မေလ ၄ ရက်
အီတလီနိုင်ငံ ဗင်းနစ်မြို့မှ ပျံသန်းလာသော ယူနိုက်တက်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် တနင်္ဂနွေနေ့က နူးဂျာစီရှိ နူးလစ်ဘာတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် အဝေးပြေးလမ်းပေါ်ရှိ ဓာတ်တိုင်တစ်ခုနှင့် ကုန်ပစ္စည်းပို့ဆောင်သည့် ကုန်တင်ကားတစ်စင်းကို တို-က်မိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အမေရိကန် ဖက်ဒရယ်လေကြောင်းဦးစီးဌာန၏ အဆိုအရ ဘိုးရင်း အမျိုးအစားဖြစ်သော အဆိုပါလေယာဉ်သည် ထိုသို့တို-က်မိခဲ့သော်လည်း လေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်ပေါ်တွင် ထိခို-က်ဒ-ဏ်ရာရရှိသူ မရှိကြောင်းနှင့် ကုန်တင်ကားမောင်းသူမှာမူ မစိုးရိမ်ရသည့် ဒ-ဏ်ရာအနည်းငယ် ရရှိခဲ့သောကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပြီးနောက် ဆေးရုံမှ ပြန်လည်ဆင်းသွားပြီဖြစ်ကြောင်း နးယော့ခ်နှင့် နူးဂျာစီ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၁ ဦးနှင့် လေယာဉ်အမှုထမ်း ၁၀ ဦး လိုက်ပါလာခဲ့သည်။
“ယူနိုက်တက်လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၁၆၉ ဟာ မေလ ၃ ရက်၊ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီဝန်းကျင်က နူးဝပ်ခ် လစ်ဘာတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် ချဉ်းကပ်စဉ်အတွင်း နူးဂျာစီအဝေးပြေးလမ်းပေါ်က ဓာတ်တိုင်တစ်ခုကို တို-က်မိခဲ့ပါတယ်” ဟု အမေရိကန် ဖက်ဒရယ်လေကြောင်းဦးစီးဌာန က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး လေယာဉ်တွင် ပျ-က်စီးမှု အနည်းငယ်ရှိခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ လေယာဉ်သည် နယူးဂျာစီအဝေးပြေးလမ်းပေါ်တွင် တောင်ဘက်သို့ မောင်းနှင်နေသည့် နောက်တွဲပါ ကုန်တင်ကားကြီးတစ်စင်းကို ထိခို-က်ပျ-က်စီးစေခဲ့ကြောင်း သိရသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
