ပရိသတ်တွေ စိတ်မပျက်ရလေအောင် ကြိုးစားသွားမယ့် ရွှေထူး

0
131

shwe-htoo-copy

အလွမ်းသီချင်းအေးအေး လေးတွေနဲ့ ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ ရွှေထူးက သူ့ ရဲ့ တေးစီးရီး စိတ်ကူးယဉ် စာအုပ် MTV  ကိုထွက်ရှိဖို့ ကြိုးစားနေ ပါတယ်။

ဒါ့အပြင် ဒုတိယစီးရီးခွေအတွက် လည်း သီချင်းတွေကိုရေးနေပါပြီ။ “စိတ်ကူး ယဉ်စာအုပ်MTV  ကို ၁၂လပိုင်းလောက် မှာ   နောက်ဆုံးထားပြီး ထွက်ရှိနိုင်အောင် ကြိုး စားနေပါတယ်။ ပြီးတော့ကျွန်တော် နယ်ရှိုး တွေလည်း တောက်လျှောက်ထွက်ဖို့ ရှိပါတယ်” လို့ရွှေထူးကပြောပါတယ်။

ရွှေထူးက ခရီးထွက်ရတာလည်း ဝါသနာပါပြီး သူ့အနေနဲ့ မရောက်ဖူးသေးတဲ့ နေရာဒေသတွေကို သွားချင်တာ သူ့ရဲ့ အိပ်မက်ပါ လို့ပြောပြပါတယ်။ ‘ပက်ပက်စက်စက်ညှို့’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကိုလည်း နေတိုး၊မိုးစက်ဝိုင်တို့နဲ့အတူ ရိုက်ကူးမယ့် ရွှေထူးက အဲဒီ့ဇာတ်ကားအတွက်လည်း ကြိုတင်ပြင် ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

“ရုပ်ရှင်ဇာတ်ကားတွေ အများကြီးကြည့်ဖြစ် တယ်။ ပြီးတော့ ကျွန်တော့်ကိုယ် ကျွန်တော်အများ ကြီး ပြင်ဆင်နေပါတယ်။

အဓိကတော့ ကျွန်တော့် ကို အားပေးတဲ့ပရိသတ်တွေ စိတ်မပျက်ရလေ အောင် ကျွန်တော် ကြိုးစားသွားပါမယ် ။ပြီး တော့ကျွန်တော့် ကို ကြည့်မရတဲ့ပရိသတ်တွေလည်း တအားကြီး မပြောအောင် ကြိုးစားနေပါတယ်”လို့ ရွှေထူးက ပြောပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here