Friday, June 27, 2025

သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ဟု ရွှေဆိုင်အချို့ထုတ်ပြန်

ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း ရွှေဆိုင်အချို့မှ ထုတ်ပြန်ထားသည်။ ယင်းတွင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းသည်ဓါတ်သတ္တု (...

လူဦးရေ(၇,၀၀၀)ခန့်အလုပ်အကိုင်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၈)ခုကိုခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ(၇,၀၀၀)ခန့်အလုပ် အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၈)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဇွန် ၂၅ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ အစည်းအဝေးသို့...

တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်

ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက်...

မန္တလေးမြို့က ” ပိုသူလှူလိုသူကူ” ဆိုတဲ့...

နိုင်ငံအတွင်းမှာ အထွေထွေအကြပ်အတည်းဆိုက်ရောက်နေတဲ့ကာလအပြင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ မန္တလေးမြို့မှာ "ပိုသူလှူ လိုသူကူ"ဆိုတဲ့ Food Box အစီအစဉ်တစ်ခု ပြန်လည်ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလမတိုင်မီ ၂၀၁၉...
HomeNewsLocal News(၂၄) နာရီအတွင်း ပဲခူးတိုင်းနှင့်...

(၂၄) နာရီအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် မိုးများနိုင်

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းဖြစ်သည့် တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းစသည့် မြို့များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နှင့် မိုင်းဆတ်မြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် (၂၄) နာရီအတွင်း 60mm (၂) လက်မခွဲခန့် အထိ မိုးရွာသွန်းနိုင်ပြီး မိုးအလွန်များနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေး ရေးသားထားသည်။

ဧပြီ (၂၆) ရက် နံနက်အစောပိုင်း ရရှိသည့် Meteoblue ၏ Multi-model ခန့်မှန်းချက်များအရ ဧပြီ (၂၈)ရက်၊ (၂၉) ရက်၊ (၃၀) ရက်နှင့် မေလ (၁) ရက်များအတွင်း အဆိုပါ ဒေသများတွင် မိုးအလွန်များနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

ထို့ပြင် ပဲခူးတိုင်း အရှေ့ပိုင်းဒေသများနှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းဒေသများ၌ လာမည့် (၃) ရက်မှ (၄) ရက်အတွင်း ဆက်တိုက်မိုးများနိုင်ခြင်းကြောင့် ရုတ်တရက်ကျဆင်းလာနိုင်သော တောင်ကျချောင်းရေနှင့် မိုးသက်လေပြင်းကျရောက်နိုင်သည့် အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ကြရန်လည်း ၎င်းက အသိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့မြန်မာစံတော်ချိန် ညနေ (၅) နာရီခွဲအချိန် နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှို င်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း ဧပြီလ (၂၈)ရက်မှ မေလ(၃) ရက် နေပြည်တော်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အသိပေးထားသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ကြရန်လည်း အကြံပြုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ဟု ရွှေဆိုင်အချို့ထုတ်ပြန်

ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း ရွှေဆိုင်အချို့မှ ထုတ်ပြန်ထားသည်။ ယင်းတွင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းသည်ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း၊ Social Media နှင့် Online တွင် ဖော်ပြလျက်ရှိသောအောင်သမာဓိရွှေဈေးများသည် အမှန်တကယ်အရောင်းအဝယ်ပြုလုပ်သောအောင်သမာဓိရွှေဈေးနှုန်းများ ( လုံးဝ )မဟုတ်ပါကြောင်း ထုတ်ပြန်ထားသည်။ ဇူလိုင် ၁ ရက်မှစတင်ပြီး စနစ်သစ်အလေးချိန် (16.32935g)ဖြင့် အရောင်း /အဝယ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဇွဲထက်ရွှေဆိုင်မှလည်း နိုင်ငံတော်မှသတ်မှတ်ပေးထားသောရွှေရည်ညွှန်းဈေးအတိုင်း ရောင်း/ဝယ်ခြင်း...

လူဦးရေ(၇,၀၀၀)ခန့်အလုပ်အကိုင်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၈)ခုကိုခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ(၇,၀၀၀)ခန့်အလုပ် အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၈)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဇွန် ၂၅ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်၍ စက်မှုကဏ္ဍတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၆)ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခုတို့ကို အတည်ပြုပေးခဲ့သည်။ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့အား အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ(၇ ဒသမ ၇၉၁)သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၆,၇၇၃)ဦးအလုပ်အကိုင်များ ရရှိမည်ဖြစ်သည်။

တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်

ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက် လိုင်စင်ရရှိပြီးသောကုမ္ပဏီများ အမြန်တင်သွင်းရန်လိုအပ်ကြောင်း၊ သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူနိုင်ရေး ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ပေးမှုအနေဖြင့် သတ်မှတ်ကာလပြည့်ပြီဖြစ်၍ ထပ်မံသတ်မှတ်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။ ယခုလက်ရှိ နိုင်ငံတကာတွင်ဖြစ်ပွားနေသည့် အခြေအနေများကြောင့် မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းသုံးစွဲသူ တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် မေနှင့် ဇွန်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071