မော်စကို၊ဧပြီ ၂၁
ယူကရိန်းပဋိပက္ခကို သံတမန်ရေးနည်းလမ်းအရဖြေရှင်းရန် ရုရှားအနေဖြင့် လမ်းဖွင့်ထားကြောင်း ခရမ္မလင်၏ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။
မော်စကိုအနေဖြင့် ယူကရိန်းပဋိပက္ခကို သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန် လမ်းဖွင့်ထားသည်ဟုဆိုသော်လည်း မည်သည့်အချိန်ကာလအတွင်း အကောင်အထည်ဖော်သွားမည်ဟူသော တိကျသည့်အချိန်ကာလသတ်မှတ်ချက်ကိုမူပြောကြားခြင်းမရှိခဲ့ပေ။
အမေရိကန်သမ္မတထရမ့်ပ်ကမူ ရုရှားနှင့်ယူကရိန်းတို့သည် ယခုသီတင်းပတ်အတွင်း သဘောတူညီချက်တစ်ခုကို ရရှိနိုင်မည်ဟုမျှော်လင့်ကြောင်း Truth လူမှုကွန်ရက်၌ရေးသားခဲ့သည်။
ပက်စကော့ဗ်ကမူ ပဋိပက္ခအတွက် ငြိမ်းချမ်းသည့်အဖြေရှာဖွေရန်ကြိုးပမ်းမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများကို လျှို့ဝှက်လုပ်ဆောင်ရမည်ဖြစ်ပြီး သတင်းပေါက်ကြားမှုကို ကာကွယ်ရန်အရေးကြီးသည်ဟုလည်း အလေးပေးပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာ သမ္မတပူတင်ရော ရုရှားဘက်ကပါ ငြိမ်းချမ်းတဲ့အဖြေရဖို့ ဆွေးနွေးဖို့လမ်းဖွင့်ထားပြီး အမေရိကဘက်ကလည်းဆက်လက်လုပ်ဆောင်နေတာမို့ အဲ့ဒီကြိုးပမ်းမှုတွေကအရာထင်လာမယ်လို့လည်းမျှော်လင့်ပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
