Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeNewsLocal Newsပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ...

ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အဆင့် (၄) ရရှိခဲ့

၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေတံဆိပ် (၂၁) ဆု၊ ငွေတံဆိပ် (၂၀) ခု၊ ကြေးတံဆိပ် (၂၁) ဆုရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၅) ခုတွင် အဆင့် (၄) ရရှိခဲ့ကြောင်း သိရသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် အားကစား နည်း (၂၃) နည်းဖြင့် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အားကစားနည်း (၂၁) နည်း၌ ပြိုင်ပွဲဝင်အားကစားသမား ကျား/မစုစုပေါင်း (၃၄၁) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့ချင်းတွင်းခန်းမတွင် ဒီဇင်ဘာလ (၂၈) ရက်၊ နံနက်ပိုင်းက၂၀၂၄ -၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အားကစားသမားများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများ/ အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုပွဲကျင်းပခဲ့သည်။

“ကျင်းပပြီးသွားတဲ့ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ဟာပြည်တွင်းမှာကျင်းပတဲ့ အားကစားပြိုင်ပွဲတွေထံက အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်သလို တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက်တာဝန်ရှိသူတွေ အုပ်ချုပ်/နည်းပြတွေ အားကစားသမားတွေ အားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အစွမ်းကုန်ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးက စစ်ကိုင်းတိုင်းဒေသကြီး အနေနဲ့ မြန်မာ့လက်ရွေးစင်ပဏာမအဖြစ် ဘတ်စကက်ဘော အမျိုးသား(၅)ဦး၊ ကာယကြံ့ခိုင်မှု အမျိုးသား (၄)ဦး၊ အမျိုးသမီး(၁)ဦး ရွေးချယ်ခံခဲ့ရပြီး အလေးမပြိုင်ပွဲမှာလည်း အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၂)ဦးဟာ တိုင်းဒေသကြီးနှင့်ပြည်နယ် စံချိန်ချိုးပြီး ရွှေတံဆိပ်ဆု ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါတယ်။ အခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ ရွှေ/ငွေ/ကြေး ဆုတံဆိပ်တွေ ရရှိအောင် ကြိုးစားအားထုတ်ပေးခဲ့ကြတဲ့ အုပ်ချုပ်/နည်းပြတွေနဲ့ အားကစားသမားတွေကို အခုလိုထပ်မံဂုဏ်ပြု ချီးမြှင့်ပေးရတာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိခဲ့ကြသည့် ပြေးခုန်ပစ်အသင်းမှ အသင်းအုပ်ချုပ်သူနှင့် အသင်းခေါင်းဆောင်များ က တံခွန်စိုက် ဆုဖလားများ အပ်နှံကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် အုပ်ချုပ်/နည်းပြများနှင့် ရွှေတံဆိပ်ဆုရ ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်နှင့်တိုင်း ဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ငွေတံဆိပ်/ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသည့် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီး မြှင့်ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071