မန္တလေးငလျင်ကြောင့် ပြိုကျပျ-က်စီးခဲ့သော မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ချမ်းသာသက်ရှည်ဘုရား၊ ဗေါင်းတော်ကျဘုရား၊ ဂေဇတ်ရဘုရားနီဘုရား၊ မြသိန်းတန်ဘုရားတို့ ပရဝဏ်အတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွပ်၊ (၈၂) လမ်း၊ (၂၁)လမ်းနှင့် (၂၂) လမ်းကြားရှိ ချမ်းသာသက်ရှည်ဘုရား၊ ဗေါင်းတော်ကျဘုရား၊ ဂေဇတ်ရဘုရားနီဘုရား၊ မြသိန်းတန်ဘုရားတို့မှာ ပြိုကျပျ-က်စီးခဲ့ရခြင်းဖြစ်သည်။
ထိုသို့ ပြိုကျပျ-က်စီးခဲ့ရသော ဘုရား (၄)ဆူအား ယနေ့ ဧ ပြီ (၂၅)ရက်မှ စတင်၍ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပရဝဏ်အတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အဆောက်အဦးထိခိုက်ပျ-က်စီး၊ လူထိခိုက် ေ-သဆုံးမှု အများဆုံးကြုံတွေ့ခဲ့ရပြီး လက်ရှိတွင် ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
