Wednesday, June 10, 2026

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး...

မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG က အဆင့်တိုးမြှင့်သတ်မှတ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၉ ရက်၊...

သင်္ဃန်းကျွန်းစံပြစျေးရှေ့ လူကူးဂုံးကျော်တံတားအား အမိုးတပ်ဆင်နေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ် စံပြစျေးရှေ့ရှိ လူကူးဂုံးကျော်တံတားမှ ဖြတ်သန်းသွားလာသူများ အပူဒ-ဏ်သက်သာစေရေးနှင့် လုံခြုံစိတ်ချစွာဖြတ်သန်းသွားလာနိုင်ရေးတို့အတွက် အမိုးတပ်ဆင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တပ်ဆင်နေမှုကို ‎ရန်ကုန်မြို့တော်စည်ပင်အတွင်းရေးမှူး ဦးချိုထွန်းအောင်နှင့်...

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU) တည်ထောင်ခြင်း (၁၀)...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University - SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်...

AYA Tri Nation Cup...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ (၃) ရက်မှ (၉) ရက်အထိ လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026...
HomeInternationalကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ်...

ကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ် မဖြစ်မနေ ကျင့်သုံးမည်

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇

ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေ ကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။

“လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e – invoicing စနစ်) ကို စမ်းသပ်နေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဒစ်ဂျစ်တယ်စီးပွားရေးအထွေထွေဌာနမှ တာဝန်ရှိသူ Mengchhonhg Keang ကပြောကြားခဲ့သည်။

“ဒီစနစ်က ပိုပြီးထိရောက်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ပြီးတော့ ပိုလဲပွင့်လင်းလာမယ်။ဒီ့‌နောက်မှာတော့ B2B (စီးပွားရေးမှစီးပွားရေးလုပ်ငန်း) ကို စတင်ချင်ပါတယ်။ဒါက ‌ပိုကောင်းတဲ့အနာဂတ်ပါပဲ” ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။

“နောက်နှစ်မှာ B2B စနစ်ကို မဖြစ်မနေလုပ်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။အကယ်၍ နောက်နှစ်ကိုအကောင်အထည်မဖော်နိုင်ခဲ့ရင် နောက်သုံးနှစ်အတွင်းမှာအကောင်အထည်ဖော်နိုင်ဖို့ သေချာပါတယ်” ဟု လည်း၎င်းကပြောကြားခဲ့သည်။

ယင်းနောက် ၎င်းတို့သည် ဆက်လက်၍ စီးပွားရေးလုပ်ငန်းမှ စားသုံးသူများထံသို့ e – invoicing စနစ်ကိုဆက်လက်ကျင့်သုံးမည်ဖြစ်သည်ဟုလည်းသိရသည်။

e – invoicing စနစ်တွင် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့်ငွေပေးချေခြင်းစနစ်များပါဝင်သည်။ယခုစနစ်အရပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုပိုကောင်းလာစေပြီး အီလက်ထရွန်းနစ် ပြေစာများအသုံးပြုမှုကို တွန်းအားပေးကာ အခွန်စည်းမျဉ်းများကို လိုက်နာစေကာ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကူညီပေးနိုင်မည်ဟုလည်းပြောကြားခဲ့သည်။

Source : ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG က အဆင့်တိုးမြှင့်သတ်မှတ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၉ ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG မှ ပြန်လည်ပေးပို့ခဲ့သည့် Final Factual Check အရ Action Item 6.2၊ 7.2 နှင့် 8.1 တို့ကို “Partly...

သင်္ဃန်းကျွန်းစံပြစျေးရှေ့ လူကူးဂုံးကျော်တံတားအား အမိုးတပ်ဆင်နေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ် စံပြစျေးရှေ့ရှိ လူကူးဂုံးကျော်တံတားမှ ဖြတ်သန်းသွားလာသူများ အပူဒ-ဏ်သက်သာစေရေးနှင့် လုံခြုံစိတ်ချစွာဖြတ်သန်းသွားလာနိုင်ရေးတို့အတွက် အမိုးတပ်ဆင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တပ်ဆင်နေမှုကို ‎ရန်ကုန်မြို့တော်စည်ပင်အတွင်းရေးမှူး ဦးချိုထွန်းအောင်နှင့် တာဝန်ရှိသူများက ဇွန် ၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ညီလာခံများ ကျင်းပမည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University - SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်များအတွင်း ဗုဒ္ဓဘာသာဆိုင်ရာ ရာပြည့်လာစာတမ်းဖတ်ပွဲများနှင့် ဘာသာရေးအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် ဗုဒ္ဓဘာသာဆိုင်ရာ အခမ်းအနား အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၂၀၂၆ ဇူလိုင်လ (၃၊ ၄၊ ၅) ရက်တွင် ဝိသုံဂါမသိမ်တော်ရေစက်ချပွဲနှင့်အတူ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071