အမျိုးသမီးအဆိုတော် ဆယ်ဦးနဲ့အတူ အချစ်သီချင်းတွေ လွင့်ပျံဦးမယ့် ဖြိုးပြည့်စုံ

0
138

phyo-pyay-sone

ဖြိုးပြည့်စုံဆိုတဲ့ အဆိုတော်ဟာ Melody World သီချင်းဆိုပြိုင်ပွဲကနေအောင် အောင်မြင်မြင် ပေါ်ထွက်လာခဲ့တယ်ဆိုပေမယ့် သူပေါက်ခဲ့တာကတော့

“မျှော်နိုင်သမျှ” ဆို တဲ့ တစ်ကိုယ်တော်အခွေနဲ့ပါ။ သူ့မှာ ထူးခြားကောင်းမွန်တဲ့ အသံပါရမီရှိတယ်။ သီချင်း တစ်ပုဒ်ကိုသေသေသပ်သပ်ဆိုတတ်တယ်ဆိုတာကိုလည်း ပရိသတ်တွေအသိပါ။ အခုချိန်မှာတော့ ဖြိုးပြည့်စုံက ဂီတနဲ့ပတ်သက်လို့ တိတ်တဆိတ်ဖန်တီးနေ တာတစ်ခုရှိပါတယ်။ အဲဒီအကြောင်းကိုသူနဲ့တွေ့တုန်းကဒီလိုပြောပြပါတယ်။

” စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလ၃လမှာ ခရီးတွေ ထွက်ရတယ်။ ခရီးတွေထွက်ရတဲ့အခါ ဒီဘက်ရိုက်ကူးရေးပိုင်းမှာ အားနည်းသွားတဲ့အတွက်နောက်ဆုံးရိုက်ကူးဖို့ တစ်ပုဒ်ကျန်နေသေးတယ်။ ဒီနှစ်ကုန်ဆိုပြီး မျှော်လင့်ထားတာ မဖြစ်နိုင်တော့ဘူး။ နောက်တစ်ချက်ကလည်း ဘာဝင်လာလဲဆိုတော့အခု Valentine’s Day ကို ကျွန်တော်နဲ့အတူ အမျိုးသမီးအနုပညာရှင်ဆယ်ဦးနဲ့ Duet Album တစ်ခုထွက်ဖို့ရှိတယ်။ အဲဒီ Plan လေးဝင် လာတဲ့အခါမှာ ကျွန်တော်အဲဒီဘက်ကို အချိန်ပေးပြီး အားစိုက်လိုက်ရတယ်။ ကျွန်တော့်ရဲ့ Second Audio Album အနေနဲ့ ဖြစ်မှာပေါ့။ ပါဝင်ပေးကြတဲ့ အနုပညာရှင်တွေက ကိုယ့်ထက် သမ္ဘာ၊ဝါကြီးတဲ့အနုပညာရှင်တွေလည်း ပါဝင်တာဆိုတော့ အားလုံးတိုင်ပင်ပြီး၊ အကောင်းဆုံးဖန်တီးပြီးတော့ ဒီ Valentine’s Day အမီ Duet Album လေးထွက်လာမယ်။ အဲဒါပြီးတော့မှပဲ ကျွန်တော့်ရဲ့ မျှော်နိုင်သမျှကို အမ်တီဗီအနေနဲ့ ထွက်ဖြစ်မယ်ထင်တယ်” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။ သူကလတ်တလောမှာတော့ တစ်ချိန်တုန်းကတက္ကသိုလ်တို့လို၊ Ve Ve 20th Anniversary အခွေတို့လို အတွဲ ခွေတွေမှာလည်း ပါဝင်သီဆိုထားပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here