Thursday, May 14, 2026

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...
HomeNewsLocal Newsတာချီလိတ်မြို့တွင် ဆိုလာစနစ်အား အသုံးပြု...

တာချီလိတ်မြို့တွင် ဆိုလာစနစ်အား အသုံးပြု ဓာတ်အားဖြန့်ဖြူးရေးစက်ရုံ တည်ဆောက်ရေး ဆွေးနွေး

ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း ၊ တာချီလိတ်မြို့တွင် ထိုင်းနှင့် လာအိုနိုင်ငံတို့မှ လျှပ်စစ်မီး ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် ဆိုလာစနစ်အသုံးပြုသည့် ဓာတ်အားဖြန့်ဖြူးရေးစက်ရုံ တည်ဆောက်ရန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၁၀)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ်အတွင်းလတ်တလော ဖြစ်ပေါ်နေသော စက်သုံးဆီလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဒေသတာဝန်ရှိသူများနှင့် အရပ်ဖက် ဦးဆောင်ကော်မတီများ၊ မြို့မိမြို့ဖများတွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးအတွင်း ဆိုလာစနစ်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲ ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးလုပ်ဆောင်ရန် ၊ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ခြင်းအပါအဝင် ရေအားလျှပ်စစ် ဖော်ထုတ်ရေးကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်သည့် မဂ္ဂါဝပ်ပမာဏမှာ (၃၅) မဂ္ဂါဝပ် ဝန်းကျင်ရှိနေသော်လည်း လတ်တလော လာအိုနိုင်ငံဘက်မှ (၁၃) မဂ္ဂါဝပ်ကိုသာရရှိသဖြင့် အလှည့်ကျ မီးပေးသည့်စနစ်ဖြင့် အသုံးပြုနေကြရသည့်အပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ လောင်စာဆီ စက်သုံးဆီတင်ပို့မှုအား ကြိုတင်အကြောင်းမကြားဘဲ ကန့်သတ်လိုက်ခြင်းကြောင့် ဒေသတွင်း ဆီလိုအပ်မှုများကို အလျင်မီနိုင်ရေး ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

လောင်စာဆီအား ထိုင်းနိုင်ငံမှ တင်သွင်းမည်ဆိုခြင်းထက် ပြည်မမှတင်သွင်းနိုင်ရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် စက်သုံးဆီလုပ်ငန်းရှင် အသင်းများအား ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံဘက်တွင် ရပ်တန့်ထားရသည့် စက်သုံးဆီယာဉ်များအနက် အစီးရေ(၅၀)ခန့်မှာ ငွေရှင်းပြီး ဖြစ်နေသဖြင့် တာချီလိတ် မြို့နယ်အတွင်း ဝင်ရောက်နိုင်ရေး လာအိုနိုင်ငံဘက် လမ်းကြောင်းမှတဆင့် တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းသို့ ဝင်နိုင်ရေး စတင်ဆောင်ရွက်လျက်ရှိသည်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပြီးနောက် မြို့တော်တေရန်တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ တေရန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် တက်ကြွသော ပြတ်ရွေ့ကြောများစွာအနီးတွင် တည်ရှိနေပြီး မြေအောက်၌ စုပုံနေသော ငလျင်ဖိအားများကြောင့် အနာဂတ်တွင် ပိုမိုပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အဆိုပါဒေသတွင် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း တစ်ညအတွင်း ဆက်တိုက်အများအပြား ဖြစ်ပွားခြင်းမှာ...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071