Thursday, May 14, 2026

ထိုင်းဘုရင် က ကမ္ဘောဒီးယားဘုရင် အတွက်...

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း (King Maha Vajiralongkorn) သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမုနိ (King Norodom Sihamoni) ၏...

ရထားလမ်းများဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ...

ရထားလမ်းများအဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက် လုပ်ခြင်းတို့ပြုလုပ်ရာ၌ ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။ ယနေ့ မေ ၁၄ ရက်တွင် ပုဗ္ဗသီရိမြို့နယ်ရှိ...

ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်၍ ပြည်သူများ ယုံကြည်အားကိုးအသုံးပြုနိုင်ရန်...

Public Transportation များအနက် ရထားပို့ဆောင်ရေးစနစ်သည် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သဖြင့် ပြည်သူများ ယုံကြည်စိတ်ချစွာ အပြည့်အဝအားကိုး အသုံးပြုနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင်...
HomeInternationalမိုဒီထံမှဒေါ်လာ၂၀,၀၀၀တန်စိန်တစ်ပွင့်ဘိုင်ဒင်ကတော်လက်ဆောင်ရခဲ့

မိုဒီထံမှဒေါ်လာ၂၀,၀၀၀တန်စိန်တစ်ပွင့်ဘိုင်ဒင်ကတော်လက်ဆောင်ရခဲ့

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မိသားစုသည် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရပ်ခြားခေါင်းဆောင်များထံမှ ဒေါ်လာသောင်းချီ၍တန်ဖိုးရှိသော လက်ဆောင်ပဏ္ဍာများ ကို ရရှိခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်သော စာရင်းအင်းတစ်ခုအရသိရသည်။ ယင်းလက်ဆောင်များထဲတွင် သမ္မတကတော် ဂျေးဘိုင်ဒင်ကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပေးအပ်ခဲ့သော အမေရိကန်ဒေါ်လာ ၂၀,၀၀၀ တန်စိန်တစ်ပွင့်သည် ဈေးအကြီးဆုံး လက်ဆောင်ပဏ္ဍာဖြစ်သည်ဟု သိရသည်။

အိန္ဒိယဝန်ကြီးချုပ်က ပေးအပ်ခဲ့သော ၇ ဒဿမ ၅ ကာရက်ရှိ စိန်ပွင့်သည် ၂၀၂၃ ခုနှစ်တွင် သမ္မတမိသားစုဝင်များ ရရှိခဲ့သမျှ လက်ဆောင်များထဲတွင် တန်ဖိုးအကြီးဆုံးဖြစ်သည်။ ထို့အပြင် သူသည် အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ထံမှ ဒေါ်လာ ၁၄,၀၆၃ တန် ရင်ထိုးတစ်ခုနှင့် အီဂျစ်သမ္မတကတော်ထံမှ ဒေါ်လာ ၄,၅၁၀ တန် လက်ကောက်၊ ရင်ထိုးနှင့် ဓါတ်ပုံအယ်လ်ဘမ်တို့ကိုလည်း ရရှိခဲ့သေးသည်။

ဂျိုးဘိုင်ဒင်ကိုယ်တိုင်သည်လည်း မကြာသေးမီကမှ စွပ်စွဲပြစ်တင်ခံထားရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်ထံမှ ဒေါ်လာ ၇,၁၀၀ တန် အမှတ်တရဓါတ်ပုံအယ်လ်ဘမ်တစ်ခု၊ မွန်ဂိုလီးယားဝန်ကြီးချုပ်ထံမှ ဒေါ်လာ ၃,၄၉၅ တန် မွန်ဂိုလီးယားစစ်သည်ရုပ်တုတစ်ခု၊ ဘရူနိုင်းစော်စူလတန်ထံမှ ဒေါ်လာ ၃,၃၀၀ တန် ငွေပန်ကန်လုံးတစ်လုံး၊ အစ္စရေးသမ္မတထံမှ ဒေါ်လာ ၃,၁၆၀ တန် ငွေလင်ပန်းတစ်ချပ်နှင့် ယူကရိန်းသမ္မတထံမှ ဒေါ်လာ ၂,၄၀၀ တန် သောင်းပြောင်းထွေလာဓါတ်ပုံ ပန်းချီကားတစ်ချပ်အပါအဝင် တန်ဖိုးကြီးလက်ဆောင်ပဏ္ဏာ များစွာရရှိခဲ့သည်။

ပြည်ထောင်စုဥပဒေအရ အစိုးရအရာရှိများသည် နိုင်ငံခြားခေါင်းဆောင်များနှင့် ရာထူးအဆင့်တူ အရာရှိများထံမှ လက်ခံရရှိသည့် ခန့်မှန်းခြေ ဒေါ်လာ ၄၈၀ ထက်ပိုသော လက်ဆောင်ပစ္စည်းများကို ထုတ်ဖော်ကြေညာရန်လိုအပ်သည်။ အဆိုပါသတ်မှတ်ချက်နှင့်ကိုက်ညီသော လက်ဆောင်အများအပြားတွင် တန်ဖိုးအသင့်အတင့်ရှိသော လက်ဆောင်များကို အမြဲတစေမဟုတ်သော်လည်း ပုံမှန်အားဖြင့် အမျိုးသားမော်ကွန်းတိုက်ကို လွှဲပေးခြင်း သို့မဟုတ် တရားဝင်ပြသခြင်းများတွင် ထည့်သွင်းရလေ့ရှိသည်။

REF: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းဘုရင် က ကမ္ဘောဒီးယားဘုရင် အတွက် မွေးနေ့ဆုတောင်း

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း (King Maha Vajiralongkorn) သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမုနိ (King Norodom Sihamoni) ၏ မွေးနေ့အခါသမယတွင် ဂုဏ်ပြုဆုတောင်းလွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။မေလ ၁၄ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘောဒီးယားဘုရင်၏ မွေးနေ့အတွက် ပေးပို့သော အဆိုပါ သဝဏ်လွှာတွင် ဘုရင်ကြီး ကျန်းမာရွှင်လန်းစေရန်နှင့် လက်ရှိခံစားနေရသော ကျန်းမာရေးဝေဒနာများမှ အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ထိုင်းဘုရင်က ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ လက်ရှိတွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စတင်းမားနေသော်လည်း ဤသို့ အိမ်နီးချင်းနှစ်နိုင်ငံ ဘုရင်များအကြား ဆုတောင်းလွှာပေးပို့ခြင်းသည်...

ရထားလမ်းများဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ရထားလမ်းများအဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက် လုပ်ခြင်းတို့ပြုလုပ်ရာ၌ ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။ ယနေ့ မေ ၁၄ ရက်တွင် ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှုနှင့်လျှပ်စစ်အင်ဂျင် နီယာဌာန၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက် ရုံ(နေပြည်တော်)၌ ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ထားရှိမှုကိုကြည့်ရှုစစ် ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ အသွားအလာများပြားသည့် ရန်ကုန်-ပြည် လမ်းပိုင်းကို ဒွေးလမ်းအဖြစ်အဆင့်မြှင့်တင်ရန်၊ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်ရထားလမ်းတည်ဆောက်ရာ၌ ရေးနှင့် ထားဝယ်အပိုင်းတွင် လက်ရှိလမ်းထက်ကောင်းမွန်မည့် ပင်လယ်ကမ်းခြေတစ်လျှောက်မောင်းနှင်နိုင် သည့် ပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်သောလမ်းတစ်ခုဖြစ်အောင်ဆောင်ရွက်ရန် မှာကြားသည်။ ပြည်-ပုဂံသွားရထားလမ်းပြန်လည်ပြင်ဆင်အဆင့်မြှင့် တင်ရာတွင် သာယာလှပပြီးရှုမောဖွယ်ဖြစ်သည့် ရှု မျှော်ခင်းများပါရှိရေးဆောင်ရွက်ရန်၊ ရထားစီးခရီး သည်များ သာယာသည့်သဘာဝပတ်ဝန်းကျင်ကို...

ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်၍ ပြည်သူများ ယုံကြည်အားကိုးအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

Public Transportation များအနက် ရထားပို့ဆောင်ရေးစနစ်သည် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သဖြင့် ပြည်သူများ ယုံကြည်စိတ်ချစွာ အပြည့်အဝအားကိုး အသုံးပြုနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ မေ ၁၄ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် လောင်စာဆီအခက်အခဲများကြောင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေယာဉ်၊ မော်တော်ယာဉ်၊ ရေယာဉ်နှင့် ရထားပို့ဆောင်ရေးစနစ်များအနက် ရထားပို့ဆောင်ရေးသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071