Wednesday, May 20, 2026

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို ဒု-သမ္မတဦးညိုစောနှင့် တရုတ်သံအမတ်တို့ဆွေးနွေး

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို မြန်မာနိုင်ငံ ဒု-သမ္မတဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်...

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်တို့တွေ့ဆုံ  ဆရာ/ဆရာမ(၃၀)ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို...

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ်...

မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာတွင်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေး ရွာအုပ်စု၊ ပိန်းညောင်(၁၊ ၂၊ ၃)ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာ၌နေထိုင်သူများ ၂၄ နာရီလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်...

နည်းပြချုပ်သစ်နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်စတင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ နိုင်ငံတကာပြိုင် ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့် အပ်ခဲ့သည်။ ထိုသို့ ခန့်အပ်ပြီးနောက်...
HomeInternationalဒေါ်နယ်ထရမ့်ပ် တရုတ်မှအပြန်၌ ဗလာဒီမီယာ...

ဒေါ်နယ်ထရမ့်ပ် တရုတ်မှအပြန်၌ ဗလာဒီမီယာ ပူတင်ရောက်လာ

ဟောင်ကောင်၊ မေလ ၁၉ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လက်ခံ တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအကြာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နောက်ထပ် အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို အင်္ဂါနေ့ (မေလ ၁၉ ရက်) တွင် ခရီးဦးကြိုပြုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သော သမ္မတ ထရမ့်ပ်၏ နိုင်ငံတော်အဆင့် ခရီးစဉ်သည် အင်အားကြီး ကမ္ဘာ့စူပါပါဝါ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထိန်းညှိရန် ရည်ရွယ်ခဲ့ခြင်းပြီး ယခု သမ္မတ ပူတင်၏ ခရီးစဉ်မှာမူ သမ္မတ ရှီကျင့်ဖျင်ကို “ချစ်ကြည်လှစွာသော မိတ်ဆွေ” ဟု လူသိရှင်ကြား ခေါ်ဝေါ်လေ့ရှိသည့် ကာလရှည် မိတ်ဖက်နိုင်ငံကို ယုံကြည်မှု ပြန်လည်မြှင့်တင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ယခု နှစ်ရက်တာ ခရီးစဉ်သည် သမ္မတ ပူတင်အတွက် သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံသို့ (၂၅) ကြိမ်မြောက် လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

ယူကရိန်းနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အနိုင်ရရန် ရုန်းကန်နေရပြီး ပြည်တွင်း၌လည်း အများပြည်သူ၏ မကျေနပ်မှု လက္ခဏာရပ်အချို့နှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာမှုကို ပြန်လည်ပြသရန် သမ္မတ ပူတင်အတွက် အလွန်အရေးကြီးသော အချိန်အခါလည်း ဖြစ်သည်။

ရုရှားနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် “မည်သည့်အခါကမှ မရှိခဲ့ဖူး‌ သောအဆင့်အတန်းတစ်ခု” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သမ္မတ ပူတင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ယခု ပြောကြားချက်သည် ၎င်း၏ ပြည်ပခရီးစဉ် မတိုင်မီ ပထမဆုံးအကြိမ် ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြကြသည်။

ထို့အပြင် ၎င်းက “ကျွန်တော်တို့ဟာ လက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်သလို၊ ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးနဲ့ အိမ်နီးချင်းကောင်း ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

သမ္မတ ပူတင်၏ တရားဝင်ခရီးစဉ်အတွင်း ဗုဒ္ဓဟူးနေ့တွင် သမ္မတ ရှီကျင့်ဖျင်က မဟာပြည်သူ့ခန်းမဆောင်ကြီး (Great Hall of the People) ၌ ကြိုဆိုပွဲ အခမ်းအနားဖြင့် ခရီးဦးကြိုပြုမည်ဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ယင်းနောက် ညပိုင်းတွင် တရုတ်-ရုရှား ချစ်ကြည်ရေး (၂၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် ဂုဏ်ပြုညစာစားပွဲသို့ ခေါင်းဆောင်နှစ်ဦး စုံညီစွာ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: အင်န်ဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို ဒု-သမ္မတဦးညိုစောနှင့် တရုတ်သံအမတ်တို့ဆွေးနွေး

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို မြန်မာနိုင်ငံ ဒု-သမ္မတဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် စီမံ ကိန်းများအပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစား/အွန်လိုင်းလိမ်လည်မှုများတို-က်ဖျ-က်ရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်တို့တွေ့ဆုံ  ဆရာ/ဆရာမ(၃၀)ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို အိန္ဒိယတက္ကသိုလ်များတွင် တက်ရောက်နိုင်ရေးဆွေးနွေး

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်းဆ ရာများကို မြန်မာနိုင်ငံ၏ သတ်မှတ်တက္ကသိုလ်များတွင် ရေရှည်ခန့်ထားတာဝန်ပေးအပ်ရေး၊ ဆရာ/ဆရာမ(၃၀) ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို အိန္ဒိယတက္ကသိုလ်များတွင်တက်ရောက်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများအတွက် ပညာတော်သင်ဆုများချီးမြှင့်ပေးအပ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေး ရွာအုပ်စု၊ ပိန်းညောင်(၁၊ ၂၊ ၃)ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာ၌နေထိုင်သူများ ၂၄ နာရီလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်း)ထံမှ သိရသည်။ ထိုသို့ အသုံးပြုနိုင်ရန် ၂၂-ကေဗွီ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင် ရွက်ခဲ့ရာမှ ယနေ့ မေ ၁၉ ရက်တွင် လျှပ်စစ်ဓာတ်အားစတင်ချိတ်ဆက်ပို့လွှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာများတွင်နေထိုင်သူများ လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အ တန်းမြင့်မားလာစေရေး၊ ဒေသတွင်း အသေးစား၊ အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071