Monday, August 17, 2026

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့်...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမ္မာန် ခန်းမတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံပွဲသို့...
HomeNewsFootballမြန်မာနေရှင်နယ်လိဂ်-၂ တန်းဆင်း အသင်း(၂)သင်းနေရာကို...

မြန်မာနေရှင်နယ်လိဂ်-၂ တန်းဆင်း အသင်း(၂)သင်းနေရာကို အပျော်တမ်းကလပ်အသင်းများဖြင့် အစားထိုးမည်

၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအပြီး တန်းဆင်းသွားရသည့် အသင်း (၂)သင်း နေရာအတွက် အစားထိုးဝင်ရော က် ယှဉ်ပြိုင်ရန် အပျော်တမ်းကလပ်အသင်းများကို ဖိတ်ခေါ်ပြိုင်ပွဲပြုလုပ်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်‌ကော်မတီထံမှ သိရသည်။

ရွေးချယ်ခံရသည့် အသင်း(၂)သည် ၂၀၂၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူး၍ MNL 2 Promotion Amate ur Club Tournament 2025 ပြိုင်ပွဲကို မတ်လ (၁၅) ရက်မှ မတ်လ(၂၉)ရက်အထိ ကျင်းပပြုလုပ်၍ ရွေးချယ်သွားမည်ဖြစ်ကာ၊ ပြိုင်ပွဲဝင်အသင်း (၈) သင်းမှ(၁၀)သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

အဆိုပါ MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအတွက် ယမန်နေ့ ဖေဖော်ဝါရီ (၅)ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများနှင့်ပြိုင်ပွဲဝင်ကလပ်အသင်းများဖြစ်သော 10/Mon FC၊ Enjoy Brother FC၊ Happy Friendship FC၊ Asia Lions FC၊ TKG Hmawbi FC၊ အင်းစိန်စီးတီးအက်ဖ်စီ၊ W United FC၊ Young Boy FC၊ Danger FC၊ မြဧရာအက်ဖ်စီ စသည့် အပျော်တမ်းကလပ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ အကြိုညှိနှိုင်း အစည်းအဝေးတစ်ရပ် ကျ င်းပခဲ့‌သည်။

ထိုအစည်းအဝေးအတွင်း မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က MNL အပျော်တမ်းကလပ်အ သင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် အပျော်တမ်းလိဂ်များစွာကိုဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် MNL -2 2025 ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်နိုင်သော အသင်းနှစ်သင်း (ပထမ၊ဒုတိယနှစ်သင်း) အား ရွေးချယ်သွားမည်ဖြစ်၍ MNL-2 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ ပရော်ဖက်ရှင်နယ် Criteria များအား လိုက်နာဆောင် ရွက်ရမည့် အခြေအနေများ၊ MNL-2 ပြိုင်ပွဲတွင် ရေရှည်ပြိုင်ပွဲဝင်နိုင်ရန် ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိရန်နှင့် စီမံခန့်ခွဲမှုကောင်းစွာဖြင့် ဖွဲ့စည်းယှဉ် ပြိုင်ရန် လိုအပ်သည့်အ ခြေအနေများအား ပြိုင်ပွဲမတိုင်မီ ကလပ်အသင်းများ ကြို တင်ပြင်ဆင်ထားရှိရန် လိုအပ်သည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

MNL 2 Promotion Amateur Club Tournament 2025 အတွက်အုပ်စုပွဲစဉ်များအား ဗဟန်းမြက်ခင်းတု (M-3) ကွင်း၌ လည်းကောင်း၊ ဗိုလ်လုပွဲစဉ်အား သုဝဏ္ဏကွင်း၌ လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ အသိပေးချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ် လက်ရှိ စည်းကြပ်ထားသော ကုန်သွယ်ခွန်များကို ခေတ္တဆိုင်းငံ့ပေးပါရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စနေနေ့က တောင်းဆိုလိုက်သည်။ ဇူလိုင်လကုန်ပိုင်းတွင် ကော်ဖီနှင့် ရေနံစသည့် ကင်းလွတ်ခွင့် ရရှိထားသော ကုန်ပစ္စည်း အနည်းငယ်မှအပ ကိုလံဘီယာ ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အမေရိကန်၏ ကုန်သွယ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ “ငလျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့် ပင်တဂွန်၏ မူဝါဒရေးရာ ထိပ်တန်းအရာရှိ အယ်လ်ဘရစ်ချ်တို့ တွေ့ဆုံခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။ အန်ကော ဆန်တီနယ် စစ်ရေးလေ့ကျင့်မှုကို ၂၀၂၇ ခုနှစ်တွင် ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား ရင်းနှီးသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် တံတားတစ်စင်း ဖြစ်လိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သော တိုးတက်မှု...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀)ကျပ်သို့လျော့ချပေး

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားသည့် ရန် ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အ ချက်များနှင့် ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ နောက်နေ့ နံနက် ၅ နာ ရီအထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလကောက်ခံသော ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျှော့ချ ၍ ဓာတ်အားရယူသုံးစွဲခွင့်ပေးခြင်းကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်သွားမည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071