Friday, August 7, 2026

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...
HomeInternationalမနီလာ ဆင်းရဲသားရပ်ကွက်တွင် မီးအကြီးအကျယ်လောင်

မနီလာ ဆင်းရဲသားရပ်ကွက်တွင် မီးအကြီးအကျယ်လောင်

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာအနီးဝန်းကျင်တွင်ရှိသည့် ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ခဲ့သောကြောင့် လိမ္မော်ရောင် မီးတောက်မီးလျှံများနှင့် အမည်းရောင် မီးခိုးလုံးများ ကောင်းကင်သို့ ထိုးတက်ခဲ့သည်။

နေအိမ်တစ်လုံး၏ ဒုတိယထပ်မှ စတင်ခဲ့သော မီးလောင်ကျွမ်းမှုတွင်နေအိမ်ပေါင်း ၁,၀၀၀ ခန့် မီးလောင်ခဲ့သည်ဟု မနီလာခရိုင်မီးသတ်ရုံးက ပြောဆိုခဲ့သည်။

မနီလာမြို့ Isla Putting Bato ခရိုင်ရှိ နေအိမ်များ မြေပြင်သို့ ပြားပြားဝပ်ပြိုလဲပျက်စီးသွားခဲ့သည်ကို မြို့တော် သဘာဝဘေးအေဂျင်စီက အွန်လိုင်းပေါ်တင်ခဲ့သော ဒရုန်းမှရိုက်ယူခဲ့သည့် ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ မိသားစုပေါင်း ၂,၀၀၀ ခန့်စုဝေးနေထိုင်ကြသည့် ရပ်ကွက်တစ်ခုဖြစ်သည်ဟု မီးသတ်ဌာနက ပြောဆိုသည်။

ရှိသမျှပစ္စည်းအားလုံးပါသွားသော်လည်း ကွယ်လွန်သူ ခင်ပွန်း၏ အရိုးပြာအိုးကိုမူ ယူဆောင်နိုင်ခဲ့သည်ဟု အသက် ၆၅ နှစ်အရွယ် ဒေသခံ လီယွန်နီလာ အဘီယာတက်စ်က ပြောဆိုခဲ့သည်။

မီးသတ်နှင့် သဘာဝဘေးဌာနက မီးလောင်မှုဖြစ်စဉ်သို့ မီးသတ်ယာဉ် ၃၆ စင်း နှင့် မီးသတ်ရေယာဉ် လေးစင်း စေလွှတ်ခဲ့သကဲ့သို့ နိုင်ငံ၏ လေတပ်ကလည်း ရဟတ်ယာဉ် နှစ်စင်းစေလွှတ်ကာ မီးငြိမ်းသတ်ရာတွင် ကူညီခဲ့သည်။

အခင်းဖြစ်ပွားရာ ဧရိယာရှိ နေအိမ်အများစုသည် မီးလောင်လွယ်သော ပစ္စည်းများကို အသုံးပြု ၍တည်ဆောက်ထားသောကြောင့် မီးဘေးသင့်ဧရိယာတစ်ခုဖြစ်သည်ဟု မီးသတ်သမားတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ နီးကပ်စွာ စောင့်ကြည့်လျက်ရှိ

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် တိုင်းတာချက်များအရ သိသိသာသာ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရေပြန်လည်ကျဆင်းသွားမှုနှင့်အတူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့က မြို့၏ ရေဝင်ရောက်မှုအခြေအနေနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ရှိ/မရှိကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။ အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ ဝယ်ယူနိုင်ရန် စီစဉ်ပေးထား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင် လိုအပ်သည့် ပမာဏအတိုင်း လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။ ထို့အပြင် ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းမှုဖြင့် စက်သုံးဆီများကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။ ဩဂုတ်လ ၆ ရက်နေ့တွင် ကယ်ဆယ်ရေးလှေများအတွက် ဓာတ်ဆီ ၂၆၅ ဂါလံနှင့် ဒီဇယ်ဆီ ၁၃ ဂါလံတို့ကို အခမဲ့ ခွဲဝေပေးခဲ့ပြီး ယနေ့အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071