Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeInternationalအလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ်...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ပန်းကုံးများရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုသော အဆိုပါလူငယ်သည် ရက်ပ်သီချင်းများဆိုကာ ဖောက်သည်များကို ဆွဲဆောင်လေ့ရှိသူဖြစ်သည်။ သူသည် ငွေကြေးအတွက် အရက်ကို တကြိုက်တည်း အမြန်သောက်ပြသည့် အလောင်းအစားဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်။

ပါတီပွဲတစ်ခုတွင် အားပေးအားမြှောက်လုပ်နေသည့် လူအုပ်ကြား၌ ထာနာကမ်က ဝီစကီပုလင်းသေးတစ်လုံးကို အမြန်မော့သောက်ပြနေသည့် ဗီဒီယိုဖိုင်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ ပါတီပွဲတက်သူအချို့က မိုဘိုင်းလ်ဖုန်းများဖြင့် သူ့ကို ဗီဒီယိုရိုက်နေခဲ့ကြသည်။

အလောင်းအစားဖြင့် အရက်သောက်ပြခဲ့ပြီးနောက် ထာနာကမ်သည် နာမကျန်းဖြစ်ကာ အော့အန်ခဲ့သည်။ ယင်းနောက်သူ့ကို ဆေးရုံတင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ဆေးရုံ၌ပင် အသက်ဆုံးရှုံးခဲ့သည်။

ကယ်ဆယ်ရေးသမားများက ထာနာကမ်ကို ထမ်းစဉ်ဖြင့် လူနာတင်ယာဉ်ဆီ ပို့ဆောင်နေစဉ်တွင် ပါတီပွဲတက်သူအချို့ ရယ်မောနေခဲ့ကြသည်ကို ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုတွင် ဖော်ပြခဲ့သည်။ မှတ်ချက်ပေးသူများက ထိုသူများကို စာနာစိတ်မရှိသူများဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။

အဆိုပါလူငယ်သည် သူ နှစ်လသားအရွယ်ကပင် မိဘနှစ်ပါးကွဲကွာသွားခဲ့သောကြောင့် ဘန်ကောက်မြို့ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် အဖွားဖြစ်သူအုပ်ထိန်းမှုအောက်၌ ကြီးပြင်းခဲ့သူဖြစ်သည်။ သူ အသက် ခုနစ်နှစ်အရွယ်တွင် Ram Intra လမ်းပေါ်ရှိ Liab Duan သားငါးဈေးတွင် ပန်းကုံးများစတင်ရောင်းချကာ အဖွားနှင့် သူ့အတွက် ဝင်ငွေရှာခဲ့သည်။

သူသေဆုံးခဲ့ပြီးနောက် လူသေစေသော ကြေးဖွင့်စိန်ခေါ်သည့် လုပ်ရပ်ကို မိုက်မဲသော အကြောင်းအရာအဖြစ် အင်တာနက်အသုံးပြုသူအများအပြားက ရှုတ်ချခဲ့ကြပြီး ထိုအကြောင်းအရာဗီဒီယိုများကို ပို့စ်တင်ခြင်းမလုပ်ကြရန် တောင်းဆိုခဲ့ကြသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊ မီးပြတ်တောက်မှုကြောင့် မြို့နယ်အချို့တွင် ရေပေးဝေချိန် နောက်ကျနိုင်နေပြည်တော်ရှိ မြို့နယ်အချို့၌ ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိတွင် မီးပြန်လည်ရရှိရေးနှင့် ရေပေးဝေမှု အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနများက အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် ဓာတ်တိုင်ကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မြို့နယ်အချို့ရှိ အိမ်ရာများ၊ အဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၏ ဝိုင်းဝန်းပြုပြင်မှုကြောင့် နေရာအချို့တွင် မီးပြန်လည်ရရှိနေပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် နေရာများကိုလည်း အမြန်ဆုံး ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရေပေးဝေမှု နောက်ကျနိုင်သည့် နေရာများ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အောက်ရှိ ရေတင်စနစ်များ...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် များကို သိန်း ၂၀၀ ကျော် ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ဧပြီလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အလင်းဝင်လာသူများမှာ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာတွင် မိမိတို့နှင့်အတူ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄ ဦးနှင့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့ ဧပြီလ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်ပြီး ပုန်းခိုနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071