Wednesday, May 6, 2026

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...
HomeNewsFootballအိမ်ရှင် ဂျာမနီ ကွာတားအဆင့်နဲ့...

အိမ်ရှင် ဂျာမနီ ကွာတားအဆင့်နဲ့ ကျေနပ်ခဲ့ရသလို ရော်နယ်ဒိုရဲ့ ပေါ်တူဂီလည်း ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ရှုံးပြီး အိမ်ပြန်ရပြီ

ဂျာမနီမှာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်အဆင့်ပွဲတွေ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာမှာ ခြေစွမ်းထက်နေကာ ဗိုလ်စွဲဖို့ ရေပန်းစားလာတဲ့ စပိန်အသင်းက အိမ်ရှင်ဂျာမနီကို အချိန်ပိုမှာ သွင်းယူခဲ့တဲ့ အသည်းခွဲဂိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။     

ဂျာမနီအသင်းရဲ့ မာမာထန်ထန် ကစားမှုကြောင့် ပွဲဟာ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်အနေနဲ့ အဝါကတ် ၁၇ ကတ် အနီကတ် ၁ ကတ်သုံးကာ ပွဲထိန်းခဲ့တာတွေ့ရပါတယ်။ စပိန်ဘက်က ပက်ဒရိုနဲ့ ဖာဘီယန်ရူးစ်တို့ ဒဏ်ရာရကာ လူစားလဲခဲ့ရတာလည်းဖြစ်ပါတယ်။

ဂိုးတွေကိုတော့ ဒုတိယပိုင်းအရောက်မှာ သွင်းယူခဲ့ကြတာဖြစ်ပြီး ဒုတိယပိုင်း ၅၁ မိနစ်မှာ ကွင်းလယ်လူ အော်လမို ဧရိယာထိပ်က ကန်သွင်းပြီး စပိန်အတွက် ဦးဆောင်ဂိုးစရခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် ဂျာမနီတို့ တိုက်စစ်ကုန်ဖွင့်ခဲ့ပြီး ချေပဂိုးရဖို့ကြိုးစားခဲ့တာကြောင့် ၈၉ မိနစ်မှာ ဝင့်ခ်က ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မိနစ် ၉၀ နဲ့ ပွဲမပြတ်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ကြပြီး အချိန်ပို ၁၁၉ မိနစ်မှာ စပိန်တို့ ဒုတိယဂိုးထပ်ရခဲ့ပါတယ်။ ဦးဆောင်ဂိုးရှင် အော်လမိုရဲ့ ဖြတ်တင်ပေးပို့မှုကို နောက်ခံလူ မိုရီနိုက အပိုင်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ယင်းနောက် ဂျာမနီတို့ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ကြပေမယ့် အချိန်မမီတော့ဘဲ ကွာတားအဆင့်နဲ့ သာ ကျေနပ်ခဲ့ရပြီး စပိန်တို့ ဆီမီးဖိုင်နယ် တက်သွားခဲ့ပါတယ်။

တစ်ဖက်က ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ အမ်ဘတ်ပေရဲ့ ပြင်သစ်တို့ပွဲမှာတော့ နာမည်ကျော်တွေ အစုံအလင်နဲ့ ပွဲထုတ်ကစားခဲ့ကြပြီး အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ပေါ်တူဂီတို့က အခွင့်အရေးကောင်းတွေ ပိုရခဲ့ပြီး ပြင်သစ်နောက်တန်းနဲ့ ဂိုးသမားတို့ အကောင်းဆုံးကာကွယ်နေခဲ့လို့ ဂိုးမရဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးတချို့ ရခဲ့ကြပေမယ့် အဆုံးသတ်ပိုင်း လိုအပ်မှုနဲ့ ဂိုးသမားတွေ ကာကွယ်ခဲ့မှုကြောင့် ဂိုးမရခဲ့ကြပါဘူး။ မိနစ် ၉၀ အပြီး အချိန်ပို ထပ်ကစားခဲ့ပေမယ့်လည်း တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းနိုင်ခြင်း မရှိတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ ၁၆ သင်းအဆင့်မှာ ပင်နယ်တီသုံးလုံး ကာကွယ်ပြီး ပေါ်တူဂီကို ကွာတားတက်စေခဲ့တဲ့ ဂိုးသမား ကော်စတာလည်း ထပ်မကယ်နိုင်တော့ပဲ အရှုံးပေးလိုက်ရပါတယ်။ ပြင်သစ်ဘက်က ကန်သွင်းတဲ့ ၅ လုံးစလုံး ဂိုးဝင်ခဲ့ပြီး ပေါ်တူဂီဘက် ဂျာအိုဖိလစ်ရဲ့ ကန်သွင်းချက် ဂိုးမဝင်ခဲ့လို့ ပေါ်တူဂီတို့ ကွာတားအဆင့်ကပဲ အိမ်ပြန်လှည့်ခဲ့ရပါတယ်။

ဒီပွဲအနိုင်ရခဲ့တဲ့ ပြင်သစ်ဟာ အကြိုဗိုလ်လုပွဲမှာ စပိန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးရာ၌ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးသွားမည်ဟု ပြောသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား(၂)ဦးမောင်းနှင်လိုက်ပါလာသောကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉၇/၅ နှင့် ၁၉၇/၆ အရောက် ရှေ့ဘီးပေါက်၍လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူ(၂)ဦး၌ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအားအသုံးပြုမောင်းနှင်နေကြသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ကြံ့ခိုင်မှုအား  လမ်းပေါ်မရောက်မှီ သေချာစွာစစ်ဆေးကြရန်၊ ကုန်တင်ယာဥ်များ တစ်နာရီ ၆၀ ကီလိုမီတာ/ ၄၈ မိုင်နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။                         

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071