Wednesday, May 28, 2025

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက်...

ကင်ညာ နိုင်ငံသား (၇)ဦးအား ထိုင်းနိုင်ငံအခြေစိုက်...

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများမှ ထိန်းသိမ်းထားသည့် ကင်ညာနိုင်ငံသား (၇)ဦးအား ယနေ့မေလ (၂၈)ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...

မန္တလေးငလျင် (၂) လပြည့်နေ့တွင် မန္တလေးမြို့...

မတ်လ (၂၈) ရက်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးနှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုမှာ ယနေ့ မေလ (၂၈) ရက်တွင် (၂)...
HomeNewsLocal Newsစားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက် တွန်း

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ဖြင့် တိုင်းတာပြီး GDP တွက်ချက်ရာတွင်လည်း နိုင်ငံ၏လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ကဏ္ဍကြီး(၃)ခုကို အခြေခံတွက်ချက်ကာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ်ထူထောင်ရာတွင် စိုက်ပျိုးမွေး မြူရေးအခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်သည်လည်း အရေးကြီးသည့်သွင်းအားစုများဖြစ်သည်ဟု ပြောသည်။

” လူသားတိုင်းအသက်ရှင်ရပ်တည်မှုအတွက် စားရေး၊ ဝတ်ရေး၊ နေရေးတွေဟာ အဓိကအရေးကြီးတဲ့ အရာတွေဖြစ်ပါတယ်။ အဲဒီ(၃)ခုအတွင်းမှာ စားသောက်ရေးဟာအခြေခံကျပြီး နေ့စဥ်ကြုံတွေ့နေရမယ့် မရှိမဖြစ်အရာဖြစ်တာကြောင့် ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ဖို့ကို နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

စားသောက်ကုန်လုပ်ငန်းအတွက် အဓိကကျပြီးသေချာသည့်ကုန်ကြမ်းသည် နိုင်ငံတွင်း၌အလုံ အလောက်ထွက်ရှိကာ မှတ်ပုံတင်ထားသည့် ပုဂ္ဂ လိကစက်မှုလုပ်ငန်းများထဲတွင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းအရေအတွက်မှာ (၂၃၈၈၇)ခုဖြစ်၍ (၄၉ ဒသမ ၆၃)ရာခိုင်နှုန်းဖြင့်အများဆုံးဖြစ်သည်ဟု ပြောသည်။

” စက်မှုဇုန်တွေမှာမှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းတွေမှာ စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းဟာ လုပ်ငန်းပေါင်း(၂၀၀၄)ခုနဲ့အများဆုံးဖြစ်သလို ပြည်တွင်းမှာရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းတွေဖြစ်တဲ့ MSME မှတ်ပုံတင်စာရင်းမှာလည်း MSME စုစုပေါင်း(၄၉၀၂၅)ခုရှိတဲ့အထဲမှာ စားသောက်ကုန်လုပ်ငန်းဟာ (၉၉၈၄)ခုနဲ့ အများဆုံးဖြစ်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီးအရေးပါသည့် စားသောက်ကုန် လုပ်ငန်းများကို သာမန်သဘောမထားဘဲ အလေးထားကြရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိစ္စသည် ဆွေးနွေးမည့်အစီအစဉ်တစ်ရပ်ဖြစ်ဖွယ်ရှိသည်။ မက်ခရွန်သည် ဒေသတွင်းခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် ရောက်ရှိခြင်းဖြစ်ပြီး ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ သူသည်ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့် လက်ရှိမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမည့် နယ်ပယ်များနှင့်ပတ်သက်၍...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက် ၅ နာရီခွဲခန့်က ထိတွေ့ပ-စ်ခ-တ်မှုဖြစ်ခဲ့ကြောင်း ဆူရန်နာရီ အထူးတပ်ဖွဲ့က သတင်းပို့ခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်ထိုင်း ဆူဗာရီးက ပြောကြားခဲ့သည်။ အခင်းမဖြစ်ပွားမီက ကမ္ဘောဒီးယားစစ်သားများသည် ယခင်သဘောတူညီချက်ကို ချိုးဖောက်ကာ အငြင်းပွားနယ်စပ် ဧရိယာကို ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ ထိုင်းစစ်သားများက ယခင်ကအတိုင်း ၎င်းတို့ဆီ သွားရောက်ကာ အကျိုးအကြောင်းပြောဆိုရန်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ကမ္ဘောဒီးယားစစ်သားများက နားလည်မှုလွဲခဲ့ပုံရကာ...

ကင်ညာ နိုင်ငံသား (၇)ဦးအား ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများမှ ထိန်းသိမ်းထားသည့် ကင်ညာနိုင်ငံသား (၇)ဦးအား ယနေ့မေလ (၂၈)ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လွှဲပြောင်းပေးအပ်မှုအား မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင်လဝကမှူး ဒုညွှန်မှူး ဦးကျော်ကျော်သန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးကျော်ဇင်ဦးတို့မှ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Lindsay Kipt iness ထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ (၂၀) ရက်‌ကလည်း ရုရှားနိုင်ငံသားတစ်ဦးအပါအဝင် နိုင်ငံခြားသား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071