ချစ်သူကို 60 Carat စိန်လက်ကောက် မွေးနေ့လက်ဆောင်ပေးခဲ့သူ Kylie Jenner

0
124

kylie

Kylie Jenner က သူမရဲ့ ချစ်သူ Tyga ရဲ့ ၂၇ နှစ်မြောက် မွေးနေ့မှာအတူ ရှိနေပေးခဲ့ရုံသာမက 60-carat  ရှိတဲ့ စိန်လက်ကောက်ကိုပါ လက်ဆောင်ပေးခဲ့ပါတယ်။Tyga  ရဲ့လက်မှာ စိန်လက်ကောက်ကို ဝတ်ထားတဲ့ ဗွီဒီယိုကို”60 carats for my baby”  ဆိုတဲ့ စာသားနဲ့ လူမှုကွန်ရက်မှာ တင် ခဲ့ပါတယ်။ Kylie  က Karadashian-Jenner  ညီအစ်မတွေထဲမှာ အငယ်ဆုံးဖြစ်ပြီး မွေးနေ့ပွဲကျင်းပထားတဲ့ ဓာတ်ပုံတွေ ၊ ဗွီဒီယိုတွေ ကိုပါ လူမှုကွန်ယက်မှာ ထပ်တင်ခဲ့ပါတယ်။

သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ Kylie နဲ့ Tyga တို့ဟာ သေနတ်ပစ်ကွင်းကို သွားပြီး လေ့ကျင့်ခဲ့ကြပါသေးတယ်။Kylie cosmetic ပိုင်ရှင်မလေးက အနက်ရောင် hoodie  နဲ့အတူ နားကြပ်တို့ကို fashion ကျကျ ဝတ်ဆင်ထားပြီး သူမချစ်သူ လေ့ကျင့်နေစဉ်မှာ သူငယ် ချင်းတွေနဲ့တူ ဓာတ်ပုံတွေ တင်ခဲ့ပါတယ်။

အဲ့ဒီနောက် ချစ်သူနှစ်ဦး ညစာ အတူစားရင်း မွေးနေ့ကိတ်ကို အတူ ခွဲခဲ့ကြပါတယ်။ မွေးနေ့ကိတ်ကိုTyga ရဲ့ ဓာတ်ပုံနဲ့အထူး မှာပေး ထားတယ်လို့ သိရပါတယ်။Kylie  က သူမရဲ့ ချစ်သူကို သူမ ဘယ်လောက်ချစ်လဲဆိုတာ ပရိသတ်တွေသိအောင် သက်သေပြသွားတယ် လို့ ထင်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here