Sunday, June 14, 2026

လာအိုဒုတိယဝန်ကြီးချုပ် ဦးဆောင်သောအဖွဲ့ နှင့် မြန်မာ-လာအိုချစ်ကြည်ရေးအသင်းနေပြည်တော်၌...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်း (MLFA) ဥက္ကဋ္ဌ ဦး ဝင်းမောင်ဦးဆောင်သောအဖွဲ့နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan Phomvihane...

ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ်အဝင် အင်ကြင်းဥယျာဉ်လမ်းခင်းခြင်းနှင့် အုတ်ရေ...

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဇိနမာရ်အောင် စေ တီတော်မြတ်ကြီး၏ ဧရာဝဏ်လမ်းမကြီးမှ မြောက်ဘက်မုခ်အဝင် အင်ကြင်းဥယျာဉ်လမ်းခင်းခြင်းနှင့် အုတ်ရေမြောင်းတူးဖော်ခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်နှင့်...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းများအနေဖြင့် လာမည့်နိုင်ငံတကာပြိုင်ပွဲများ၌ ရလဒ်ကောင်းများနှင့် အောင်မြင်မှုများရရှိရေး...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်လိဂ်ကော်မတီ၏ (၁/၂၀၂၆) အ စည်းအဝေးကို ဇွန် (၁၃) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MFF Futsal...

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ပုသိမ်ကြီးမြို့နယ်ကိုဗဟိုပြုလှုပ်ခတ်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ ဇွန် ၁၄ ရက်နံ နက်ပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ အဆိုပါ အင်အား...
HomeNewsLocal Newsပုဂံရှေးဟောင်း သုတေသနပြတိုက်ထဲမှာ ဘာတွေရှိသလဲ

ပုဂံရှေးဟောင်း သုတေသနပြတိုက်ထဲမှာ ဘာတွေရှိသလဲ

ယခုဘဏ္ဍာနှစ် ပထမ လေးလတာကာလတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၁၆,၀၀၀) ကျော်ဝင်ရောက်ခဲ့ပြီး ယင်းမှ ငွေကျပ်သိန်း (၁၇၀) ကျော် ရရှိခဲ့ကြောင်း ပုဂံရှေးဟောင်း သုတေသနပြ တိုက်ထံမှ သိရသည်။

“ပြည်ပဝင်ရောက်မှုကတော့ နည်းပါသေးတယ်။ ပြည်ပထက် ပြည်တွင်းခရီးသွားတွေ ပိုများတယ်” ဟု ပုဂံရှေးဟောင်း သုတေသနပြတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြတိုက်ကြီးတွင်ပြခန်း (၁၀)ခန်းပါဝင်ပြီးတန်ဖိုးကြီးရှားပါးပစ္စည်းများအနေဖြင့် ပုဂံခေတ် ၁၁ ရာစုလက်ရာ ကြေးကြာဖူးနှင့် (၅၅၀) ဇာတ်တော်မှ ဇာတ်နိပါတ် (၉၆) တေလပတ္တဇာတ်တော်အကြောင်းရေးဆွဲထားသော ပုဂံခေတ်မူရင်း အဝတ်ပန်းချီလည်းရှိသည်။

ပုဂံခေတ်စာပေပြန်ခန်းရှိ မြစေတီ ကျောက်စာကို ပျူ၊ မွန်၊ မြန်မာ၊ ပါဠိစသည့်ဘာသာလေးမျိုးဖြင့် ရေးထိုးထားသည့်ကျောက်စာ၊ တမီးလ်၊ ယိုးဒယား၊ ပျူနှင့် တရုတ်ကျောက် စာများ၊ ခဲပြားစာ၊စဉ့်ကွင်းစာ၊အုတ်ခဲစာ၊ ပေစာ၊ ပုရပိုဒ်စာ၊ အုတ်ခွက်စာနှင့် မင်စာများလည်းပြထားသည်။

ဘုရား (၄၁၆)ဆူအနက်မှ ကူးယူထားသည့် ပုဂံခေတ်မှ ညောင်ရမ်းခေတ်အထိ နံရံ ဆေးရေးပန်းချီလက်ရာများနှင့် အဝတ်ပန်းချီ(ကျိုက်တငိုလ်)ကိုလည်း တွေ့ရမည်ဖြစ်သည်။ထို့ကြောင့် အတွေးအခေါ်တို့ပြောင်းလဲလာသည့် ဖြစ်စဥ်တို့ကိုလေ့လာရင်းယဥ်ကျေးမှုဓလေ့၏တန်ဖိုးတို့ကို အံ့သြလေးစားစေသည့်ပြတိုက်သို့ လာရောက်ကြည့်ရှု့သင့်လှသည်။

ပုဂံရှေးဟောင်း သုတေသနပြတိုက်သည် တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် (၁၀၀၀) ကျပ်နှု န်း သတ်မှတ်ထားကာ (၁၂) နှစ်အောက် ကလေးငယ်များနှင့် ကျောင်းထောက်ခံစာ ပါရှိပြီးလာရောက်လေ့လာသူ ကျောင်းသား/သူများနှင့် ရဟန်း၊ သံဃာများကို ဝင်ကြေး ကင်းလွတ်ခွင့်ပြုထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး (၁၀၀၀၀)ကျပ် သတ်မှတ်ထားသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ခရီးသွားဝင်ရောက်မှု (၈၃ဝဝဝ)ကျော်ဝင်‌ရောက် ခဲ့သည့်အနက် နိုင်ငံခြားသား(၃၂၈)ဦးသာ ရှိခဲ့ပြီး ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ခရီးသွားဝင်ရောက်မှု (၉၄၀၀၀) ကျော်ဝင်ရောက်ခဲ့ရာတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု(၆၅၆)ဦး ရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုဒုတိယဝန်ကြီးချုပ် ဦးဆောင်သောအဖွဲ့ နှင့် မြန်မာ-လာအိုချစ်ကြည်ရေးအသင်းနေပြည်တော်၌ တွေ့ဆုံ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တတိယနိုင်ငံသားများ ဖြတ်သန်းသွားလာနိုင်ရေး ကိစ္စရပ်များ ဆွေးနွေး

မြန်မာ-လာအို ချစ်ကြည်ရေးအသင်း (MLFA) ဥက္ကဋ္ဌ ဦး ဝင်းမောင်ဦးဆောင်သောအဖွဲ့နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan Phomvihane ဦးဆောင်သောအဖွဲ့တို့သည် ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ Jasmine Hotel ၌ တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၁ ရက် ညနေ (၁၇:၃၀) နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲ...

ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ်အဝင် အင်ကြင်းဥယျာဉ်လမ်းခင်းခြင်းနှင့် အုတ်ရေ မြောင်းတို့ပြုလုပ်မည်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဇိနမာရ်အောင် စေ တီတော်မြတ်ကြီး၏ ဧရာဝဏ်လမ်းမကြီးမှ မြောက်ဘက်မုခ်အဝင် အင်ကြင်းဥယျာဉ်လမ်းခင်းခြင်းနှင့် အုတ်ရေမြောင်းတူးဖော်ခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ယနေ့ ဇွန် ၁၃ ရက်တွင်ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဇွန် ၁၂ ရက်ကလည်း ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ ဧရာဝဏ်လမ်းမကြီးမှ မြောက်ဘက်မုခ်အဝင် အင်ကြင်းဥယျာဉ်လမ်းနှင့် အုတ်ရေမြောင်းဖြစ် မြောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင် ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းများအနေဖြင့် လာမည့်နိုင်ငံတကာပြိုင်ပွဲများ၌ ရလဒ်ကောင်းများနှင့် အောင်မြင်မှုများရရှိရေး ဆွေးနွေး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်လိဂ်ကော်မတီ၏ (၁/၂၀၂၆) အ စည်းအဝေးကို ဇွန် (၁၃) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MFF Futsal Stadium အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေ့ဆက်ကျင်းပမည့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များကို အဓိကထား ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ လက်ရှိတွင် လက်ရွေးစင်အသင်းများ အောင်မြင်ရေးနှင့် ပြိုင်ပွဲများ ကျင်းပရန် ပြင်ဆင်နေပြီး၊ နိုင်ငံတကာဖိတ်ခေါ်ပြိုင် ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအပြင် ပြည်တွင်းရှိ လိဂ်ပြိုင်ပွဲများ၊ ချန်ပီယံရှစ်ပြိုင်ပွဲများ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲများနှင့် လူငယ်လိဂ်ပြိုင်ပွဲများ စနစ်တကျ ကျင်းပနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071