ပေကျင်း၊ဒီဇင်ဘာ ၂
တရုတ်နိုင်ငံ၏အကြီးဆုံး သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြစ်သည့် တရုတ် – ရုရှား အရှေ့ဘက်လမ်းကြောင်း ဓါတ်ငွေ့ပိုက်လိုင်းသည် ယခုအခါအပြည့်အဝချိတ်ဆက်လိုက်နိုင်ပြီဖြစ်ကြောင်း ပိုက်လိုင်းအော်ပရေတာကကြေငြာချက်ထုတ်ပြန်ခဲ့သည်။
တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်ကော်ပိုရေးရှင်း (PipeChina) ၏ ပြောကြားချက်အရ ပိုက်လိုင်းမှတစ်ဆင့်တင်သွင်းမှုသည် နှစ်စဉ် ၃၈ ဘီလျံကုဗမီတာစွမ်းဆောင်ရည်အပြည့်ရှိမည်ဟုလည်းသိရသည်။
တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံချက်တစ်ခုအနေဖြင့် ယခုပြီးစီးခဲ့သည့်နယ်စပ်ဖြတ်ကျော်ဓာတ်ငွေ့ပိုက်လိုင်းသည် ရုရှားဘက်တွင် ကီလိုမီတာ ၃,၀၀၀ အရှည်ရှိပြီး တရုတ်နိုင်ငံတွင် ၅,၁၁၁ ကီလိုမီတာရှည်လျားသည်ဟုလည်းဆိုသည်။
ယခုပိုက်လိုင်းသည် ရုရှားပိုင်နက်ဆိုက်ဘေးရီးယားမှတစ်ဆင့် ရုရှားနိုင်ငံအရှေ့မြောက်ဘက်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော တရုတ်နိုင်ငံ ဟေဟီမြို့ကစ၍ နိုင်ငံတောင်ဘက်ရှိစီးပွားရေးနှင့်ဘဏ္ဍာရေးအချက်အချာကျ သော ရှန်ဟိုင်းမြို့အထိသဘာဝဓာတ်ငွေ့များကိုပို့ဆောင်ပေးသည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ
