Sunday, December 14, 2025

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊"...

အိန္ဒိယက တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် ဗီဇာကို ဖြေလျှော့ပေး

         အိန္ဒိယသည် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းဗီဇာကိုမြန်ဆန် စွာရရှိစေရန် ကြိုးနီစနစ်များကို ဖြေလျှော့ပေးခဲ့ကြောင်း အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်သည် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့်...

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်ကိုဖိတ်ခေါ်

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ကောင်းမွန်သောအနာဂတ်ကို ဦးတည်သွားနေသည့်ကာလဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုပြုရန် အကောင်းဆုံးအချိန်ဖြစ်ဟုဆို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်အများအပြားရှိသည့်အတွက် လာရောက်ရင်းနှီးမှုပြုလုပ်ရန် တရုတ်နိုင်ငံကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက...

မိမိနှစ်သက်ရာ အဖွဲ့အစည်းအား ဆန္ဒပြုမဲပေးခြင်းဖြင့် နိုင်ငံသားတာဝန်ထမ်းဆောင်ပေးကြရန်...

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaignကို ဒီဇင်ဘာ ၁၃...
HomeNewsLocal Newsပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ နစက...

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ နစက စတင်ဖွဲ့စည်း

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းခြင်းအတွက် နစကအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုး၍ ယခု ဩဂုတ်လ (၁၆)ရက်တွင် အမိန့်ကြေညာစာအမှတ် (၁၅၁/၂ ၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး၊ အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ ကြီးကြပ်ကွပ်ကဲစေခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်းများ ပါဝင်သည်။

ယင်းအပြင် ဆင်နွှဲနေသည့် တိုက်ပွဲများနှင့်ကိုက်ညီသည့် လက်နက်နှင့်စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာများ အချိန်မီလုံလောက်စွာ ပြည့်တင်းပေးနိုင်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများ ပြင်ဆင်စီစဉ်ခြင်း၊ ထိရောက်စွာတိုက်ပွဲဝင်နိုင်ရေး အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများ လေ့ကျင့်ပေးခြင်း၊ တပ်ဖွဲ့ဝင်များအား နောက်ပိုင်းနယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများအတွက် ထောက်ပံ့ရေး၊ ဆက်သွယ်ရေးနှင့် ဒဏ်ရာရလူနာများ ရွှေ့ထုတ်ရေး ကယ်ဆယ်ရေးတာဝန်များထမ်းဆောင်နိုင်ရန် လေ့ကျင့်ပေးခြင်းများကိုလည်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့က ဆောင်ရွက်သွားရမည်ဟု အမိန့်ကြေညာချက်အတွင်း ပါရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့ စုဝေးရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊" "ထရမ့်ကို စွပ်စွဲပြစ်တင်ပါ၊" "ထရမ့်ကို ရပ်တန့်ပါ" စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသည်။ မိန့်ခွန်းပြောကြားသူများက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ခြင်းကို ဝေဖန်ခဲ့ကြသည်။ ဆန္ဒပြသူများသည် လက်ရှိ ဝါရှင်တန်အစိုးရအား "ဖက်ဆစ်" ဟု ခေါ်ဝေါ်ကာ "ထရမ့် ထွက်သွားရမည်" ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို စစ်ဆန့်ကျင်ရေး၊ လက်ဝဲယိမ်းနှင့် ရွှေ့ပြောင်းနေထိုင်သူများကို...

အိန္ဒိယက တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် ဗီဇာကို ဖြေလျှော့ပေး

         အိန္ဒိယသည် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းဗီဇာကိုမြန်ဆန် စွာရရှိစေရန် ကြိုးနီစနစ်များကို ဖြေလျှော့ပေးခဲ့ကြောင်း အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်သည် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ကျွမ်းကျင်ပညာရှင်ရှားပါးမှုကြောင့် ဒေါ်လာကို ဘီလျံ နှင့်ချီ ၍ကုန်ကျစေသည့် ကာလရှည်ကြာစွာ ကတည်းက ဖြစ်နေခဲ့သော နှောင့်နှေးကြန့်ကြာမှုကို အဆုံးသတ်ရန် အဓိကခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။        ဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အမေရိက၏ အခွန်စည်းကြပ်ခြင်းပြစ်ဒဏ်နှင့် ရင်ဆိုင်နေရပြီး ပေကျင်းနှင့် ဆက်ဆံရေးကို ချိန်ချိန်ဆဆဖြင့်စတင်နေချိန်တွင် နူးဒေလီက ဗျူရိုကရေစီ ယန္တရားကို ဖြေလျှော့ကာ ဗီဇာခွင့်ပြုချက်ပေးချိန်ကို တစ်လအောက်အထိ လျှော့ချပေးခဲ့ကြောင်း...

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်ကိုဖိတ်ခေါ်

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ကောင်းမွန်သောအနာဂတ်ကို ဦးတည်သွားနေသည့်ကာလဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုပြုရန် အကောင်းဆုံးအချိန်ဖြစ်ဟုဆို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်အများအပြားရှိသည့်အတွက် လာရောက်ရင်းနှီးမှုပြုလုပ်ရန် တရုတ်နိုင်ငံကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ဖိတ်ခေါ်ခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက်က ပေကျင်းမြို့တွင် ကျင်းပသည့် မြန်မာ-တရုတ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ မိန့်ခွန်းပြောကြားစဉ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်အများအပြားရှိပြီး ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများ၊ လျှပ်စစ်လုပ်ငန်းများ၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများနှင့် အဆင့်မြင့်နည်းပညာသုံးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ကျောက်မျက်လုပ်ငန်းများ စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။ တရုတ်နိုင်ငံသည်  မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလျက်ရှိသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071