Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeNewsLocal Newsသက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဗဟိုကော်မတီဖွဲ့စည်း

သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဗဟိုကော်မတီဖွဲ့စည်း

ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်က နစက ဥပဒေအမှတ် ၇၄/၂၀၂၄ ဖြင့်ထုတ်ပြန်သည့် သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပ‌ဒေထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

နစက မှ သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပ‌ဒေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဗဟိုကော်မတီတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ရဲချုပ်မှ အတွင်းရေးမှူး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး၏ ဌာနကြီးမှူးက တွဲဖက်အတွင်းရေးမှူးအဖြစ် တာ ဝန်ယူသွားမည်ဖြစ်သည်။

ထို့ပြင် ဝန်ကြီးဌာန(၇)ခုမှ ဒု-ဝန်ကြီး(၇)ဦးနှင့် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် အဂ တိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်(၄)ဦးတို့မှလည်း အဖွဲ့ဝင်များအဖြစ်ပါဝင်သည်။

ထို့အတူ ပြဋ္ဌာန်းခဲ့သည့် သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပ‌ဒေ၌ နေ ပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် သက် သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးကော်မတီများကိုလည်းဖွဲ့စည်းခဲ့သည်။

ထို့ပြင် သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (သို့)ခရိုင်သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးကော်မတီတို့ကိုဖွဲ့စည်းရန်လည်းပြဋ္ဌာန်းထားပြီး ယင်း ဥပဒေအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071