Wednesday, June 4, 2025

ဖိလစ်ပိုင်လူငယ်များ HIV ကူးနှုန်းအဆမတန်မြင့်တက်လာ၍အရေးပေါ်အခြေအနေသတ်မှတ်ထား

မနီလာ၊ဇွန် ၃ ဖိလစ်ပိုင်လူငယ်များအကြား၌ HIV ရောဂါကူးစက်မှုနှုန်းသည် ၅၀၀ ရာခိုင်နှုန်းအထိရှိလာနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရောဂါကို နိုင်ငံတော်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေငြာရန် အကြံပြုထားကြောင်းသိရသည်။ ကျန်းမာရေးဌာနအတွင်းဝန်ကမူ ရောဂါကူးစက်မှုသည် အသက်...

ရုရှား-ယူကရိန်းဆွေးနွေးပွဲ ရလဒ်ကောင်းများဖြင့် အဆုံးသ-တ်ခဲ့

အစ္စတန်ဘူလ်၊ဇွန် ၂ တုကီယေး၏ကြားဝင်စေ့စပ်မှုဖြင့် အစ္စတန်ဘူလ်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည့် ရုရှားနှင့်ယူကရိန်းတို့ဆွေးနွေးမှုတွင် ရလဒ်ကောင်းများရရှိခဲ့သည်ဟု သက်ဆိုင်ရာ အရာရှိများကပြောကြားခဲ့ပြီး အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် အပြုသဘောဆောင်သည့်ရလဒ်များရခဲ့သည်ဟုလည်း ဆိုခဲ့သည်။ တံခါးပိတ်ဆွေးနွေးခဲ့သည့် ဆွေးနွေးမှု၏ရလဒ်သည် မကောင်းသည့်ရလဒ်ဖြင့်...

တောင်ကိုးရီးယားသမ္မတကဝန်ကြီးချုပ်နှင့် ထိပ်တန်းအတွင်းဝန်များကို အမည်စာရင်းတင်သွင်း

ဆိုးလ်၊ ဇွန် ၄ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် နိုင်ငံ၏ ၂၁ ဦးမြောက် သမ္မတအဖြစ် ဗုဒ္ဓဟူးနေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဝန်ကြီးချုပ်နှင့် ထိပ်တန်းအတွင်းဝန်များကို အမည်စာရင်းတင်သွင်းလိုက်ကြောင်း...

အိန္ဒိယနိုင်ငံအာသံ၌ ရေကြီး၍ လူသန်းတဝက်ကျော်ထိခို-က်ခဲ့

နူးဒေလီ၊ဇွန် ၃ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းအာသံပြည်နယ်၌ ရေကြီးရေလျှံသဖြင့် လူပေါင်းသန်းတဝက်ကျော်ထိခို-က်ခဲ့ကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါရေကြီးမှုကြောင့် ပြည်နယ်အတွင်းရှိ ခရိုင်ပေါင်း ၂၂ ခုကိုထိခို-က်စေခဲ့ပြီး လက်ရှိအခြေအနေအထိ ဆိုးရွားနေဆဲဖြစ်သည်ဟုလည်း...
HomeNewsLocal Newsနိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ...

နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို တင်ဒါခေါ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်ထားသည်။

ယင်းအဆိုပြုလွှာကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပုဂ္ဂလိက ဆေးရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော်ရေး ကော်မတီက ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

ဖိတ်ခေါ်ချက်တွင် ယင်းနိုင်ငံတော်ပိုင်မြေ၌ မျက်စိရောဂါကုသမှု၊ ကင်ဆာရောဂါကုသမှု၊ ဆီးနှင့်ကျောက်ကပ်ရောဂါကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ အထွေထွေရောဂါ အထူးကုသမှုစသည်တို့ကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကျန်းမာရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထုအတွက် လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများ အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

စိတ်ဝင်စားသော နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာအား ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနသို့ (Hard copy/Soft copy/Word Files) များဖြင့် ဧပြီလ (၂၃) ရက် ညနေ (၄)နာရီ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်ဟု ဆိုသည်။

လျှောက်လွှာရယူလိုသူများသည် ပုဂ္ဂလိက ကျန်းမာရေးဌာနခွဲ၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၄) နေပြည်တော်တွင် လာရောက် ထုတ်ယူရမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်လူငယ်များ HIV ကူးနှုန်းအဆမတန်မြင့်တက်လာ၍အရေးပေါ်အခြေအနေသတ်မှတ်ထား

မနီလာ၊ဇွန် ၃ ဖိလစ်ပိုင်လူငယ်များအကြား၌ HIV ရောဂါကူးစက်မှုနှုန်းသည် ၅၀၀ ရာခိုင်နှုန်းအထိရှိလာနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရောဂါကို နိုင်ငံတော်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေငြာရန် အကြံပြုထားကြောင်းသိရသည်။ ကျန်းမာရေးဌာနအတွင်းဝန်ကမူ ရောဂါကူးစက်မှုသည် အသက် ၁၅ မှ ၂၅ ကြားလူငယ်များအတွင်း၌ ပိုမိုမြန်ဆန်များပြားနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိကာလအတွင်း နေ့စဉ် HIV ကူးစက်နှုန်းသည် ၅၇ ဦးအထိဖြစ်ခဲ့ပြီး အနောက်ပစိဖိတ်ဒေသတွင် အမြင့်ဆုံးဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ ကျန်းမာရေးဌာန၏ ကိန်းဂဏန်း အချက်အလက်များအရ အသစ်ထပ်မံတွေ့ရှိရသည့် HIV ကူးစက်မှုများသည် ပြီးခဲ့သည့်ဆယ်နှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်းသိရပြီး ၂၀၁၄ ခုနှစ်အထိ...

ရုရှား-ယူကရိန်းဆွေးနွေးပွဲ ရလဒ်ကောင်းများဖြင့် အဆုံးသ-တ်ခဲ့

အစ္စတန်ဘူလ်၊ဇွန် ၂ တုကီယေး၏ကြားဝင်စေ့စပ်မှုဖြင့် အစ္စတန်ဘူလ်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည့် ရုရှားနှင့်ယူကရိန်းတို့ဆွေးနွေးမှုတွင် ရလဒ်ကောင်းများရရှိခဲ့သည်ဟု သက်ဆိုင်ရာ အရာရှိများကပြောကြားခဲ့ပြီး အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် အပြုသဘောဆောင်သည့်ရလဒ်များရခဲ့သည်ဟုလည်း ဆိုခဲ့သည်။ တံခါးပိတ်ဆွေးနွေးခဲ့သည့် ဆွေးနွေးမှု၏ရလဒ်သည် မကောင်းသည့်ရလဒ်ဖြင့် အဆုံးသ-တ်ခြင်းမျိုး မရှိခဲ့ကြောင်း တုကီယေးနိုင်ငံခြားရေးဝန်ကြီးကလည်း အတည်ပြုပြောကြားခဲ့သည်။ ဆွေးနွေးပွဲအပြီး၌ ယူကရိန်းကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ခဲ့သည့် ကိဗ်ကာကွယ်ရေးဝန်ကြီးကလည်း အဆိုပါဆွေးနွေးပွဲ၌ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခိုင်မာသည့်ရလဒ်များ ရရှိခဲ့သည်ဟုလည်း သတင်းမီဒီယာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုအတွင်း ယူကရိန်းဘက်က ရုရှားထံသို့ ၎င်း၏အစီအစဉ်ကို ချပြခဲ့ပြီး အဆိုပါအစီအစဉ်၌ အကျဉ်းသားများလဲလှယ်ရေး၊ စစ်သားငယ်များနှင့် ကလေးငယ်များနေရပ်ပြန်နိုင်ရေးတို့အတွက် ရက် ၃၀ ခြွင်းချက်မရှိ အပ-စ်အခ-တ်ရပ်စဲရေးတို့ပါဝင်သည်ဟုလည်း...

တောင်ကိုးရီးယားသမ္မတကဝန်ကြီးချုပ်နှင့် ထိပ်တန်းအတွင်းဝန်များကို အမည်စာရင်းတင်သွင်း

ဆိုးလ်၊ ဇွန် ၄ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် နိုင်ငံ၏ ၂၁ ဦးမြောက် သမ္မတအဖြစ် ဗုဒ္ဓဟူးနေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဝန်ကြီးချုပ်နှင့် ထိပ်တန်းအတွင်းဝန်များကို အမည်စာရင်းတင်သွင်းလိုက်ကြောင်း သမ္မတရုံးမှ သိရသည်။ လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်အမတ် ၄ ကြိမ်ဖြစ်သူနှလီ၏ သမ္မတမဲဆွယ်စည်းရုံးရေးအဖွဲ့ ပူးတွဲဥက္ကဋ္ဌ ကင်မင်ဆော့ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခြင်းကို ဒီမိုကရက်တစ်ပါတီ ထိန်းချုပ်သော အမျိုးသားလွှတ်တော်ထံ၏ အတည်ပြုချက် လိုအပ်သည်။ လီသည် အာဏာရပါတီ၏ သုံးကြိမ်ဆက်တိုက် လွှတ်တော်အမတ် ကန်ဟွန်စစ်ကို သမ္မတရုံးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီး မကြာသေးမီက ဧပြီလအတွင်း ဒီမိုကရက်တစ်ပါတီမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071