Monday, May 4, 2026

မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ မီးပလပ်ခုံအပူလွန်ကဲရာမှမီးလောင်မှုဖြစ် 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ ယနေ့ မေ ၄ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း...

ရန်ကုန်တိုင်း၌ Football For School...

အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့တို့၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အဖြစ် Football For School Program အရ...

လူကူးမျဥ်းကျားမှလမ်းဖြတ်ကူးသည့် မြန်မာအလုပ်သမားညီအစ်မနှစ်ဦးကို ကားတစ်စီးကဝင်တို-က်၍ (၁)ဦး‌ေ-သဆုံးပြီး...

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖီလ်ခရိုင်၊ သီပါရက်လမ်းရှိ လူကူးမျဥ်းကျားမှလမ်းဖြတ်ကူးနေသည့် မြန်မာအလုပ်သမားညီအစ်မနှစ်ဦးကို ကားတစ်စီးကဝင်တို-က်မိခဲ့မှု ယနေ့ မေ ၄ ရက်နံနက် ၆ နာရီကဖြစ်ပွားခဲ့ကြောင်း...

နူးဝပ်ခ်လေဆိပ်အဆင်း ဓာတ်တိုင်နှင့် ကုန်တင်ကားတစ်စင်းကို တို-က်မိ

မေလ ၄ ရက် အီတလီနိုင်ငံ ဗင်းနစ်မြို့မှ ပျံသန်းလာသော ယူနိုက်တက်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် တနင်္ဂနွေနေ့က နူးဂျာစီရှိ နူးလစ်ဘာတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် အဝေးပြေးလမ်းပေါ်ရှိ...
HomeNewsFootballMyanmar National League...

Myanmar National League 2024/ 2025 Week(1) နောက်ဆုံးပွဲစဉ်အဖြစ် အား/ကာသိပ္ပံ အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်

Myanmar National League 2024/ 2025 Week(1) နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ ဇူလိုင်(၈)ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ YUSC ကွင်းတွင် အား/ကာသိပ္ပံအသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မဟာယူနိုက်တက်အသင်း (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ အသင်းနှစ်သင်း၏ ပွဲစဉ်သည် Week(1)နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်ကာ အသင်းအလိုက် အမှတ်ပေး ဇယားရပ်တည်မှုစာရင်း ထုတ်ပြန်လာခြင်းမရှိသေးပေ။

ယနေ့ ပွဲစဉ်တွင် AYA Pay Man of the Match ဆုကို မဟာယူနိုက်တက် အသင်း မှ ကွင်းလယ်ကစားသမား ကျော်စွာမင်း က ရရှိခဲ့ကာ ငွေကျပ် (၃၀၀,၀၀၀)နှင့်အတူ အထိမ်းအ မှတ်ဆုတံဆိပ်အား ပြိုင်ပွဲကြီးကြပ်သူ ဦးဘုန်းညွှန့်က ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အကောင်းဆုံးကစားသမားဆု AYA Pay Man of the Match ကို ပွဲစဉ်တိုင်းတွင် ပေးအပ်ချီးမြှင့်သွားမည်ဟုလည်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ မီးပလပ်ခုံအပူလွန်ကဲရာမှမီးလောင်မှုဖြစ် 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ ယနေ့ မေ ၄ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်တွင်ထားရှိသည့် မီးပလပ်ခုံအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ၊ အနီးဝန်းကျင်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာရီခွဲတွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်ပျက်စီးဆုံးရှုံးပြီး အနီးဝန်းကျင်သို့ကူးစက်လောင်ကျွမ်းခြင်းမရှိခဲ့ဘဲ မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်အား မီးပေါ့ဆစွာအသုံးပြုမှုဖြင့် သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်း၌ Football For School Program အရ ဘောလုံးသင်တန်း ယနေ့ မေ ၄ ရက်တွင်စတင်

အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့တို့၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အဖြစ် Football For School Program အရ ဘောလုံးသင်တန်းကို ယနေ့ မေ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ MFF Futsal Stadium တွင်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

လူကူးမျဥ်းကျားမှလမ်းဖြတ်ကူးသည့် မြန်မာအလုပ်သမားညီအစ်မနှစ်ဦးကို ကားတစ်စီးကဝင်တို-က်၍ (၁)ဦး‌ေ-သဆုံးပြီး (၁)ဦးဒ-ဏ်ရာရခဲ့မှု ထိုင်းနိုင်ငံတွင်ဖြစ်ပွား

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖီလ်ခရိုင်၊ သီပါရက်လမ်းရှိ လူကူးမျဥ်းကျားမှလမ်းဖြတ်ကူးနေသည့် မြန်မာအလုပ်သမားညီအစ်မနှစ်ဦးကို ကားတစ်စီးကဝင်တို-က်မိခဲ့မှု ယနေ့ မေ ၄ ရက်နံနက် ၆ နာရီကဖြစ်ပွားခဲ့ကြောင်း သိရသည်။ သီပါရက်လမ်းအတိုင်း ထိုင်းနိုင်ငံသားမောင်းနှင်လာသောကားသည် လူကူးမျဥ်းကျားမှတစ်ဆင့်လမ်းဖြတ်ကူးနေသည့် Standard Can Co., Ltd. စက်ရုံဝန်ထမ်း မြန်မာအလုပ်သမားများဖြစ်သော မဇွန်နှင်းပဝင်း(၁၉) နှစ်နှင့် မခိုင်ဝေနှင်း(၂၂)နှစ်တို့အားဝင်တို--က်မိခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်မိမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦးသည် တိုက်ခံရသည့်နေရာမှ မီတာ(၅၀)ကျော်လွှင့်စင်သွားကာ မဇွန်နှင်းပဝင်းသည် အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးခဲ့ပြီး မခိုင်ဝေနှင်းသည်လည်း ညာဘက်ခြေထောက်ကျိုးသဖြင့် ထိုင်းနိုင်ငံရှိ လူမှုကူညီရေးအသင်းက ချူလာလောင်ကွန်(၃)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071