Wednesday, May 20, 2026

ဒေါ်နယ်ထရမ့်ပ် တရုတ်မှအပြန်၌ ဗလာဒီမီယာ ပူတင်ရောက်လာ

ဟောင်ကောင်၊ မေလ ၁၉ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လက်ခံ တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအကြာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နောက်ထပ် အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်သည့်...

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို ဒု-သမ္မတဦးညိုစောနှင့် တရုတ်သံအမတ်တို့ဆွေးနွေး

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို မြန်မာနိုင်ငံ ဒု-သမ္မတဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်...

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်တို့တွေ့ဆုံ  ဆရာ/ဆရာမ(၃၀)ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို...

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ်...

မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာတွင်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေး ရွာအုပ်စု၊ ပိန်းညောင်(၁၊ ၂၊ ၃)ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာ၌နေထိုင်သူများ ၂၄ နာရီလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်...
HomeNewsLocal NewsIBEC နှင့် KBU...

IBEC နှင့် KBU Senate တို့မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူ(၇)ဦးအမည်စာရင်းထုတ်ပြန်

IBEC Buddhist University နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ တက္ကသိုလ်ဆီးနိတ်မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Honorary Doctorate)ရရှိသူ(၇)ဦးအမည်စာရင်းကို IBEC ကထုတ်ပြန်ခဲ့သည်။

ကျွန်းလှဗုဒ္ဓတက္ကသိုလ်၏ နာယကဆရာတော်၊ ပါမောက္ခဒေါက်တာစောပြုံးနိုင်(ပါမောက္ခချုပ် (ငြိမ်း) စစ်ကိုင်းပညာရေးတက္ကသိုလ်)(ဧည့်ပါ မောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာတင်မောင်ဝင်း(ဒု-ပါမောက္ခချုပ်(ငြိမ်း) လွိုင်ကော်တက္ကသိုလ်)(ဒု-ပါမောက္ခချုပ်(သင်ကြား) ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့အား ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်သည်။

ထို့ပြင် ပါမောက္ခဒေါက်တာရီအေး(ပါမောက္ခ ချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာမို့မို့ရီ(ပါမောက္ခချုပ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာအောင်ဆန်းလင်း
(ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်၊ ရတနာပုံ ဆိုက်ဘာစီးတီး)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ဒေါက်တာပိယရတနမဟာရာဂျန်
(နိုင်ငံတကာပူးပေါင်းဆောင်ရွက်သူ၊ နီပေါ)(ဧည့်ကထိက၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ကိုလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ် နှင်းသွားမည်ဖြစ်သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များအား လာမည့် ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီတွင် IBEC Buddhist University ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပမည့် သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်နယ်ထရမ့်ပ် တရုတ်မှအပြန်၌ ဗလာဒီမီယာ ပူတင်ရောက်လာ

ဟောင်ကောင်၊ မေလ ၁၉ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လက်ခံ တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအကြာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နောက်ထပ် အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို အင်္ဂါနေ့ (မေလ ၁၉ ရက်) တွင် ခရီးဦးကြိုပြုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သော သမ္မတ ထရမ့်ပ်၏ နိုင်ငံတော်အဆင့် ခရီးစဉ်သည် အင်အားကြီး ကမ္ဘာ့စူပါပါဝါ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထိန်းညှိရန် ရည်ရွယ်ခဲ့ခြင်းပြီး ယခု သမ္မတ ပူတင်၏ ခရီးစဉ်မှာမူ သမ္မတ...

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို ဒု-သမ္မတဦးညိုစောနှင့် တရုတ်သံအမတ်တို့ဆွေးနွေး

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို မြန်မာနိုင်ငံ ဒု-သမ္မတဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် စီမံ ကိန်းများအပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစား/အွန်လိုင်းလိမ်လည်မှုများတို-က်ဖျ-က်ရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်တို့တွေ့ဆုံ  ဆရာ/ဆရာမ(၃၀)ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို အိန္ဒိယတက္ကသိုလ်များတွင် တက်ရောက်နိုင်ရေးဆွေးနွေး

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်းဆ ရာများကို မြန်မာနိုင်ငံ၏ သတ်မှတ်တက္ကသိုလ်များတွင် ရေရှည်ခန့်ထားတာဝန်ပေးအပ်ရေး၊ ဆရာ/ဆရာမ(၃၀) ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို အိန္ဒိယတက္ကသိုလ်များတွင်တက်ရောက်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများအတွက် ပညာတော်သင်ဆုများချီးမြှင့်ပေးအပ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071