Wednesday, May 6, 2026

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...
HomeNewsFootballအိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း...

အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း ရန်ကုန်သို့ ရောက်ရှိနေပြီး ယနေ့ မြန်မာအသင်းနှင့် ခြေစမ်းပွဲကစားမည်

အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းသည် ရန်ကုန်မြို့သို့ရောက်ရှိနေပြီး ယနေ့ ဇူလိုင်(၉)ရက်၊ ညနေ(၄)နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်း၌ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားသွားမည် ဖြစ်သည်။

အိန္ဒိယ အမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ်က မြန်မာအသင်းနှင့် ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်အဖြစ် ရင်ဆိုင်ဖူးပြီး သုံးဂိုးစီ သရေကျခဲ့ဖူးသည်။

ယမန်နေ့က နှစ်ဖက်အသင်း၏ နည်းပြချုပ်များက ပွဲကြိုစကားပြောကြားခဲ့ပြီး ဇူလိုင် (၉) ရက်နှင့် ဇူလိုင် (၁၂) ရက်တွင် နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယမန်နေ့က ကျင်းပသည့် ပွဲကြိုသတင်းစားရှင်းလင်းပွဲတွင် အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ် လန်ဂန်ချော်ဘာ ဒေဝီ က “ကျွန်မတို့ အသင်းအနေနဲ့ ဒီကိုလာပြီး ခြေစမ်းပွဲ မကစားမီမှာ ဥဇဘက်ကစ္စတန်နဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားလာခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ခြေစမ်းပွဲ (၇) ပွဲလောက် ကစားခဲ့ပြီးပါပြီ။ အသင်းမှာ လူငယ်သွေးသစ် ကစားသမားတွေနဲ့ ဝါရင့် ကစားသမားတွေကို ပေါင်းစပ် ရွေးချယ်ထားပါတယ်။ ဒီခြေစမ်းပွဲနဲ့ပတ်သက်လို့ ပြောရရင်တော့ နည်းပြတိုင်းက အနိုင်ရချင်ကြတာချည်းပါပဲ။ မြန်မာအသင်းဟာ တောင့်တင်းတဲ့ အသင်းကောင်း တစ်သင်းပါ။ ကျွန်မတို့အနေနဲ့ ပြိုင်ဘက် အသင်းအပေါ် လေးစားမှုရှိပေမဲ့ အနိုင်ရလဒ်အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ။”ဟု ဆိုသည်။

အလားတူ မြန်မာအသင်း နည်းပြချုပ် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ် ကီတက်ဆူရို ကလည်း ” ကျွန်တော်တို့ အသင်းအနေနဲ့ မတ်လတုန်းက တစ်ကြိမ် စုစည်းပြီး လေ့ကျင့်ထားခဲ့ပါသေးတယ်။ အခုကစားမဲ့ အိန္ဒိယနဲ့ ခြေစမ်းပွဲ မတိုင်မီမှာတော့ ပြင်ဆင်ချိန် သုံးပတ်ခန့် ရရှိခဲ့ပါတယ်။ အသင်းအနေနဲ့ ဒီနှစ်ထဲမှာ နိုင်ငံတကာပွဲစဉ်တွေ နည်းပါးနေချိန်မှာ အိန္ဒိယလို အသင်းကောင်း တစ်သင်းနဲ့ ခြေ စမ်းပွဲ နှစ်ပွဲ ကစားရမှာဖြစ်လို့ သိပ်ကိုကောင်းမွန်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို တန်ဖိုးထားပြီးတော့လည်း ပြင်ဆင်သွားပါ့မယ်။ ကစားကွက်ကို နောက်တန်းကနေ သေချာပြင်ဆင် တည်ဆောက်ပြီးတော့ ရလာတဲ့ အခွင့်အရေးတွေကို ရှေ့တန်းကနေ အကောင်းဆုံး အသုံးချနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။”ဟု ဆိုသည်။

ထို့နောက် နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနှင့် အိန္ဒိယ အမျိုးသမီး လက်ရွေးစင်အသင်းတို့က Official Training များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – MFF

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးရာ၌ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးသွားမည်ဟု ပြောသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား(၂)ဦးမောင်းနှင်လိုက်ပါလာသောကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉၇/၅ နှင့် ၁၉၇/၆ အရောက် ရှေ့ဘီးပေါက်၍လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူ(၂)ဦး၌ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအားအသုံးပြုမောင်းနှင်နေကြသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ကြံ့ခိုင်မှုအား  လမ်းပေါ်မရောက်မှီ သေချာစွာစစ်ဆေးကြရန်၊ ကုန်တင်ယာဥ်များ တစ်နာရီ ၆၀ ကီလိုမီတာ/ ၄၈ မိုင်နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။                         

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071