Saturday, September 12, 2026

ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးစုပေါင်းသန့်ရှင်း

ရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ရှိ ပြည်သူ့ဆေးရုံအားပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများ၊ နုန်းများကို...

MAI က မနက်ဖြန် စက်တင်ဘာ...

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပျံသန်းပြေးဆွဲမှု ယာ ယီရပ်နားခဲ့သည့် MAI လေကြောင်းလိုင်းက မနက်ဖြန် စက်တင်ဘာ ၁၃ ရက်မှစတင်ကာ...

BRICS ထိပ်သီးအစည်းအဝေးတက်ရန် သမ္မတရှီကျင့်ဖျင် အိန္ဒိယသို့...

BRICS အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် စနေနေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ၎င်း၏...

ကမ္ဘောဒီးယားနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့သည့်...

နေပြည်တော်၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက်...
HomeNewsLocal Newsမြန်မာ - လာအို...

မြန်မာ – လာအို နှစ်နိုင်ငံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီး လာရောက်ကြည့်ရှုအားပေး

တာချီလိတ်၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့သည့် မြန်မာ – လာအို နှစ်နိုင်ငံ U-18 ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဘွန်ပီယန်းချန်တာဘုံနှင့် သံရုံးအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သံအမတ်ကြီးနှင့် အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့သို့ ရောက်ရှိလာခဲ့ရာ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် မြန်မာ – လာအို ချစ်ကြည်ရေးအသင်းဝင်များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် မြန်မာ – လာအို ချစ်ကြည်ရေးအသင်းရုံးခွဲ ( တာချီလိတ် ) သို့ သွားရောက်ကြည့်ရှုပြီး အသင်းဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားကာ ညပိုင်းတွင် Lord Eagle ဟိုတယ်၌ ညစာ သုံးဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့မအားကစားကွင်း၌ ကျင်းပသည့် နှစ်နိုင်ငံ U – 18 ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ ဒေသခံပြည်သူများနှင့်အတူ တက်ရောက်အားပေးကြည့်ရှုကာ အားကစားသမားများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးစုပေါင်းသန့်ရှင်း

ရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ရှိ ပြည်သူ့ဆေးရုံအားပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများ၊ နုန်းများကို ထွေအုပ်ဝန်ထမ်းများ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များ၊ ဒေသခံများပူးပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ သန့်ရှင်းရေးပြုလုပ်နေမှုအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင်ပါဝင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တိုင်းဝန်ကြီးချုပ်က ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊ သူရလွင်လမ်း၌ရေပြန်လည်ကျဆင်း၍နေအိမ်များသို့ပြန်လည်နေထိုင်ကြသူများကို ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး ငါးသိုင်းချောင်းမြို့အတွင်း ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ်နေမှုနှင့် လုပ်ငန်းများပုံမှန်ပြန်လည်...

MAI က မနက်ဖြန် စက်တင်ဘာ ၁၃ ရက်မှစတင်၍ မန္တ လေးလေကြောင်းခရီးစဥ်များကိုပြန်လည်ပြေးဆွဲပေးမည်

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပျံသန်းပြေးဆွဲမှု ယာ ယီရပ်နားခဲ့သည့် MAI လေကြောင်းလိုင်းက မနက်ဖြန် စက်တင်ဘာ ၁၃ ရက်မှစတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဟု အသိပေးခဲ့သည်။ မန္တလေးသို့လာရောက်မည့်သူများ၊ မန္တလေးမှထွက်ခွာမည့်သူများ အဆင်ပြေစေရေးအတွက် လေကြောင်းခရီးစဥ်များကို ပြန်လည်ပျံသန်းပြေးဆွဲပေးခြင်းဖြစ် သည်ဟု MAI ကအသိပေးခဲ့သည်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းပြေးဆွဲမှုယာယီရပ်နားထားစဥ် MAI က ၎င်းတို့၏ လေ ကြောင်းခရီးစဥ်များအားလုံးကို ပြင်ဦးလွင်လေဆိပ်သို့ ပြောင်းလဲပြေးဆွဲပေးခဲ့ကာ အခက်အခဲကြုံတွေ့ခဲ့ရသော ခရီးသည်များအတွက် လက်မှတ်ခငွေအပြည့်အဝပြန်လည်ပေးအပ်ခြင်း၊ တစ်ကြိမ် အခမဲ့ ခရီးစဉ်လမ်း ကြောင်းပြောင်းလဲခြင်းအစီအစဥ်များကို ပြုလုပ်ပေးခဲ့သည်။

BRICS ထိပ်သီးအစည်းအဝေးတက်ရန် သမ္မတရှီကျင့်ဖျင် အိန္ဒိယသို့ ရောက်ရှိ

BRICS အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် စနေနေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံး အိန္ဒိယခရီးစဉ်ဖြစ်ကြောင်း သိရသည်။ ရှီကျင့်ဖျင်သည် အထူးလေယာဉ်ဖြင့် အိန္ဒိယမြို့တော်သို့ စနေနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV က ဖော်ပြသည်။ နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်သည့် BRICS အဖွဲ့၏ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးတွင် အရှေ့အလယ်ပိုင်းနှင့် ယူကရိန်း၌ ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ ကမ္ဘာ့ကုန်သွယ်ရေး မတည်ငြိမ်မှုများနှင့် စွမ်းအင်ဖူလုံရေးဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071