သီတင်းကျွတ်

0
244

thidingyut

ခက်တာက ဒီလို သီတင်း ကျွတ်တာနဲ့ မီးပုံး ပျံလွှတ်သူလွှတ်၊ မီးထွန်းသူ ထွန်း ပြီးရင် အိမ်ထောင်ပြုဖို့ ဘက်လှည့် ကြတာပဲ။
ပိုဆိုးတာက ဒီလိုရာသီ ဆို ကျွန်တော် တို့လို လူပျိုကြီး၊ အပျိုကြီး တွေဘက် လှည့်ကြပြီ။
“ဘယ့်နှယ်လဲ၊ သီတင်းကျွတ် ပြန်ပြီနော်။ ဘယ်တော့စားရမလဲ”
“ဒီနှစ်လည်း မစားရသေးဘူး လား”
“စားရဖို့ အစီအစဉ်ရှိလား”
သြော်…မြန်မာပြည်ကြီး ဆင်းရဲတွင်းနက်တာ ယုံလိုက်ပါပြီ။ ဟုတ်တယ်လေ။ တွေ့တဲ့သူတိုင်း
“ဘယ်တော့စားရမလဲ” ချည်း မေးနေတာ။
တစ်ခါတလေ ရွဲ့ပြီးပြန်မေးမိ တယ်။
“ဝယ်မစားနိုင်ကြလို့လားဟင်”
ဖတ်ဖူး၊ မှတ်ဖူးတာလည်းရှိရဲ့။
“တစ်ခါစားပြီး တစ်သက်လုံး အစာမကြေဖြစ်တာ မင်္ဂလာကိတ်ပါ” တဲ့။
ကိုယ်နဲ့ကိုက်တဲ့သူရရင်တော့ လည်း လိုချင်တာပေါ့။ ခက်တာက လောကမှာ
“ကိုယ်ကြိုက်လောက်သည် အထိ ချောမောလှပပြည့်စုံတဲ့ မိန်းမ မရှိတာရယ်”
“ကိုယ်လိုကောင်ကို လက်ထပ် ရဲသည်အထိ မိုက်မဲတဲ့မိန်းမလှ မတွေ့တာရယ်” နဲ့ပဲ ဒီအတိုင်း ဖြစ်နေတာ။
တရား သဘောနဲ့ကြည့်ရင် တော့ လွယ်လွယ်လေး။
“မရလို့ မယူ၊ မယူလို့ မရတာ ပေါ့”
“ညာဘက်က ချစ်သူတစ် ယောက်ဆွဲပြီး ဘယ်ဘက်က ဆွေမျိုး တစ်လှည်း ဝင်ချင်သူတွေ ယူကြ ပေါ့”
“အရင်ဘဝက မယူခဲ့လို့ ဒီဘဝ မရတာပေါ့။ ဒီဘဝမယူရင် နောင် ဘဝလည်း မရဘူးပေါ့။ ဒါပါပဲ”
အိမ်ထောင်ပြုတယ်ဆိုတာ
“ရပြီးသား အခွင့်အရေးကို ထက်ဝက် လျှော့ချပြီး တာဝန်ကျ နှစ်ဆတိုး ယူကြရသလိုမျိုးပါပဲ”
ကိုယ်တွေက အလုပ်သာမရှိ တာ။ ကိုယ့်ဘာသာကိုယ် မအားဘူး။ ဒီတော့ အခွင့်အရေးလည်း မလျော့ နိုင်ဘူး၊ တာဝန်လည်း ပိုမယူနိုင်ဘူး လေ။
ဝါကျွတ်တယ် ဆိုတာကလည်း ကိုယ်က ချွတ်မှ ကျွတ်တာမျိုးမဟုတ် ဘူးလေ။ သူ့ဘာသာသူ ကမ္ဘာဦး ကတည်းက နှစ်စဉ်ကျွတ်လာတာ။
ဒါကိုပဲ နှစ်စဉ်လာမေးနေကြ တာ။
“မစားရသေးဘူးလား”
“မစားရသေးဘူးလား”
“ဘယ်တော့မှ မစားရဘူး”
“စားချင် ဝယ်စားကြ”
ခေတ်ကလည်း သိပ်ကောင်းလှ တာမဟုတ်ဘူး။
“ချစ်ပါတယ်၊ ချစ်ပါတယ်ပြော ပြီး တစ်ခုခုဖြစ်ရင်”
“မေတ္တာရှေ့ထား၊ ဓားနဲ့လိုက် တဲ့ခေတ်”
အဲဒီတော့ “ဆင်ဖမ်းမယ်၊ ကျား ဖမ်းမယ်၊ ဇလီဖားတုံး ခေါင်းအုံးမယ်”
“သေသွားမယ်၊ ရှင်သွားမယ်၊ မသေမရှင်ဖြစ်သွားမယ်”
“သရဲဖြစ်သွားမယ်၊ နတ်ဖြစ် သွားမယ်၊ မှင်စာဖြစ်သွားမယ်”
စသည်ဖြင့် ကြီးကြီးကျယ်ကျယ် ပြော။ တကယ်တမ်းကျတော့ ကောင်မလေးတစ်ယောက် ရပ်ကွက် ကပျောက်သွားတိုင်း ကိုယ်နဲ့အထင် ခံရ နည်းလားဆိုပြီး ခြင်ထောင်ထဲ ဝင်ပုန်းနေရတာ။
မင်္ဂလာဖိတ်စာဆို တစ်ခုပဲ မျှော်လင့်။
“ရဟန်းခံရှင်ပြု မင်္ဂလာ”
လောလောဆယ် အဲဒါပဲရမယ်။
တချို့ကျလည်း စွံလိုက်တာ။
မကြာသေးဘူး။ ရပ်ကွက်ထဲ စုံတွဲတစ်တွဲ ခိုးပြေးလာကြတာ။
ခိုးပြေးတာ မထူးဆန်းဘူး။ ထူးဆန်းတာက အဲဒီစုံတွဲမှာ ကောင် မလေးက ၁၃ နှစ်၊ ကောင်လေးက ၁၄ နှစ်။
ပိုထူးဆန်းတာက ကောင်လေး က တစ်ခုလပ်။
ကိုယ်လည်း ကြံရာမရတာနဲ့ မုန့်ဟင်းခါးဖတ်ပဲ ပြေးဝယ်လိုက် တယ်။
မထူးဘူးလေ။ မုန့်ဟင်းခါးဖတ် ဆက်ပြီး ကိုယ့်ဘာသာကိုယ် ကြိုးဆွဲ ချလိုက်တော့မယ်။ လူပျိုကြီးဆိုတော့ ငှက်ပျောဖတ်က ဆက်ကြည့်ရဦးမှာ လေ။

အကြည်တော်


LEAVE A REPLY

Please enter your comment!
Please enter your name here