Friday, August 7, 2026

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...
HomeInternationalတရုတ်ခရီးသွားများက ထိုင်းခရီးစဉ်များကို ဖျက်သိမ်းနေကြ

တရုတ်ခရီးသွားများက ထိုင်းခရီးစဉ်များကို ဖျက်သိမ်းနေကြ

ထိုင်းနိုင်ငံတွင် လုံခြုံရေးကို စိုးရိမ်‌နေရမှုများကြောင့် လာမည့်တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွက် တရုတ်ခရီးသွားအဖွဲ့များ၏ အစုအပြုံလိုက် ခရီးစဉ်ဖျက်သိမ်းမှုများကို ဟိုတယ်နှင့် လေကြောင်းလိုင်းများ က ကြုံတွေ့လာရသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဟောင်ကောင် သရုပ်ဆောင်အဆိုတော် Eason Chan သည် သူ့ဖျော်ဖြေပွဲသို့ လာရောက်မည့် တရုတ်ပရိသတ်များ၏ လုံခြုံဘေးကင်းမှုကို စိုးရိမ်ခြင်းကြောင့်ဆိုကာ ထိုင်းတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့သည်။ တဖန် ဟောင်ကောင်လုံခြုံရေးဗျူရိုသည် အရှေ့တောင်အာရှတွင် ၎င်းတို့နိုင်ငံသားများ အလိ–မ်အညာအလုပ်အကိုင်များဖြင့် မက်လုံးပေး ဖြားယောင်းခံနေရခြင်းကို စုံစမ်းထောက်လှမ်းရန် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသို့ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။

ဟောင်ကောင်မှ ခရီးသွားများ ထိုင်းနိုင်ငံတွင် လိ–မ်ညာလှည့်ဖြားခံရခြင်း သို့မဟုတ် ပြ-န်ပေးဆွဲခံရခြင်းမရှိကြောင်း ဟောင်ကောင်လုံခြုံရေးအရာရှိများက အတည်ပြုခဲ့သည်ဟု ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Natthriya Thaweevong က ပြောကြားခဲ့သည်။ ယင်းအဖြစ်မျိုးကြုံခဲ့ရသူများမှာ တောင်အာရှသို့ ကုန်စည်ပို့ဆောင်ရန် ငှားရမ်းထားသည့် နိုင်ငံသားများဖြစ်ပြီး သူတို့သည် ထိုင်းမှတဆင့် မြန်မာဘက်ခြမ်းသို့ ဝင်ရောက်ရန် သိမ်းသွင်းခံခဲ့ရသည်။

လစာများသော အလုပ်အကိုင်အခွင့်အလမ်းများကို မက်လုံးပေး၍ချဉ်းကပ်မှုများကို သတိထားကြရန် သူ့နိုင်ငံသားများကို ဟောင်ကောင်အာဏာပိုင်များက တိုက်တွန်းထားသည်ဟုလည်း သူက ပြောဆိုခဲ့သည်။

အဓိကအားဖြင့် တရုတ်ခရီးသွားအုပ်စုများကို ပစ်မှတ်ထားသော ခရီးသွားနေရာများရှိ ဟိုတယ်များ အထူးသဖြင့် ဘန်ကောက်ရှိ ဟိုတယ်များသည် ခရီးစဉ်ဖျက်သိမ်းမှုများနှင့် စတင်ကြုံတွေ့လာရသည်ဟု ထိုင်းဟိုတယ်အသင်း(THA) ဈေးကွက်ရှာဖွေရေး ဥက္ကဌ Prachoom Tantiprasertsuk က ပြောဆိုသည်။

ခရီးသွားကုမ္ပဏီများသည် ၎င်းတို့၏ ဟိုတယ်နှင့် လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုများကို ပယ်ဖျက်နိုင်ဆဲအနေအထားဖြစ်သောကြောင့် ခရီးသွားအဖွဲ့များအပေါ် သက်ရောက်မှုသည် ပိုမိုသိသာထင်ရှားလာသည်ဟု သူက ပြောကြားခဲ့သည်။

တရုတ်မင်းသား ဝမ်ရှင်းကို လူကု-န်ကူး သောဖြစ်ရပ် မတိုင်မီက ထိုင်းနိုင်ငံရှိ ဟိုတယ်များသည် တရုတ်နှစ်ကူးအားလပ်ရက်များအတွင်း အခန်းကြိုတင်မှာယူမှုများအားကောင်းခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ဒေသတိုင်းတွင် မြင့်မား ခဲ့သည်ဟု မစ္စ Prachoom က ပြောဆိုသည်။

ဘန်ကောက်ရှိ ဟိုတယ်များသည် တည်းခိုခနှုန်း ၇၀-၈၀ ရာခိုင်နှုန်းနှင့် ဖူးခက်ကဲ့သို့ အပန်းဖြေနေရာများသည် တည်းခိုခနှုန်း ၈၀-၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု သူက ပြောကြားခဲ့သည်။

Thai Lion Air လေကြောင်းလိုင်းမှ လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ Nuntaporn Komonsittivate က တရုတ်ခရီးသွားအဖွဲ့များသည် ခရီးစဉ်ဖျက်သိမ်းမှုကို အများအပြားလုပ်ထားခဲ့ကြသည်ဟု ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် သီရိလင်္ကာရူပီး ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၁၀၀ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယခု အစီအစဉ်သည် စွန့်ပစ်ပစ္စည်းများကို စုဆောင်းခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့အတွက် ရေရှည် နိုင်ငံအဆင့် စနစ်တစ်ခု ထူထောင်ရန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071