Friday, May 30, 2025

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက...

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ငလျင်ဘေးအလွန်...

အမြန်လမ်း မိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုတွင်...

ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ (၂၁) မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှုကြောင့်...

China-Asean Cup 2025 ပြိုင်ပွဲအတွက်...

China-Asean Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည်ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံကသိရသည်။ အဆိုပါ ပြိုင်ပွဲအား...

MSME ကုန်ထုတ်စွမ်းအားများ ပြန်လည်ရှင်သန်လာရန် ဆောင်ရွက်ပါက...

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ထိခိုက်ခဲ့ရသည့် မြန်မာ့စီးပွားရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နေပြည်တော်၌ပြုလုပ်သည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့်...
HomeNewsLocal Newsရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ်...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန် ဘေလီတံတားကို ဖြုတ်ချထားသည့်အတွက် လမ်းလွှဲမှတဆင့် ဖြတ်သန်းသွား လာနေရခြင်းကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဖြတ်သန်းနေကြရကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ လမ်းပိတ်ဆို့နေတာက တံတားအသစ်ဆောက်ဖို့ ပြင်ဆင်နေတာတွေ့ရတယ်။ လမ်းလွှဲမြေသားလမ်းကနေ ဟိုဘက်ဒီဘက် မျှပြီးဖြတ်ခိုင်းနေတော့ နှစ်ဖက်ယာဉ်တွေစောင့်နေတာ ရာချီလောက်ရှိမယ်။ အနည်းဆုံး နှစ်နာရီလောက်ကြာမယ်ထင်တယ် ဖြတ်ရဖို့က။ ညအိပ်စောင့်ရတဲ့ကားတွေလည်းရှိတယ်” ဟု ဘီးလင်းမြို့ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ ပိတ်ဆို့မှုဖြစ်ပွားခြင်းသည် ဖေဖော်ဝါရီလ (၁၂)ရ က်မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းနှင့် တံတားအသစ်တည် ဆောက်မှုအတွက် ရွှေသံလွင်ကုမ္ပဏီက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက ဒေသတွင်းလက်နက်ကိုင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းကြောင့် တံတားပြိုကျပျက်စီးခဲ့ရကာ ၊ ယင်းဖြစ်စဉ်အတွင်း ခရီးသွားပြည်သူ (၁) ဦး အသက်ဆုံးရှုံးခဲ့ရကာ (၃) ဦး ထိခိုက်ဒဏ်ရသည်။

ဓာတ်ပုံ-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌပြော

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှုများသည် အလွန်ကြီးမားခဲ့ကာ တွက်ချက်ထားမှုအရ ငွေကျပ်(၃၆၂၉ ဒသမ ၂၀၈)ဘီလီယံရှိခဲ့ပြီး ယခုအချိန်၌ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မန္တလေးငလျင်ကြီးသည် မိမိတို့မြန်မာနိုင်ငံသားများ မည်မျှအထိကြံ့ကြံခံနိုင်ရည်ရှိကြသလဲ၊ မိမိတို့၏အခြေခံအဆောက်အအုံများ မည်မျှအထိခိုင်ခံသလဲ၊ မိမိတို့၏အဖွဲ့အစည်းများ မည်မျှအား ကောင်းသလဲဆိုသည်ကို စမ်းသပ်လိုက်ခြင်းဖြစ် သည်ဟု ပြောသည်။ " ကျွန်တော်တို့ ဘယ်လောက်ဆုံးရှုံးခဲ့တယ်ဆိုတာကို ရေတွက်ဝမ်းနည်းနေကြဖို့ထက်...

အမြန်လမ်း မိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုတွင် ကွယ်လွန်သူ မြန်မာအလုပ်သမား(၄)ဦးနစ်နာကြေး ဘတ် (၁)သန်းဆီရ

ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ (၂၁) မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှုကြောင့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး နိုဝင်ဘာ (၂၄)ရက်က ထိခိုက်‌ေ-သဆုံးခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်တွင် ကွယ်လွန်ခဲ့သူ မြန်မာနိုင်ငံသား အလုပ်သမားများကို မြန်မာသံရုံးမှ နစ်နာကြေးရအောင် ဆောင်ရွက်ပေးနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အစီအစဉ်ဖြင့် ထိုင်းဘက် သက်ဆိုင်ရာ ကုမ္ပဏီ၊ မြန်မာအလုပ်သမားသံအရာရှိ မြန်မာသံရုံး မိတ်ဆွေအဖွဲ့များအကြား ညှိနှိုင်းမှုပြုခဲ့ကြသည်။ ယနေ့ မေလ (၃၀)ရက် ထိုင်းနိုင်ငံ၊...

China-Asean Cup 2025 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့ တရုတ်နိုင်ငံသို့ထွက်ခွာ

China-Asean Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည်ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံကသိရသည်။ အဆိုပါ ပြိုင်ပွဲအား ဇွန်လ (၁)ရက်နေ့မှ(၄)ရက်နေ့အထိ တရုတ်နိုင်ငံ Huishui မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ အမျိုး သားအသင်းနှင့် အမျိုးသမီးအသင်း (၂) သင်း ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ကာပြိုင်ပွဲအမျိုးအစားအနေဖြင့်(၃)ယောက်တွဲနှင့်(၄)ယောက်တွဲပြိုင်ပွဲ နှစ်ရပ်ကိုယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ်နိုင်ငံ စသည့် နိုင်ငံ(၈)နိုင်ငံရှိလက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။ အမျိုးသား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071