Saturday, August 8, 2026

AFF Hyundai Cup 2026...

AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု(ခ) နောက်ဆုံးပွဲစဉ်အဖြစ် ထိုင်းနှင့် မြန်မာတို့ ယှဥ်ပြိုင်ကြရာ ပထမပိုင်းပွဲချိန်အတွင်း ထိုင်းအ သင်းက...

မင်းဘူး(စကု)မြို့နယ် ထုံးမကြီးကျေးရွာ၌ မြစ်ရေကျဆင်းလာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်...

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်တွင် ဇူလိုင် ၃၀ ရက်နှင့် ဇူလိုင် ၃၁ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ထုံးမကြီးကျေးရွာအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေ...

မနက်ဖြန် သြဂုတ် ၉ ရက်နံနက်ပိုင်းအထိ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ သြဂုတ် ၈ ရက်ညနေ ၄ နာရီထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း ၌ မနက်ဖြန် သြဂုတ် ၉...

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သဖန်းဆိပ်ရေလှောင်တမံမှ ရေပိုလွှဲ ရေလွှတ်ထုတ်နေရသော်လည်း...

ကန့်ဘလူ၊ ဩဂုတ် ၈ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း မိုးဆက်တိုက်သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု မြင့်တက်လာသဖြင့် တမံအတွင်း ရေထိန်းညှိရန် ရေပိုလွှဲမှ ရေစတင်လွှတ်ထုတ်နေရကြောင်း...
HomeInternationalထရမ့်ပ်က ကာရိုလိုင်းလီးဗစ်ကိုအိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်

ထရမ့်ပ်က ကာရိုလိုင်းလီးဗစ်ကိုအိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်

ဝါရှင်တန်၊နိုဝင်ဘာ ၁၇

ရွေးကောက်ခံတကျော့ပြန်သမ္မတဒေါ်နယ်ထရမ့်ပ်က အသက် ၂၇ နှစ်အရွယ်သာရှိသေးသည့် မဲဆွယ်စည်းရုံးရေးအတွက်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီးဗစ်အား အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်ခဲ့သည်ဟုသိရသည်။

ကာရိုလိုင်းသည် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူများအနက် အသက်အငယ်ဆုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်လာခဲ့၍ ယခုခန့်အပ်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေကြသည်။

“ကာရိုလိုင်းက ကြံ့ခိုင်ထက်မြက်ပြီး အရည်အချင်းရှိတဲ့မိန်းကလေးမျိုးပါ၊သူ့ရဲ့ထက်မြက်ပါးနပ်မှုတွေ ကြောင့် ကျွန်တော်တို့အစိုးရကပေးချင်တဲ့သတင်းစကားတွေ၊အကြောင်းအရာတွေကို ပြည်သူတွေဆီ အရောက်ပို့ပေးနိုင်မယ်လို့ယုံကြည်ပါတယ်” ဟုလည်း ထရမ့်ပ်ကဆိုသည်။

ကာရိုလိုင်းသည် ထရမ့်ပ်၏ မဲဆွယ်ကာလတစ်လျှောက် စည်းရုံးရေးကာလအတွက် တစ်နိုင်ငံလုံးဆိုင်ရာပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ထရမ့်ပ်၏ပထမသက်တမ်းကာလတွင်လည်း လက်ထောက်စည်းရုံးရေးပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သကဲ့သို့ နူးဟမ်စဖိုင်းယားပြည်နယ်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

“ကျွန်မက နိုင်ငံရေးအသိုင်းအဝိုင်းမိသားစုကမွေးဖွားလာတာမဟုတ်ပါဘူး၊အမေရိကန်လူမျိုးအများစုလိုပဲ သာမန်မိသားစုကမွေးဖွားလာတာပါ၊ဒါပေမဲ့ ကျွန်မ တက္ကသိုလ်တက်နေတဲ့ကာလအတွင်း နိုင်ငံရေးကိုစိတ်ဝင်စားတာကြောင့် အခုလိုခြေစုံပစ်ဝင်ခဲ့တာပါ” ဟုလည်း ၎င်းကဆိုသည်။

Source : အင်န်ဒီတီဗွီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AFF Hyundai Cup 2026 ထိုင်း-မြန်မာပွဲစဥ် ပထမပိုင်းတွင် ထိုင်းအသင်းက ၁-၀ ဖြင့် ဦးဆောင်နေ

AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု(ခ) နောက်ဆုံးပွဲစဉ်အဖြစ် ထိုင်းနှင့် မြန်မာတို့ ယှဥ်ပြိုင်ကြရာ ပထမပိုင်းပွဲချိန်အတွင်း ထိုင်းအ သင်းက ဦးဆောင်ဂိုး ၁ ဂိုးသွင်းယူထားသည်။ အဆိုပါ ပွဲစဉ်အတွင်း မြန်မာအသင်းက အကောင်းဆုံးတုံ့ပြန်ကစားခဲ့သော်လည်းဝင်းနိုင်ထွန်း၏ လက်ထိဘောမှတစ်ဆင့် ပေးခဲ့ရသည့် ပင်နယ်တီကြောင့် ပထမပိုင်းအပြီးမှာ ထိုင်းအသင်းက ၁-၀ ဖြင့် ဦးဆောင်နေခြင်းဖြစ်သည်။ ယနေ့ ဩဂုတ် ၈ ရက် မြန်မာစံတော်ချိန် ည ၇နာရီခွဲအချိန်၌ AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု(ခ)...

မင်းဘူး(စကု)မြို့နယ် ထုံးမကြီးကျေးရွာ၌ မြစ်ရေကျဆင်းလာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်တွင် ဇူလိုင် ၃၀ ရက်နှင့် ဇူလိုင် ၃၁ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ထုံးမကြီးကျေးရွာအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေ ဘေးသင့်သူများအား ရေဘေးလွတ်ကင်းရာသို့ သက် ဆိုင်ရာတာဝန်ရှိသူများက ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေဝင်ရောက်မှုမှာပြန်လည်ကျဆင်းသွားသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သြဂုတ် ၇ ရက်နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာအဖွဲ့အ စည်းများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများအား အညစ်အကြေးနှင့် အမှိုက်သရိုက်များသန့်ရှင်းရေးပြု လုပ်ခြင်း၊ ရပ်ရွာအတွင်းအသုံးပြုနေသော ရေတုံကင်များ၊ ရေဘုံပိုင်များပြုပြင်ခြင်း၊ ရေတွင်း/ရေကန်/ရေ တိုင်ကီများကို အဘိတ်ဆေးခပ်ခြင်း၊ တိရစ္ဆာန်များကိုကာကွယ်ဆေးထိုးပေးခြင်းများအားပြုလုပ်ပေးလျက်ရှိကြောင်း...

မနက်ဖြန် သြဂုတ် ၉ ရက်နံနက်ပိုင်းအထိ ရန်ကုန်တိုင်း ၌ နေရာကွက်၍မိုးကြီးနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ သြဂုတ် ၈ ရက်ညနေ ၄ နာရီထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း ၌ မနက်ဖြန် သြဂုတ် ၉ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းနည်းတူ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တန င်္သာရီတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071