Wednesday, June 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မဟာရာရှ်ထရာပြည်နယ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်...

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန်...

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို...

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...
HomeNewsLocal Newsမယ်နုအုတ်ကျောင်းအား ရိုးရာအစဉ်အလာအတိုင်း ပြုပြင်ထိန်းသိမ်းခဲ့ခြင်းသာ...

မယ်နုအုတ်ကျောင်းအား ရိုးရာအစဉ်အလာအတိုင်း ပြုပြင်ထိန်းသိမ်းခဲ့ခြင်းသာ ဖြစ်သည်ဟုဆို

မန္တလေးတိုင်းဒေသကြီး၊ အင်းဝဒေသရှိ မယ်နုအုတ်ကျောင်းကို ၁၉၂၀ ခုနှစ်မှ စ၍ ရိုးရာအစဉ်အလာအတိုင်း ပြုပြင်ထိန်းသိမ်းခဲ့ကာ ယခုနှစ်တွင်လည်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)ထံမှ သိရသည်။

အင်းဝဒေသရှိ မယ်နုအုတ်ကျောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၁၉၂၀ ခုနှစ်မှ စ၍ ပြုလုပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ၂၀၁၃ ခုနှစ်များတွင် ဆေးသုတ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အစဉ်အဆက် ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၄ ခုနှစ်တွင်လည်း အစဉ်အလာမပျက် ဆေးသုတ်ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

သက်တမ်းအားဖြင့် နှစ်ပေါင်း (၁၉၇)နှစ်ခန့် ရှိပြီးဖြစ်ပြီး ၎င်းကျောင်းအား ကွင်းဆင်းစစ်ဆေးရာ နှစ်ကာလကြာမြင့်မှုကြောင့် အမိုးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ကာ မိုးယိုလာခြင်း၊ ဆေးရောင်မရှိသော နေရာများတွင် ရေချိုးတက်၍ မဲခြင်း၊ မိုးရာသီ၌ ရေညှိမှိုများ ပေါက်လာခြင်းတို့ ဖြစ်ပေါ်လျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ အသိပေးထားသည်။

ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) ကြီးကြပ်မှုဖြင့် မယ်နုအုတ်ကျောင်းအား ဓာတုဗေဒနည်းဖြင့် အပင်သ-တ်ခြင်း၊ အုတ်ကျောင်းအမိုးပေါ်ရှိ အက်ကွဲကြောင်းများပြုပြင်ဖာထေးခြင်း၊ အမိုးပေါ်တွင် ရေပိတ်လွှာ လောင်းခြင်း၊ လိုအပ်သောနေရာများ အုတ်အစားဖြည့်စီခြင်း၊ ရေချိုးတက်မဲနေသော နေရာများ၊ ရေညှိတက်နေသောနေရာများ ကော်ပတ်စား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရှေးမူမပျက်မြေဝါမှုန့်နှင့် ထမင်းရည်၊ ကော်ရည်ရော၍ သုတ်ခြင်း စသည့် ထိန်းသိမ်း ပြုပြင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ရှင်းပြထားသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) အနေဖြင့် မယ်နုအုတ်ကျောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ၂၀၂၄-၂၀၂၅ ဘ ဏ္ဍာနှစ်တွင် ရန်ပုံငွေတောင်းခံခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူ၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၁၈၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် မယ်နုအုတ်ကျောင်း သည် ဘုရားစေတီမဟုတ်ဘဲ ဘုန်းကြီးကျောင်းဖြစ်ပြီး ဗိသုကာလက်ရာ ရှိသော်လည်း အနုစိတ်အင်္ဂတေပန်း၊ နံရံပန်းချီလက်ရာများ မရှိဘဲ ခေတ်အဆက်ဆက် မြေဝါသုတ် ထိန်းသိမ်းခဲ့ကြသဖြင့် ယခုအခါတွင်လည်း မြေဝါသုတ်၍ ထိန်းသိမ်းပြုပြင်ခဲ့ခြင်းဖြစ်ပေမယ့် ထိန်းသိမ်းရေးလုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ပြီးမှသာ ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)က ပြောသည်။

ထိုနည်းတူ ရန်ကုန်မြို့ တော်ခန်းမ၊ တရားရုံးချုပ်၊ ဗိုလ်ချုပ်နေအိမ်(တာဝါလိန်းလမ်း) အပါအဝင် ရှေးဟောင်း အဆောက်အအုံများအပြင် နိုင်ငံအနှံ့အပြားရှိ နှစ်ပေါင်း(၁၀၀) ကျော် အဆောက်အအုံများကို အပြင်ပိုင်း ဥပဓိရုပ် ဆေးသုတ်မွမ်းမံ ထိန်းသိမ်းလျက်ရှိပြီး ကောင်းမှုတော်ဘုရားအပါအဝင် စေတီပုထိုးများစွာကို နိုင်ငံတော်အနေဖြင့် နှစ်ခြားဆေးသုတ်မွမ်းမံ ထိန်းသိမ်းခဲ့ပြီး ရှေးဟောင်း အဆောက်အအုံများ၏ မူလရှိပြီးသော ထုံး၊ မြေဝါ၊ ရွှေ၊ ရေနံချေးစသည့် မူလလက်ရာအတိုင်း မွမ်းမံထိန်းသိမ်းခြင်းများ အစဉ်အဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မဟာရာရှ်ထရာပြည်နယ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ဘင်ခရာအဖွဲ့အား ဆု‌ တော်ငွေချီးမြင့်

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် နိုင်ငံတော်သမ္မတသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ဘင်ခရာအဖွဲ့အား ဆု‌တော်ငွေချီးမြင့်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂ ရက်တွင် ကြည့်ရှုလေ့ လာခဲ့သည်။ ဆိပ်ကမ်းတာဝန်ရှိသူများက ဆိပ်ကမ်းဆိုင်ရာသမိုင်း ကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အိ န္ဒိယနိုင်ငံ၏အဓိကအကျဆုံးဆိပ်ကမ်းတစ်ခုဖြစ်မှု၊ ဆိပ်ကမ်းတွင်နည်းပညာမြင့် စက်ကိရိယာများအသုံး ပြုလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ၊ ဆိပ်ကမ်းဆိုင်ရာများဆောင်ရွက်နိုင်မှု၊ ဆိပ်ကမ်းကိုအသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် ဆိပ်ကမ်း၏ စွမ်းဆောင်ရည်များတိုးတက်စေ ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071