မြန်မာဘောက်ဆင်ကော်မရှင်က ကျင်းပပြုလုပ်မည့် PBM -4 ပြိုင်ပွဲအတွက် ကစားသမားသက်တမ်း (၁)နှစ်ရှိသူများကို ဖိတ်ခေါ်လျက်ရှိပြီး မျိုးဆက်သစ်တန်း၊ လူသစ်တန်းနှင့် ပရော်ဖက်ရှင်နယ်တန်းဟူ၍ အတန်း(၃)တန်း ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအတွင်း မျိုးဆက်သစ်တန် (၄)ချီ၊ လူသစ်တန်း(၆)ချီ၊ Professional တန်း (၆)ချီ စသည့်သဖြင့် ယှဉ်ပြိုင်ထိုးသ- တ်ရမည်ဖြစ်ကာ အတန်းအားလုံးအတွက် အနိမ့်ဆုံး ၅၀ ဒ သမ ၈၀ ကီလို (112 lbs) fly weight မှစ၍ အမြင့်ဆုံး ၆၃ ဒသမ ၆၀ ကီလို (140 lbs) အထိ သတ်မှတ်ထားကြောင်း သိရသည်။
လျှောက်ထားလိုသည့် ကစားသမားများအဖြင့် မိမိတို့သက်ဆိုင်ရာ Gym (သို့) Club မှ ဆရာ၏ ထောက်ခံချက် ပါရှိရပါမည်ကာ Professional တန်းအတွက် International Box Rec တွင် ပါ၀င်ထားသူများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ရှေ့ဘေး boxing post (၃) ပုံနှင့် passport (၁)ပုံ ပူးတွဲတင်ရမည်ဖြစ်ပြီး လျှောက်လွှာ (Application Form)များကို Myanmar Boxing Commision ၏ Facebook Page Messenger မှလည်းကောင်း ဖုန်းနံပါတ် 09253148277 ၏ Viber မှလည်း ကောင်း မေးမြန်းထုတ် ယူနိုင်ကြောင်းနှင့်ယခုလ ဖေဖော်၀ါရီလ (၂၇)ရက်ဖောင်ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
