လာမည့်မတ်လတွင် နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၅၈) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၅၃) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး စုစုပေါင်း နှစ်လအတွင်း နိုင်ငံတကာကုန်သေတ္တာယာဉ် (၁၁၅) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၃) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိပြီး ပို့ကုန် / သွင်းကုန်များလည်း တိုးမြှင့်တင်ပို့/တင်သွင်းနိုင်ရန် ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှလည်း ခရီးစဉ်များပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရသ ည်။
