(၁၉) ကြိမ်မြောက် ReCAAP ISC ၏ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကိစ္စတို့နှင့် ပတ်သက်၍ မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ်နှင့် ReCAAP ISC အမှုဆောင် ဒါရိုက်တာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စင်ကာပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဇော်ဇော်စိုးသည် Regional Cooperation Agreement on Combating Piracy and Armed Robbery against Ships in Asia (ReCAAP) Information Sharing Centre ၏ အမှုဆောင်ဒါရိုက်တာ Mr. Krishnaswamy Natarajan အား ဖေဖော်ဝါရီ (၁၃)ရက်၊ နံနက် (၁၀)နာရီခွဲအချိန်တွင် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သံရုံးယာယီတာဝန်ခံက Mr. Krishnas wamy Natarajan ၏ ReCAAP ISC အမှုဆောင် ဒါရိုက် တာအဖြစ် စင်ကာပူမြို့တွင် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများအပေါ် ဂုဏ်ပြုပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံနှင့် ReCAAP ISC အကြား ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စ၊ လာမည့် (၁၉) ကြိမ်မြောက် ReCAAP ISC ၏ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကိစ္စတို့နှင့် ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Regional Cooperation Agreement on Combating Piracy and Armed Robbery against Ships in Asia (ReCA AP) Information Sharing Centre ၏ အမှုဆောင်ဒါရိုက်တာ Mr. Krishnaswamy Natarajan တာဝန်ပြီးဆုံး၍ စင်ကာပူမြို့မှ ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။
