်အထိ တောမီးရောက်လာနိုင်--နေတန်ယာဟု

ဂျေရုဆလင်အထိ တောမီးရောက်လာနိုင်–နေတန်ယာဟု

အရေးပေါ်အခြေအနေကြေညာထားရသော ဂျေရုဆလင်အနီး အလျင်အမြန် ပျံ့နှံ့လေ-ာင်ကျွမ်းနေသော တောမီးသည် မြို့အထိရောက်ရှိလာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

ထူထပ်သော မီးခိုးလုံးများသည် ဂျေရုဆလင်အနီး လမ်းများပေါ် ထွက်ပေါ်နေခဲ့ပြီး လူများစွာ ဒဏ်ရာရရှိစေခဲ့သော တောမီးကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက အသည်းအသန်ကြိုးပမ်းနေသကဲ့သို့ စစ်တပ်ကလည်း တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ကာ တောမီးငြိမ်းသတ်ရာတွင် ကူညီလျက်ရှိသည်။

အရပ်သား ရာပေါင်းများစွာသည် နှစ်များစွာအတွင်း အဆိုးဝါးဆုံးတောမီးဘေးအန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု အစ္စရေး၏ Magen David Adom (MDA) ကယ်ဆယ်ရေးအေဂျင်စီက သတင်းထုတ်ပြန်သည်။

ဒဏ်ရာရခဲ့သူ ၂၃ ဦးကို MDA က ကုသပေးခဲ့ပြီး ၎င်းတို့ထဲမှ ၁၃ ဦးကို ဆေးရုံတင်ပေးခဲ့ကြောင်းနှင့် အများစုသည် မီးခိုးငွေ့ရှုရှိုက်မီခြင်းနှင့် မီးလေ-ာင်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဟု ဆိုသည်။ တောမီး သတိပေးချက်အဆင့်ကို အမြင့်ဆုံးအဆင့်သို့ သတ်မှတ်ထားကြောင်းလည်း အေဂျင်စီက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အနောက်လေများ တို-က်ခို-က်နေမှုကြောင့် တောမီးသည် ဂျေရုဆလင် အစွန်အဖျားနေရာများသို့ အလွယ်တကူရောက်ရှိလာနိုင်သကဲ့သို့ မြို့တွင်းထိပင် ကူးစက်လာနိုင်သည်ဟု နေတန်ယာဟုက သတိပေးခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ရနိုင်သမျှ မီးသတ်ကားအားလုံး စေလွှတ်ရမှာဖြစ်ကာ လက်ရှိမီးတားလိုင်းတွေထက် ပိုကောင်းတဲ့ မီးတားလိုင်းတွေ ဖန်တီးဖို့ လိုပါတယ်၊ လက်ရှိအခြေအနေက ဒေသဆိုင်ရာအတိုင်းအတာမဟုတ်ဘဲ တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေ ရောက်နေပါပြီ” ဟု သူက ဗီဒီယိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“လက်ရှိ ဦးစားပေးက ဂျေရုဆလင်ကို ကာကွယ်ဖို့ပဲ” ဟုလည်း သူက ဆက်လက်ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းကိုဆွေးနွေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းအား သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးတို့ဆွေး နွေးခဲ့ကြသည်။ ဝန်ကြီးဦးတင်ဦးလွင်နှင့် နီပေါနိုင်ငံသံအမတ်ကြီးတို့သည် ဇွန် ၂၆ ရက်နံနက် ၁၁ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ အနောက်ဥရောပနိုင်ငံများအပါအ ဝင် အာဆီယံနိုင်ငံများသို့တင်ပို့လျက်ရှိသည့် မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံကိုကြည့်ရှုလေ့လာ

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ရောက်ရှိနေစဥ် ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံအားသွားရောက်လေ့လာကြည့်ရှုရာ ဘယ်လာရုစ်နိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Efimov A.V. နှင့် စက်ရုံညွှန်ကြားရေးမှူးချုပ် Mr. Avramenko S.A. တို့ကကြိုဆိုခဲ့ကြသည်။ စက်ရုံအတွင်း ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး လယ်ယာမြေပြုပြင်ထွန်ယက်ရာတွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရာ တွင်အသုံးပြုသည့်ယာဉ်များ၊ ပြုစုပျိုးထောင်ခြင်းနှင့် သွင်းအားစုများထည့်သွင်းရာတွင် အသုံးပြုသည့်ယာဉ်များ၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးကျရောက်မှုနှင့် မီးငြိမ်းသတ်မှုတို့တွင်...

ချင်းတွင်းမြစ်ရေ လာမည့် ၃၆ နာရီအတွင်း မင်းကင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်၍ အသိပေးနှိုးဆော်မှုများပြုလုပ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ရှိ ချင်းတွင်းမြစ်ရေသည် (၁,၂၇၀)စင်တီမီတာသို့ရောက်ရှိနေပြီး မြို့၏ စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် (၈၀)စင်တီမီတာ (၂)ပေခွဲကျော်ခန့်သာလိုပြီး လာမည့်(၃၆)နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် မင်းကင်းမြို့နယ်အတွင်း မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးတွင်နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက ကုန်းမြင့်ပိုင်းသို့ အချိန်မီပြောင်းရွှေ့ကြရန် မြို့နယ်တာ ဝန်ရှိသူများက ယနေ့ ဇွန် ၂၇ ရက်နံနက် ၉ နာရီက လိုက်လံအသိပေးနှိုးဆော်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071