Wednesday, June 10, 2026

နိုင်ငံတော်သမ္မတပေးပို့သည့် တိုင်း/ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း...

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm)...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင်...

မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေး အိန္ဒိယ Prasad...

အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်များကို ရေရှည်ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင်...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည် ဖြစ်ကာ အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားမည်ဟု...
HomeNewsLocal NewsDEMU ရထားတွဲဆိုင်းအသစ်များ ခရီးသည်စီးနင်းမှု...

DEMU ရထားတွဲဆိုင်းအသစ်များ ခရီးသည်စီးနင်းမှု များပြား

ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ပြေးဆွဲလျက်ရှိရာ ခရီးသည်စီးနင်းမှု များပြားလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ ယခင် ဂျပန် RBE ရထားဖြင့် ခေါက်ရေ (၂၀)၊ လေအေးပေးစက်ပါဝင်သည့် DEMU တွဲဆိုင်းသစ်ဖြင့် ခေါက်ရေ (၁၅)ခေါက် စုစုပေါင်း (၃၅) ခေါက် နေ့စဉ်ပြေးဆွဲပေးနေကြောင်း သိရသည်။

မြို့ပတ်ရထားလမ်းပိုင်းအတွက် စပိန်နိုင်ငံထုတ် DEMU တွဲဆိုင်း (၁၁) ဆိုင်းဝယ်ယူထားပြီး (၁၀) ဆိုင်းရောက်ရှိပြီဖြစ်ကာ (၃) ဆိုင်းဖြင့် စတင်ပြေးဆွဲပေးနေပြီဖြစ်သည်။

အဆိုပါ ရထားတွင် ထိုင်စီး (၃၃၂) ဦး၊ မတ်တပ်ရပ်စီး (၅၀၀) ဦးစုစုပေါင်း (၈၃၂) ဦးစီးနင်းနိုင်ပြီး နေ့စဉ်မြို့ပတ်ရထားစီးနင်းသူ (၁၀၀၀၀) ခန့်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ (၁) ရက်မှစတင်ပြီး ရန်ကုန်အထိ လမ်းကြောင်း (၇) ခုနှင့် ရန်ကုန်မှ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်းကြောင်း (၇) ခု စုစုပေါင်း လမ်းကြောင်း (၁၄)ခုအထိ DEMU တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးလျက်ရှိပြီး မြို့ပတ်ရထားလက်မှတ်ခနှုန်းထားမှာ (၀) မိုင်မှ (၁၅) မိုင်ထိကို (၅၀၀) ကျပ်၊ မိုင် (၃၀) အထိ (၁၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတပေးပို့သည့် တိုင်း/ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် သက်ဆိုင်ရာ ရာထူးအလိုက် ခန့်အပ်တာဝန်ပေးခြင်းကို ပြည်ထောင်စုလွှတ်တော်၌ မှတ်တမ်းတင်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော တိုင်း (သို့) ပြည်နယ်ဝန်ကြီးများ၊ တိုင်း (သို့) ပြည်နယ်ဥပဒေချုပ်များ၊ တိုင်း (သို့) ပြည်နယ်စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်း (သို့) ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်း (သို့) ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် မြို့တော်ဝန်များ ခန့်အပ်တာဝန်ပေးအပ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တင်ပြပြီးမှတ်တမ်းတင်ကြောင်းကို ပြည်ထောင်စုလွှတ်တော်နာယကက...

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေတို့ကဆွေးနွေးရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဟန်ဝင်းအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ "လက်ရှိအခြေအနေမှာ နိုင်ငံတော်အစိုးရအနေနဲ့ စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အဓိကအသုံးပြုရတဲ့ ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်းတည်ငြိမ်စေဖို့ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့နဲ့...

မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေး အိန္ဒိယ Prasad Group နှင့် ပူးပေါင်းဆွေးနွေး

အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်များကို ရေရှည်ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင် ဖလင်များကို စနစ်တကျထားသိုထိန်းသိမ်းခြင်းနှင့် ခေတ်မီဒီဂျစ်တယ်နည်းပညာများ အသုံးပြု၍ ရေရှည်ထိန်းသိမ်းနိုင်ရေးနည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာ့ဂန္ထဝင်ရုပ်ရှင်ဖလင်ဟောင်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် နောက်ဆုံးပေါ်နည်းပညာများဖြင့် ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲမြှင့်တင်နိုင်ရေးနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ Prasad Group (Prasad Corporation) သည် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ အိန္ဒိယနိုင်ငံ၏ နာမည်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071