Thursday, April 30, 2026

အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်...

ယနေ့လွတ်ငြိမ်းဖြင့် အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်လွတ်မြောက်ခဲ့ကြောင်း မေးမြန်းချက်များအရ သိရသည်။ နိုင်ငံတော်သမ္မတရုံးသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို...

ဧရာဝတီတိုင်းဒေသကြီး အကျဥ်းထောင်အသီးသီးနှင့်စခန်းများမှ အကျဥ်းသား/သူ (၁၄၆)...

နိုင်ငံတော်သမ္မတရုံးမှ  အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...

မအူပင် (တောင်) သဘာဝဓာတ်ငွေ့မြေတွင် နည်းပညာသစ်အသုံးပြု၍...

​မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက်၇နာရီအချိန်တွင် ပုသိမ်မြို့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း...
HomeInternationalဟားမတ်စ်နှင့် ငါးနှစ်ကြာ အပစ်ရပ်ရေးအဆိုပြုချက်...

ဟားမတ်စ်နှင့် ငါးနှစ်ကြာ အပစ်ရပ်ရေးအဆိုပြုချက် အစ္စရေးပယ်ချ

ဂျေရုဆလင်၊ဧပြီ ၂၈

ဂါဇာကမ်းမြောင်ဒေသ၌ ထိန်းသိမ်းခံထားရသည့်အစ္စရေးဓါးစာခံများအားလုံးကို ပြန်လွှတ်ပေးပြီး ဟားမတ်စ်အဖွဲ့နှင့် ငါးနှစ်ကြာအပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို အစ္စရေးကပယ်ချခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင်ရုပ်သံလွှင့်ဌာနကသတင်း ထုတ်လွှင့်ခဲ့သည်။

အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက အစ္စရေးဘက်မှ ယင်းအဆိုပြုချက်ကို တရားဝင်ပယ်ချလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများသို့ပြောကြားခဲ့သည်။

“ဟားမတ်စ်အဖွဲ့နဲ့ ငါးနှစ်တာယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူညီရမယ်ဆိုတာက တကယ်တမ်းပြန်စဉ်းစားရင် ဟားမတ်စ်ကိုကူညီလိုက်တာနဲ့အတူတူပါပဲ၊နားထားတဲ့ကာလမှာ လူသူလက်နက်အင်အားပြန်စုစည်းပြီး အစ္စရေးကို ပိုပြီးအင်အားကြီးကြီးနဲ့ တုန့်ပြန်လာနိုင်ပါတယ်” ဟုလည်းဆိသူက ပြောကြားခဲ့သည်။

စနေနေ့က ဟားမတ်စ်အကြီးတန်းခေါင်းဆောင် ခါလီအယ်လ်ဟေရာ ဦးဆောင်သော ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့က အစ္စရေးဘက်မှဓါးစာခံများအားလုံးကိုလွှတ်ပေးပြီး ငါးနှစ်အပစ်အခတ်ရပ်စဲရန်သဘောတူခဲ့ကြောင်း အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်တစ်ခုအရသိရသည်။

အစ္စရေးဓါးစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသားများ နောက်ဆုံးလဲလှယ်မှုကို ဇန်နဝါရီလကပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နှစ်လခန့်အကြာ၊ မတ်လတွင် အစ္စရေးကအပစ်အခတ်ရပ်စဲရေးကိုအဆုံးသတ်ခဲ့ပြီး ပါလက်စတိုင်းနယ်မြေအတွင်းထိုးစစ်ကိုပြန်လည်စတင်ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ စစ်ပွဲစတင်ချိန်မှစ၍ ပါလက်စတိုင်းနယ်မြေအတွင်း ‌ေ-သဆုံးသူအရေအတွက်မှာ (၅၂,၃၁၄) ဦးအထိ မြင့်တက်လာခဲ့ပြီး (၁၁၇,၇၉၂) ဦးအထိဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

အစ္စရေးအာဏာပိုင်များ၏ အဆိုအရ ဂါဇာတွင် ဓါးစာခံ ၅၉ ဦး ကျန်ရှိနေဆဲဖြစ်သည်ဟုအတည်ပြုပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော် လွတ်မြောက်

ယနေ့လွတ်ငြိမ်းဖြင့် အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်လွတ်မြောက်ခဲ့ကြောင်း မေးမြန်းချက်များအရ သိရသည်။ နိုင်ငံတော်သမ္မတရုံးသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ၎င်းတို့သည် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်မှ ကျန်ရှိသည့်ပြစ်ဒ-ဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျန်ရှိသောပြစ်ဒ-ဏ်များအပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဥ်းသားများမပါဝင်ဘဲ လွတ်ရက်စေ့သူများ အများဆုံးပါဝင်ကြောင်း...

ဧရာဝတီတိုင်းဒေသကြီး အကျဥ်းထောင်အသီးသီးနှင့်စခန်းများမှ အကျဥ်းသား/သူ (၁၄၆) ဦးအား ပြစ်ဒ-ဏ်မှ လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်သမ္မတရုံးမှ  အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၁/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။      အဆိုပါထုတ်ပြန်ကြေညာချက်အရ ပုသိမ်အကျဥ်းထောင်မှ ကျား (၂၅) ဦး၊မ (၅) ဦးအပါအဝင် အကျဥ်းသား/သူ ( ၃၀ ဦး) ၊ မြောင်းမြအကျဥ်းထောင်မှ ကျား (၂၂) ဦး မ (၃) အပါအဝင် အကျဥ်းသား/သူ (၂၅) ဦး၊ မအူပင်အကျဥ်းထောင်မှ...

မအူပင် (တောင်) သဘာဝဓာတ်ငွေ့မြေတွင် နည်းပညာသစ်အသုံးပြု၍ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်မှု စံချိန်သစ်တင်

​မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ သဘာဝဓာတ်ငွေ့များတိုးတက်ထွက်ရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ခေတ်မီနည်းပညာများအသုံးပြု၍ မအူပင် (တောင်) တွင်းအမှတ် (၁၄) ရှိ ပါးလွှာသဲကြောများအား သေချာစွာသုတေသနပြုဆန်းစစ်ပြီးဖောက်ယူထုတ်လုပ်ခဲ့ရာ ဧပြီ ၂၈ ရက်၌ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ (၂) သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။​တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းမှတစ်ဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071