Saturday, April 25, 2026

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးဝန်ကြီး...

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းက ဧပြီ ၂၄ ရက်မွန်းလွဲပိုင်းတွင် တိုင်းအတွင်းရှိ MSMEs လုပ်ငန်းများအရှိန်အဟုန်ဖြင့်တိုးတက်လာစေရေးအတွက် MSMEs စီးပွားရေးလုပ်...

တောင်ဥက္ကလာမီး​လောင်မှု ဆိုင်ခန်းနှင့် ​နေအိမ်တစ်လုံး မီး​​လောင်ဆုံးရှုံးခဲ့

ယ​နေ့ ည​နေ ၅ နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ တိုးချဲ့(၄)ရပ်ကွက်၊ ကေတုမာလာလမ်းတွင် မီးလောင်မှုဖြစ်စဥ်မှ ဆိုင်ခန်းနှင့် ​နေအိမ်တစ်လုံး မီး​​လောင်ဆုံးရှုံးခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ...

အသက် ၁၈ နှစ်မှ ၂၅...

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ပြီးခဲ့သည့်နှစ်အတွင်း လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား ကမ္ဘောဒီးယားအမျိုးသားများအနေဖြင့် စစ်တပ်တွင်...

တမူးမြို့တွင် သက်ကြီးရွယ်အိုများအတွက် အပူရှောင်စခန်းဖွင့်လှစ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၊ မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာ မီးကွင်းကျောင်းတိုက် ဗိမာန်အောက်ထပ်တွင် သက်ကြီးရွယ် ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်း ဖွင့်လှစ်ထားကြောင်း...
HomeNewsLocal Newsတောင်ငူ နန်းတော်ရာ နေရာနှင့်...

တောင်ငူ နန်းတော်ရာ နေရာနှင့် ကေတုမတီမြို့ရိုး အပါဝင် ကျုံးကို ပြန်လည်ထိန်းသိမ်းမည်

တောင်ငူ နန်းတော်ရာ နေရာနှင့် ကေတုမတီ မြို့ရိုးအား ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် ကျုံးကိုလည်း ပြန်လည် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တောင်ငူမြို့ရှောင် ရထားလမ်းတည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဇူလိူင် ၃ရက်နေ့က ရှင်းလင်းတင်ပြရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့၏ သမိုင်းကြောင်းအရ အထင်ကရရှိခဲ့သည့် ဘုရင့်နန်းတော်များအား အဖြစ်နိုင်ဆုံး ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း၊ တောင်ငူနန်းတော်ရာနေရာနှင့် ကေတုမတီမြို့ရိုးအား ပြန်လည်ဖော်ထုတ်နိုင်ရေးဆောင်ရွက်ရန်နှင့် ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း၊ သာသနိကအဆောက်အဦများကို လက်ရှိအချိန်တွင် ပြောင်းရွှေ့ခြင်း မပြုရန် လိုကြောင်း၊ ကျုံးကိုလည်း ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ကေတုမတီမြို့ရိုးများ ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ဖြစ်နိုင်ဖွယ်ရာအချက်အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မန္တလေးနန်းတော်ရှိ မင်္ဂလာတံတားတစ်စင်းဖြစ်သည့် စည်ရှည်တံတားနှင့်ပတ်သက်၍ ပြန်လည် တည်ဆောက်ရန် လိုအပ်သည့်အချက်အလက်များနှင့် အထောက်အထားများပြည့်စုံအောင် ပြုစုဆောင်ရွက်ရန်၊ ပြန်လည်တည်ဆောက်ရာတွင်လည်း ရှေးမူမပျက် မူလပုံစံအတိုင်း တည်ဆောက်သွားနိုင်ရန်အတွက်လည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

အလားတူ တံတားနှင့်ဆက်စပ်လျက်ရှိသည့် လမ်းများကိုလည်း ကောင်းမွန်အောင် ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံသားအားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကိုတန်ဖိုးထား ထိန်းသိမ်းသွားရန်လိုကြောင်း၊ တောင်ငူဘူတာတည်ဆောက်ရန်အတွက် လျာထားသည့်မြေမှ လယ်ယာမြေများအား ကြိုတင်ဖော်ထုတ်ပေးရန်လိုကြောင်း၊ တိုးချဲ့မြိုသစ်ကို စနစ်တကျပုံစံထုတ်လုပ်ပြီးမှ ဆောင်ရွက်ရန် လိုကြောင်း၊ တောင်ငူမြို့ရှောင်ရထားလမ်းတည်ဆောက်ရာတွင်လည်း ရေရှည်အတွက်စဉ်းစား၍ ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးဝန်ကြီး ချုပ်မှာကြား

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းက ဧပြီ ၂၄ ရက်မွန်းလွဲပိုင်းတွင် တိုင်းအတွင်းရှိ MSMEs လုပ်ငန်းများအရှိန်အဟုန်ဖြင့်တိုးတက်လာစေရေးအတွက် MSMEs စီးပွားရေးလုပ် ငန်းရှင်များနှင့်တွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ပဲခူးတိုင်းတွင် လယ်ယာသုံးစက်ကိရိယာမျိုးစုံထုတ်လလုပ်ခြင်း၊ စားသုံးကုန်နှင့် လူသုံးကုန်ထုတ်လုပ်ခြင်းများပြုလုပ်လျက်ရှိရာ လယ်ယာသုံးစက်ကိရိယာများအား စက်သုံးဆီအခြေပြုစနစ်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရမည်ဟု မှာကြားသည်။ " လယ်ယာကဏ္ဍကြီးတစ်ခုလုံး စက်မှုလယ်ယာစနစ်ကိုပြောင်းလဲပေးနိုင်ရင် ကျေးလက်နေသူတွေရဲ့ လူမှုစီး ပွားဘဝတွေတိုးတက်ပြောင်းလဲလာမှာပါ။ ပဲခူးတိုင်းကထွက်တဲ့ လယ်ယာသုံးစက်ကိရိယာတွေ၊ စားသုံးကုန်နဲ့ လူသုံးကုန်တွေ ဈေးကွက်ရရှိဖို့အတွက် ဈေးအရောင်းပွဲတော်တွေ၊ MSMEs ပြပွဲ/ပြိုင်ပွဲတွေမီာ အောင်မြင်မှုရရှိခဲ့တဲ့အပေါ် ထပ်မံပြီးထုတ်ကုန်တစ်ခုချင်းအလိုက် နိုင်ငံတကာအဆင့်မီဖြစ်အောင်...

တောင်ဥက္ကလာမီး​လောင်မှု ဆိုင်ခန်းနှင့် ​နေအိမ်တစ်လုံး မီး​​လောင်ဆုံးရှုံးခဲ့

ယ​နေ့ ည​နေ ၅ နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ တိုးချဲ့(၄)ရပ်ကွက်၊ ကေတုမာလာလမ်းတွင် မီးလောင်မှုဖြစ်စဥ်မှ ဆိုင်ခန်းနှင့် ​နေအိမ်တစ်လုံး မီး​​လောင်ဆုံးရှုံးခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ ဖြစ်စဥ်မှာ ဂတ်စ်အိုး​ရောင်းချသည့်ဆိုင်က ဝရိန်​ဆော်ရာမှ မီး​လောင်မှုဖြစ်ခဲ့ပြီး ဆိုင်ပိုင်ရှင်အပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။ " ဝရိန်​ဆော်ရာက​နေ ​လောင်တာလို့ ကနဦးသိရတယ်။ ဒဏ်ရာရတယ့်သူရှိတယ်။ စိုးရိမ်ရတယ်။ သူတို့ကိုမြောက်ဥက္ကလာ​ဆေးရုံနဲ့ စံပြ​ဆေးရုံကိုပို့ထားတယ်"ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ​ပေါ်ပြူလာနယူးစ်သို့​ပြောသည်။ မီး​လောက်မှုဖြစ်စဥ်​ကြောင့် လူ​နေအိမ်တစ်လုံး၊ ဆိုင်ခန်း​လေးလုံး မီး​လောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်​နေ​ကြောင်း သိရသည်။ အဆိုပါ မီး​လောင်မှုကို Level 1 အဆင့်ငြိမ်းသတ်ခဲ့ရပြီး...

အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား အမျိုးသားများအတွက် စစ်မှုထမ်းဥပဒေဥပဒေမူကြမ်းကို ကမ္ဘောဒီးယားဝန်ကြီးအဖွဲ့ အတည်ပြု

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ပြီးခဲ့သည့်နှစ်အတွင်း လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား ကမ္ဘောဒီးယားအမျိုးသားများအနေဖြင့် စစ်တပ်တွင် နှစ်နှစ်ကြာ စစ်မှုထမ်းရန် လိုအပ်သည့် ဥပဒေမူကြမ်းကို ဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်သည်။ ယခု စစ်မှုထမ်းဥပဒေမူကြမ်းသစ်သည် ၂၀၀၆ ခုနှစ်ကတည်းက ရှိခဲ့သော်လည်း တစ်ခါမျှ အကောင်အထည်မဖော်ခဲ့သည့်အပြင်၊ လက်ရှိနှင့် အနာဂတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့သည့် ဥပဒေဟောင်းကို အစားထိုးသွားမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဥပဒေဟောင်းတွင် စစ်မှုထမ်းရမည့် အမြင့်ဆုံးအသက်ကို ၃၀ နှစ်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071