မြန်မာ့ရုပ်စုံ သဘင် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲ မြန်မာတွင် ပထမဆုံး ကျင်းပ

0
176

(ရန်ကုန်၊ ဧပြီ ၄ )

‘မြန်မာ့ရုပ်စုံ သဘင် ဖွံ့ဖြိုးတိုး တက်ရေး’ နှင့် ပတ်သက်သည့် အစီ အစဉ် တစ်ခုကို မြန်မာနိုင်ငံ တွင် ပထမဆုံး အကြိမ် ကျင်းပခဲ့သည် ဟု သိရသည်။

အဆိုပါ အစီအစဉ်ကို မန္တလေး မြို့တွင် ဧပြီ ၂ ရက်နှင့် ၃ ရက် နေ့က ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ အပြင် ထိုင်း၊ အင်ဒို နီးရှား နိုင်ငံများမှ ရုပ်စုံသဘင် ဆိုင်ရာ လူငယ် ပညာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် ရုပ်စုံ သဘင် ဆိုင်ရာ ဆွေးနွေးပွဲ များ၊  ရုပ်စုံသဘင် ပညာရှင်များ၏ ပညာ ရပ် နှီးနှော ဖလှယ်ပွဲ များနှင့် ဖျော် ဖြေရေး အစီအစဉ် များလည်း ပါဝင် ခဲ့ကြောင်း သိရသည်။

 မြန်မာ့ရုပ်သေး ပညာရှင် တစ်ဦးဖြစ်သူ ဒေါ်မမနိုင်က ”မြန်မာ့ ယဉ်ကျေးမှု နဲ့ပတ်သက်ပြီး ရုပ်သေး၊ သဘင်စတဲ့ အနုပညာ တစ်ခုခု ကို ကျောင်း စာသင်ချိန် ပြင်ပအချိန် တွေမှာ တာဝန်ရှိသူတွေက ထည့် သွင်းပေးစေချင်တယ်။ အင်တာ နေရှင်နယ်ကျောင်းတွေက ဆရာမ ကို ဖိတ်ကြား ပြီးသွားတဲ့အခါ ကလေးတွေ ဒါတွေကို စိတ်ဝင်စား တာ တွေ့ရတယ်။ နိုင်ငံရေး လည်း ပြောင်းလဲနေပြီ၊ ပညာရေး စနစ်တွေ ပြောင်းလဲတဲ့ အခါမှာ ဒါကိုတော့ ထည့်သွင်း စဉ်းစားပေးစေချင် တယ်” ဟု ပြောသည်။

အဆိုပါပွဲတွင် ဆရာ ဦးရဲထွဋ် (သန်လျင်မောင်ဝင့်ဝါ)၊ ဆရာ ညိုထွန်းလူ၊ ဦးခိုင်ထွန်း (ပါမောက္ခ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနု ပညာ တက္ကသိုလ်၊ ရန်ကုန်)နှင့် မျိုးဆက်သစ် မြန်မာ့ ရုပ်စုံသဘင် ပညာရှင် တစ်ဦးတို့က ‘မြန်မာ့ ရုပ်စုံ သဘင်၏ အနာဂတ်’ ခေါင်း စဉ် ဖြင့် ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ရုပ်စုံ သဘင် အဖွဲ့အကြောင်းကို Mr. Dadi Pudumjee ( Presidend of UNIMA) က ဆက်လက် ရှင်းလင်း ပြောကြားခဲ့သည်။

ရန်ကုန် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်မှ ပါမောက္ခ ဦးခိုင်ထွန်းက မြန်မာ့ ရုပ်သေးရှေ့ အနာဂတ် အလားအလာနှင့် ပတ် သက်၍  ” ဒီ အစီအစဉ် လုပ်တယ် ဆိုတာ ‘မြန်မာ့ရုပ်စုံ သဘင် ဖွံ့ဖြိုး တိုးတက်ရေး’ကို တစ်စိတ် တစ်ဒေသ ထိန်းသိမ်းတဲ့ သဘော ပါပဲ။ အခု ခေတ်လူငယ်တွေ စူးစမ်းလေ့လာ တဲ့ကလေးတွေ  ရှိပါတယ်။ အခု ပွဲမှာလည်း သင်တန်း ကလူငယ်တွေ အပြင်၊ အပြင်ကနေ တကူး တကလာ ပြီးတော့ လေ့လာတဲ့ လူငယ်တွေ လည်းတွေ့ရတယ်”ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့ရုပ်သေးကို ပြည်သူ လူထု က စိတ်ဝင်စားမှု အားနည်းနေပြီး ကမ္ဘာလှည့် ခရီး သည်များကသာ စိတ်ဝင်စားလျက် ရှိကာ ၄င်းတို့ကိုသာ အဓိကထား ဖျော်ဖြေနေရကြောင်း သိရသည်။

ထူးထူး


LEAVE A REPLY

Please enter your comment!
Please enter your name here