၂၀၂၅ ခုနှစ် ကမ္ဘောဇဖလား အလွတ်တန်း ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းနှင့် ထီလာမောင်အသင်းတို့ ယနေ့ ဖေဖော်ဝါရီ(၇)ရက် ၌ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။
ယမန်နေ့က ရန်ကုန်တိုင်းအသင်းနှင့်ရှမ်းပြည်နယ်(ခ) အသင်းတို့ ကွာတားဖိုင်နယ် ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းအသင်းက (၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ထီလာမောင်အသင်းကလည်း EC FC အသင်းဖြင့် ကွာတားဖိုင်နယ်ယှဉ်ပြိုင်ခဲ့ရာ ထီလာမောင်အသင်း (၃) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ကမ္ဘောဇဖလား၊ အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းအတွင်း ကျင်းပခဲ့နေခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ ကိုယ်စားပြုမှ ဖိတ်ခေါ်ပြိုင်ပွဲဝင်အသင်း (၁၂)သင်းဖြင့် ယှဉ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။
ပြိုင်ပွဲကို ယခု ၊၂၀၂၅ခုနှစ် ဇန်နဝါရီ (၃၀)ရက်မှ ဖော်ဖော်ဝါရီ (၉)ရက်အထိ(၁၁)ရက်ကြာ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ဘောလုံးအားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်ပေးသည့် ပြိုင်ပွဲတစ်ပွဲဖြစ်သည်။
ဓာတ်ပုံ – ရန်ကုန်တိုင်းအသင်း လေ့ကျင့်ပြင်ဆင်နေသည့်မြ င်ကွင်းပုံရိပ်အချို့
