Monday, August 17, 2026

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့်...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမ္မာန် ခန်းမတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံပွဲသို့...
HomeNewsFootball(၄)နိုင်ငံ အမျိုးသမီး ဖိတ်‌ခေါ်ဘောလုံးပြိုင်ပွဲ...

(၄)နိုင်ငံ အမျိုးသမီး ဖိတ်‌ခေါ်ဘောလုံးပြိုင်ပွဲ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားမည်

နီပေါနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် (၄) နိုင်ငံ အုပ်စုပတ်လည် အမျိုးသမီး ဖိတ်‌ခေါ်ဘောလုံးပြိုင်ပွဲကို ယခုလဖေဖော်ဝါရီ (၁၇)ရက်မှ (၂၆)ရက်အထိ ကျင်းပမည်ဖြစ်ရာ မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း သွားရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအတွင်း အိမ်ရှင် နီပေါ၊ ကာဂျစ်စတန်၊ လက်ဘနွန်နှင့်မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ အုပ်စုပွဲဦး ထွက်အနေဖြင့် ဖေဖော်ဝါရီ(၁၇)ရက်တွင် မြန်မာနှင့် လက်ဘနွန်၊ နီပေါနှင့် ကာဂျစ်စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီ (၂၀)ရက်တွင်မြန်မာနှင့် ကာဂျစ်စတန် ၊ လက်ဘနွန်နှင့်နီပေါတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဖေဖော်ဝါရီ (၂၃)ရက်၌ နီပေါနှင့် မြန်မာတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၂၆)ရက်တွင် လေးသင်းပတ်လည်မှ အမှတ်အများဆုံးရရှိသည့် အသင်း(၂)တို့ ဗိုလ်လုပွဲကစားသွားကြမည်ဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ အိန္ဒိယ အသင်းနှင့် ခြေစမ်းကစားခဲ့ကြပြီး ပထမအကျော့ခြေစမ်းပွဲတွင် အနိုင်ရရှိကာ ဒုတိယခြေစမ်းပွဲတွင် သရေရလဒ်ထွက်ပေါ်ထားသည်။

ထို့ပြင် ဟောင်ကောင်အသင်းနှင့် ခြေစမ်းပွဲ ကစားရာ၌လည်း နှစ်ကျော့ပေါင်း (၄)ဂိုး(၁) ဖြင့် အနိုင်ရလဒ်ထွက်ပေါ်ထားသည်။

လက်ရှိ လေးနိုင်ငံ အမျိုးသမီးဖိတ်‌ခေါ်ဘောလုံးပြိုင်ပွဲအတွင်း ပါဝင်မည့် အသင်း (၄)သင်းမှာ FIFA ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် နီပေါအသင်း (၁၀၃) အဆင့်၊ ကာဂျစ်စတ န် (၁၂၈)၊ လက်ဘနွန် (၁၃၄) နှင့် မြန်မာ(၅၅)အဆင့်များဖြင့် ရပ်တည်နေကြသည့် အသင်းများဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း ပဏာမကစားသမား (၃၂)ဦးဖြင့်ဖွဲ့စည်းပြင်ဆင်ထားပြီး ဖေဖော်ဝါရီ (၁၄) ရက်တွင် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

ပြိုင်ပွဲအတွင်း အိန္ဒိယ ပြည်တွင်းကလပ်၌ သွားရောက်ကစားနေသည့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းနှင့် မကြာမီအချိန်က မြန်မာ့လက်ရွေးစင်အသင်းသို့ ခေါ်ယူထားသည့် မေထက်လူတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ် လက်ရှိ စည်းကြပ်ထားသော ကုန်သွယ်ခွန်များကို ခေတ္တဆိုင်းငံ့ပေးပါရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စနေနေ့က တောင်းဆိုလိုက်သည်။ ဇူလိုင်လကုန်ပိုင်းတွင် ကော်ဖီနှင့် ရေနံစသည့် ကင်းလွတ်ခွင့် ရရှိထားသော ကုန်ပစ္စည်း အနည်းငယ်မှအပ ကိုလံဘီယာ ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အမေရိကန်၏ ကုန်သွယ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ “ငလျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့် ပင်တဂွန်၏ မူဝါဒရေးရာ ထိပ်တန်းအရာရှိ အယ်လ်ဘရစ်ချ်တို့ တွေ့ဆုံခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။ အန်ကော ဆန်တီနယ် စစ်ရေးလေ့ကျင့်မှုကို ၂၀၂၇ ခုနှစ်တွင် ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား ရင်းနှီးသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် တံတားတစ်စင်း ဖြစ်လိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သော တိုးတက်မှု...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀)ကျပ်သို့လျော့ချပေး

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားသည့် ရန် ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အ ချက်များနှင့် ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ နောက်နေ့ နံနက် ၅ နာ ရီအထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလကောက်ခံသော ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျှော့ချ ၍ ဓာတ်အားရယူသုံးစွဲခွင့်ပေးခြင်းကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်သွားမည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071