Thursday, June 12, 2025

မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးပုံဖေါ်ခြင်းကိုတရုတ်ကန့်ကွက်

ကုလသမဂ္ဂ၊ ဇွန် ၁၁ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးအရပုံဖေါ်ခြင်းကိုတရုတ်နိုင်ငံက ကန့်ကွက်‌ကြောင်းတရုတ်သံတမန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဆန်းလီ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတွင်...

ပြုံယမ်းဘက်သို့ ဆိုးလ်စစ်တပ်က အသံချဲ့စက်ဖြင့် အော်ခြင်းကိုရပ်ဆိုင်း

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တလျှောက် မြောက်ကိုရီးယားကိုဆန့်ကျင်သော ဝါဒဖြန့်အသံချဲ့စက် ထုတ်လွှင့်မှုများကို တောင်ကိုရီးယားစစ်တပ်က ပိ-တ်လိုက်ပြီဖြစ်ပြီး စစ်ကြောင့်ကွဲကွာသွားသည့် ပြိုင်ဘက်နှစ်နိုင်ငံအကြား တင်းမာမှုကိုဖြေလျှော့ရန် ရည်မှန်းသော လစ်ဘရယ်အစိုးရသစ်၏ ခိုင်မာသော...

ဒါဇင်ဝက် သွင်းဂိုးနှင့်အတူ နိုင်ပွဲရရှိခဲ့သည့် မြန်မာ...

ဗီယက်နမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့ဇွန် (၁၁) ရက်က အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် မြန်မာ-နှင့်...

တေလာဆွစ်ဖ်က သူ၏ပထမအယ်လ်ဘမ် ၆ ခုကို...

နူးယော့ခ်၊ ဇွန် ၁၁ တေလာဆွစ်ဖ်သည် သူ၏တေးဂီတများကို မူပိုင်ခွင့်ရရှိရန် ကြိုးပမ်းခဲ့သည်။ သောကြာနေ့က သူရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ ရှည်လျားတဲ့ပို့စ်ထဲမှာ ဆွစ်ဖ်က “ကျွန်မ အခုလုပ်ဖူးခဲ့တဲ့...
HomeNewsLocal Newsဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့...

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်အတွင်းရှိ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာသော်လည်း ခရီးသွားဧည့်သည် လုံးဝပြတ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသည် ကုန်းနေရေနေ သယံဇာတကြွယ်ဝပြီး သဘာဝအလှများစွာမပျက်စီးဘဲ တည်ရှိမှုကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ လာရောက်အပန်းဖြေလေ့လာကြသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။

လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အတွင်း ဧရိယာ (၁၀၀ ဒ သမ ၁၅) ဧက အကျယ်တွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိပြီး ရုက္ခ၊ ဇီဝနှင့် အဏ္ဏဝါဆိုင်ရာသဘာဝ ကုန်းနေ/ ရေနေ တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကြွယ်ဝခြင်း၊ ဆလုံတိုင်းရင်းသားတို့၏ လူမှုဘဝကို အနီးကပ်လေ့လာနိုင်ခြင်းနှင့် သဘာဝအခြေခံ ခရီးသွားအရင်းအမြစ်များစွာ တည်ရှိနေခြင်းတို့ကြောင့် ပြည်တွင်း ပြည်ပမှ ခရီးသွားများ စိတ်ဝင်တစားဖြင့် လာရောက်လည်ပတ်ကြကြောင်း သိရသည်။

ဝါးအလယ်ကျွန်းသဘာဝအခြေခံအပန်းဖြေစခန်းသို့ ယမန် နှစ် ခရီးသွားရာသီတွင် ခရီးသွား (၂၀၀) ကျော်ဝင်ရောက်မှုရှိခဲ့ကြောင်း ၊ပြည်ပခရီးသွားအနေဖြင့် အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ အီတလီ၊ ထိုင်း၊ ဖီလစ်ပိုင် နိုင်ငံမှ အများဆုံးလာရောက်ကြကြောင်း သိရသည်။

ဝါးအလယ်ကျွန်း သဘာဝအခြေခံအပန်းဖြေစခန်းသို့ သင်္ကြန်ကာလတွင်လည်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုများကြောင်း သိရသည်။

ဝါးအလယ်ကျွန်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ပါက ရေအောက်သန္တာကျောက်တန်းများအလှကို ကြည့်ရှုခြင်း၊ လှိုင်းစီးခြင်း၊ ကယက်လှေစီးခြင်း၊ ဒီရေတောနှင့်အမြဲစိမ်းတောအလှကို ကြည့်ရှုခြင်း၊ ရေနေ/ကုန်းနေသတ္တဝါများ၊ ရှားပါးအပင်များနှင့် ပင်လယ်လိပ်များကို ကြည့်ရှုခြင်း၊ အဏ္ဏဝါအလှနှင့် နေဝင်ဆည်းဆာသဘာဝအလှကို ကြည့်ရှုခံစားခြင်းနှင့် အေးချမ်းလှပသည့် ပင်လယ်ပြင်နှင့် ကျွန်း၏ သဘာဝအလှကို ကြည့်ရှုလေ့လာခြင်းတို့ ဆောင်ရွက်ကြလေ့ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးပုံဖေါ်ခြင်းကိုတရုတ်ကန့်ကွက်

ကုလသမဂ္ဂ၊ ဇွန် ၁၁ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးအရပုံဖေါ်ခြင်းကိုတရုတ်နိုင်ငံက ကန့်ကွက်‌ကြောင်းတရုတ်သံတမန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဆန်းလီ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးကို ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် ၇၉/၁၈၂ အရကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ယင်းဆုံးဖြတ်ချက်အပေါ် သဘောတူညီမှုမှ ခွဲထွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးအရ ပုံ‌ဖေါ်ခြင်းနှင့် လူ့အခွင့်အရေး ပြသနာရပ်များ ကိုအသုံးချခြင်းတို့ကို ကျွန်ုပ်တို့ ဆန့်ကျင်ပြီး ထိုသို့သောကိစ္စရပ်များအပေါ် ဖိအားပေးသည့် အလေ့အထကို ပယ်ချပါသည်" ဟု...

ပြုံယမ်းဘက်သို့ ဆိုးလ်စစ်တပ်က အသံချဲ့စက်ဖြင့် အော်ခြင်းကိုရပ်ဆိုင်း

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တလျှောက် မြောက်ကိုရီးယားကိုဆန့်ကျင်သော ဝါဒဖြန့်အသံချဲ့စက် ထုတ်လွှင့်မှုများကို တောင်ကိုရီးယားစစ်တပ်က ပိ-တ်လိုက်ပြီဖြစ်ပြီး စစ်ကြောင့်ကွဲကွာသွားသည့် ပြိုင်ဘက်နှစ်နိုင်ငံအကြား တင်းမာမှုကိုဖြေလျှော့ရန် ရည်မှန်းသော လစ်ဘရယ်အစိုးရသစ်၏ ခိုင်မာသော ပထမဆုံးခြေလှမ်းတစ်ရပ် ဖြစ်သည်။         စိတ်ဓါတ်စစ်ဆင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် မြောက်ကိုရီးယားသည် တောင်ကိုရီးယားဘက်သို့ အမှိုက်သရိုက်များ ချိတ်ဆွဲထားသည့် မိုးပျံပူဖောင်းများ စေလွှတ်မှုကို လက်တုန့်ပြန်သောအားဖြင့် နှစ်အတန်ကြာ ရပ်ဆိုင်းထားခဲ့သည့် အသံချဲ့စက်ထုတ်လွှင့်မှုများကို ပြီးခဲ့သည့်နှစ် ဇွန်လတွင် တောင်ကိုရီးယားက ပြန်လည်စတင်ခဲ့သည်။        အသံချဲ့စက်ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်ခြင်းသည် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးတွင် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်နှင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း...

ဒါဇင်ဝက် သွင်းဂိုးနှင့်အတူ နိုင်ပွဲရရှိခဲ့သည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း

ဗီယက်နမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့ဇွန် (၁၁) ရက်က အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် မြန်မာ-နှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယနေ့ပွဲစဉ်အတွင်း ကစားသမားအပြောင်းအလဲများ ပြုလုပ်ခဲ့သည့် မြန်မာအသင်းသည် လာအိုအသင်းအား ပထမပိုင်းပွဲချိန်အတွင်း (၃) ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းပွဲချိန်အတွင်း နောက် ထပ် (၃) ဂိုးထပ်မံသွင်းယူနိုင်ခဲ့ကာ (၆) ဂိုး ဂိုးမရှိဖြင့် ဂိုးပြ-တ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် ဇွန် (၉) ရက်က အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ၌ (၂)ဂိုး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071